Monday, May 23, 2016

နှိုးဆော်လိုက်ပါတယ် ဝိုင်းရံကြပါစို့

နှိုးဆော်လိုက်ပါတယ် ဝိုင်းရံကြပါစို့
📣📣📣📣📣📣📣📣📣📣📣📣📣📣📣

[ကိုရင်လေးတွေ သာသနာမှာ
လျော့ပါးလာရခြင်းအတွက် ဒကာမတစ်ယောက် ရေးထားတဲ့
ကွန်မန့်လေးကို ဖော်ပြလိုက်ပါသည်။]
®®®®®®®®®®®®®®®®®®®®®®®®®®®®®

သံဃာတစါပါးကို ဆွမ်းခံအိမ် ဆယ်အိမ် ဆယ့်ငါးအိမ်လောက် အနည်းဆုံး ရှိပါတယ်။ ကိုယ့်အိမ်ကို ဆွမ်းခံကြွလာတဲ့ သံဃာအပေါ်မှာ အိမ်တိုင်းက တာဝန်ကျေမယ် ထောက်ပံ့လှူဒါန်းမယ်ဆိုရင် အဆင်မပြေတဲ့ သံဃာဆိုတာ ရှိမှာမဟုတ်ပါဘူး။ ရွာကျော်ပြီး ခဲမပြစ်ကြစတမ်းပေါ့လေ။ အခု ခေတ်က ကျောင်းထိုင်ဆရာတော်မှ နိုင်ငံကျော်ဓမ္မကထိကမှ  BA MA ဘွဲ့ရမှ ဒေါက်တာဘွဲ့ ရမှ စသဖြင့် ရွေးချယ်လှူဒါန်း နေကြတော့ ရှင်သာမဏေ ကိုရင်မျိုးသုဉ်းရေးဝါဒ ကျင့်သုံးနေသလို ဖြစ်နေတယ်လို့ မြင်မိပါတယ်။

လူထွက်သွားသမျှ ကိုယ်တော် လေးတွေကလဲ ရဟန်းငယ်တွေနဲ့ ရှင်သာမဏေလေးတွေ များပါတယ်။ ကျောင်းထိုင်တွေ လက်ထောက်တွေ လူထွက်တာ ဘွဲ့ရပညာတတ် ဓမ္မကထိကတွေ လူထွက်တာ မရှိသလောက် ရှားပါတယ်။ ရှိလဲ တပါးတလေပါ။ ကျွန်မ အမြင်ပြောရရင် လူချမ်းသာ လူဆင်းရဲ အလွှာနှစ်ခု ကွာဟ လွန်းနေသလို ဘုန်းကြီးလောကလဲ ဒီလိုဘဲ ထင်ပါတယ်။ လူဆင်းရဲတွေကို  ဖေးမကူညီသင့်သလို ဦးပဉ္ဇင်းငယ် ကိုရင်ငယ်လေးတွေကို ဂရုတစိုက် လှူဒါန်းသင့်ပါတယ်။

စာချဦးပဉ္ဇင်းလေးတပါးက ရင်ဖွင့်ဖူးပါတယ်။ တနေ့ကို ၄ နာရီစာချရပါတယ်။
ကိုယ့်ဆွမ်းကိုယ်ခံစားပြီး  စာဝါချပေးလာတာ ၇ နှစ် ရှိလာပါပြီ ကွန်ပြူတာ တလုံး မပိုင်ပါဘူးတဲ့။ ဖုန်းတောင်ရွာက သီးနှံအဆင်ပြေတဲ့
အခေါက်နဲ့ တိုးလို့ ဝယ်ထားရတာ။ အရမ်း ကိုင်ချင်လို့ သင်္ကန်းအကောင်းစား
နှစ်စုံတောင် မဝတ်ရက်ဘဲ စိုက်ထည့်ပြီးမှ ဝယ်ထားရတာ ဖုန်းကိုင်လို့
မကြည်ညိုနိုင်ရင် ဒကာမကြီးတို့ သဘောပါဘဲ။

လူထွက်ပေးဆိုလဲ ထွက်ပေးပါ့မယ်တဲ့။ ကိုယ်တွေဖြင့်စိတ်တောင် မကောင်းဘူး။ နောက်တော့ ကိုယ်တွေလဲ ဘယ်ဘုန်းကြီး ဖုန်းကိုင်ကိုင် အပြစ်မပြောတော့ပါဘူး။ အမှန်တကယ် ထိထိရောက်ရောက် သာသနာ ပြုချင်ရင် ကိုရင်ငယ် ဦးပဉ္ဇင်းငယ်လေးတွေရဲ့ ရင်ဖွင့်သံကို  နားထောင်ကြပါ။ ဓမ္မကထိက ဆရာတော်ကို ဆယ်သိန်းလှူဒါန်းနိုင်ပြီး စာချသံဃာ စာသင်သံဃာ ဆွမ်းခံသံဃာကို တစ်သောင်းမလှူဒါန်းနိုင်သော လွဲမှားသည့် ပကာသနမက် သာသနာထောက်ပံ့နည်းမျိုး ရှောင်လွှားနိုင်ကြပါစေ။ စာချ စာသင် ကိုရင် ဦးဇင်း မရှိရင် နိုင်ငံကျော်ဓမ္မကထိက
ဆရာတော်နဲ့ ကျောင်းထိုင်ဆရာတော်
ဆိုတာရှိလာမှာ မဟုတ်ပါဘူး။ ကိုရင် ကွယ်ပျောက် ဦးဇင်းကွယ်ပျောက်သော်
နိုင်ငံကျော် ဓမ္မကထိကဆရာတော်နဲ့
ကျောင်းထိုင်ဆရာတော်တွေလဲ ကွယ်ပျောက်ရမှာမို့ စာသင်တိုက်နဲ့ ရဟန်းသံဃာငယ်တွေကို ဝန်းရံကြပါစို့.....။

credit- မြနန်းဆရာတော်

No comments:

Post a Comment