Monday, May 23, 2016

စာသင်သားဘဝ

🔉🔉🔉ကျုပ်တို့ဘဝ🔈🔈🔈

စာဖြေပြီးလို့..ရွာပြန်ရောက်ရင်ဦးဇင်းစာဖြေနိုင်ရဲ့လားဘုရား...
ဖြေနိုင်တယ်ပြောပြန်ရင်လည်း...ဂေဇက်ထွက်လို့မပါရင်....
ညာတယ်လို့ပြောကြပြန်တယ်...မဖြေနိုင်ဘူးပြောပြန်လည်း...
စားမကြိုးစားဘူးဘာညာနဲ့ပေါ့....ခက်တယ်...သိပ်ခက်တယ်
ကျုပ်တို့နေရာခဏဝင်ကြည့်ကြစမ်းပါဗျာ.....

အောင်ချင်တာပေါ့...ရချင်တာပေါ့..ဘွဲ့တွေ...
ရဟန်းဘဝနေရတာလွယ်ထင်ရင်...လာခဲ့စမ်းပါ....
ကျုပ်ပရိက္ခရာစိုက်မယ်ဗျာ....စာအုပ်တွေလည်းလှူမယ်...
လူဘဝကမလွယ်ဘူးဘုရားလို့တော့မပြောနဲ့...
လူဘဝကကာယအားနဲ့လုပ်ရသလို့...ကျုပ်တို့လည်းဦးနှောက်နဲ့
လုပ်နေရတာဘဲဗျ.....ဒုလ္လဘလေးဝတ်ဖုးတာ...တရားစခန်း
လေးဝင်ဖူးတာနဲ့တင်..ဟုတ်လှပြီထင်မနေနဲ့ဗျ....
အဲဒါတွေက...ကျုပ်တို့ကျက်မှတ်နေတဲ့စာတွေကနေစီးဆင်း
လာတဲ့အရာတွေပါဗျာ......

တကယ့်ရဟန်းဘဝကိုသိချင်တယ်ဆိုရင်...စာသင်တိုက်ကြီး
တွေမှာလေ့လာကြည့်စေချင်တယ်...ခင်ဗျားတို့မြင်နေရတဲ့
ကြီးမှဝတ်တဲ့ဖိုးတောတွေနဲ့တော့လာမနိုင်းနဲ့ဗျ...
ကျုပ်တို့ကသူတို့လိုဒကာဒကာမအကြိုက်လိုက်မပြောတတ်ဘူး

ဘာလဲ ...စာသင်နားတဲ့အချိန်ဆော့ကစားတာကိုခင်ဗျားတို့က
အပြစ်မြင်နေတာလား.....မမြင်လိုက်ပါနဲ့နောင်တစ်ချိန်...
ဆရာတော်ကြီးတွေဖြစ်ရင်..ခင်ဗျားတိုဆော့ပါပြောရင်တောင်
မဆော့ပါဘူး...သူများကိုအပြစ်တင်တော့မယ်ဆို...
ကိုယ်တိုင်သူ့နေရာကဝင်ကြည့်ပေးပါ.....
သူများကိုကဲ့ရဲ့တော့မယ်ဆို...သူလျောက်တဲ့လမ်းကို...
မှန်းဆပြီးမှ....အပြစ်တင်နိုင်ပါစေ....ဆန္ဒပြုရင်း...

🔓🔓အောက်ကပညာပေးလေးနဲ့တွဲဖော်ပြပါရစေ🔓🔓

{ တကယ်ကောင်းတဲ့မေးခွန်းလေးတခုပါ }

ဆရာက အဖြူရောင်စက္ကူပေါ်မှာ အနက်ရောင်မှင်စက်လေးတခုကိုချပြပြီး

ကျောင်းသားတစ်ယောက်ကိုမေးတယ် ဘာမြင်လည်းဖြေတဲ့

ကျောင်းသားကလည်း အနက်ရောင်အစက်လေးမြင်ပါတယ်လို့ဖြေတယ်

ဆရာက ဒါပဲမြင်တာလားလို့ ထပ်မေးတယ်

ကျောင်းသားက ဟုတ်တယ် ဒါပဲမြင်ပါတယ်တဲ့

ဒီလိုနဲ့ ဆရာက ကျောင်းသားတွေအားလုံးကိုမေးလိုက်တယ်

ဘာမြင်လည်းဖြေပေါ့ ကျောင်းသားအားလုံးကလည်း

အနက်ရောင်အစက်လေးပဲ မြင်ပါတယ်လို့ဖြေတယ်

အဲဒီမှာဆရာက ကျောင်းသားတွေအားလုံးကိုထပ်ပြီးမေးလိုက်တယ်

ဒီလောက်ကြီးတဲ့ အဖြူရောင် စက္ကူကိုမမြင်ကြပဲ

အနက်ရောင်အစက်ကလေးကိုမှ ဘာလို့မြင်ကြတာလည်းတဲ့

အဲဒီမေးခွန်းလေးကို ကျနော်အရမ်းကြိုက်တယ်ဗျာ

ကျနော်တို့လူ့လောကမှာလည်း လူတစ်ယောက်ရဲ့

အမဲစက်လေးကိုပဲမြင်နေမဲ့အစား

သူ့မှာရှိတဲ့ အဖြူရောင်စိတ်ထားလေးကိုမြင်အောင်ကြည့်ပေးကြမယ်ဆိုရင်

လူ့လောကကြီးဟာ ပျော်ရွှင်စရာကောင်းလာမယ်ဆိုတာ
သေချာပါတယ် ။။

#Copy စာသင်သားလေးများ၏ ဘဝပုံရိပ်

No comments:

Post a Comment