Sunday, May 22, 2016

“ ဗုဒ္ဓဘာသာအပေါ်မီဒီယာများ ၏ မဟုတ်မမှန် လုပ်ကြံရေးသားမှုများကို သုံးသတ်ခြင်း ”

“ ဗုဒ္ဓဘာသာအပေါ်မီဒီယာများ ၏ မဟုတ်မမှန် လုပ်ကြံရေးသားမှုများကို သုံးသတ်ခြင်း ”
🎞🎞🎞🎞🎞🎞🎞🎞🎞🎞🎞🎞🎞🎞🎞🎞

(သီရိလင်္ကာနိုင်ငံ၊ကိုလံဘိုမြို့တွင်ကျင်းပသည့် “ Word Theravada Buddhist Samgha Council  (WTBSC) ” အဖွဲ့ကြီးဖွဲ့စည်းခြင်းနှင့် ကမ္ဘာ့ထေရ၀ါဒ ဗုဒ္ဓဘာသာ ရဟန်းတော်များ ညီလာခံ ကြီးတွင် ဖတ်ကြားသည့် စာတမ်း)

ဒီနေ့အခမ်းအနားကြီးကို ကြွရောက်လာကြတဲ့ ထေရ၀ါဒနိုင်ငံများမှ သံဃာတော်များနဲ့ အခြား သော ဧည့်သည်တော်များအားလုံး ကိုယ်-စိတ်နှစ်ပါး ချမ်းသာ ကျမ္မာကြပါစေလို့ ဦးစွာ ဆုမွန်တောင်း တ မေတ္တာတော်ပို့သအပ်ပါတယ်ဘုရား။

ဒီနေ့  သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ Grand Oriental ဟိုယ်ကြီးရဲ့ Rain Bow ခန်းမဆောင်ကြီးမှာကျင်းပတဲ့ “ Word Theravada Buddhist Samgha Council  (WTBSC) ” အဖွဲ့ကြီးဖွဲ့စည်းခြင်းနဲ့ ကမ္ဘာ့ထေရ၀ါဒ ဗုဒ္ဓဘာသာ ရဟန်းတော်များ ညီလာခံ ကြီးမှာ“ ဗုဒ္ဓဘာသာအ ပေါ်မီဒီယာများ ၏ မဟုတ်မမှန် လုပ်ကြံရေးသားမှုများကို သုံးသတ်ခြင်း ”ခေါင်းစဉ်နဲ့ တင်ပြသွားမှာဖြစ်ပါတယ်။

ကမ္ဘာ့လူသားများ အများဆုံး ကိုးကွယ်နေကြသည့် ဘာသာကြီးများဖြစ်တဲ့“ဟိန္ဒူဘာသာ ၊ဗုဒ္ဓဘာသာ၊ခရစ်ယာန်ဘာသာ၊အစ္စလာမ်ဘာသာ” ဆိုသော ဘာသာကြီး လေးရပ်တို့တွင် ခရစ်ယာ န်ဘာသာသည် သန်း -၂၀၀၀ ထောင်ကျော်ရှိပြီး ကမ္ဘာ့လူဦးရဲ့ ၃၃-ရာခိုင်နှုန်းကျော်ရှိပါတယ်။

အစ္စလာမ်ဘာသာသည် သန်း ၁၃၀၀ ကျော်ရှိပြီး ကမ္ဘာလူဦးရေရဲ့ ၂၂- ရာခိုင်နှုန်းကျော် ရှိပါ တယ်။ ဟိန္ဒူဘာသာသည် သန်း ၉၀၀ ကျော်ရှိပြီး ကမ္ဘာ့လူဦးရေ ၏ ၁၅-ရာနှုန်းရှိပါတယ်။ ဗုဒ္ဓဘာသာသည် သန်း-၃၆၀ ရှိပြီး ကမ္ဘာ့လူဦးရေး၏ ၆- ရာခိုင်နှုန်းမှုသာ ရှိပါတယ်။  ထေရ၀ါဒ မဟာယာန ပေါင်းမှ ၆- ရာခိုင်းရှိခြင်းဖြစ်ပါတယ်။

ဘုရားတပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ ကမ္ဘာပေါ်မှာ လူနည်းစုသာဖြစ်ပါတယ်ဘုရား။ “အားနည်းသောသူကို အားကြီးသောသူများက အနိုင်ကျင့်ကြသည့် လောကနိယာမသဘောတရား အတိုင်း ” အင်အားတောင့်တင့်ကြသည့် ဘာသာခြားများက တပည့်တော်တို့ ဗုဒ္ဓဘာသာအပေါ် နည်းအ မျိုးမျိုးနဲ့ အနိုင်ကျင့်လာကြပါတယ်။

ရှေးယခင်က တစ်နိုင်တစ်ငံ ဒါမှမဟုတ် ဘာသာတရားတစ်ခုအပေါ်ကို ကျူးကျော်လို့သ ည့်အခါ  လူအင်အား၊ လက်နက် စစ်အင်အင်တွေနဲ့ ကျူးကျော် သိမ်းပိုက်ခဲ့ကြပေမယ့်လည်း ယခုလို လူ့ယဉ်ကျေးမှု ထွန်းကားလာသည့် ၂၁-ရာစုကာလမှာတော့ လက်နက်စစ်အင်အားနဲ့ ပေါ်ပေါ်တင်တင် ကျူးကျော်လို့မရတော့သည့်အတွက် အလွန်သိမ်မွေ့သည့် နည်းလမ်းများကို အသုံးပြုပြီး  အနိုင်ကျင့်ကျူးကျော်လာကြပါတယ်။ ထိုနည်းလမ်းများထဲမှာ  “မီဒီယာလ က်နက်” သည်လည်း အဓိက နေရာက ပါဝင်လာတဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။

“Media သည် Meddel ”ကျရပါမည်။ မီဒီယာဟူသည် တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ခု သို့မဟုတ် နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုမရပါ။ ထို အဖွဲ့အစည်း နိုင်ငံရဲ့ ၀ါဒဖြန့်သူ သြဇာခံ မဖြစ်ရပါ။ အရှိကိုအရှိအတိုင်း အမှန်ကို အမှန်အတိုင်း စတုတ္ထမဏ္ဍိုင်ပီပီ အရှိတရား အမှန်တရားအတိုင်းသာ ပုံဖော်ရေးသားရပါမည်။ ထိုသို့မဟုတ်ဘဲ ငွေကြေးအတွက်သော်လည်း ကောင်း ဘာသာတရားအတွက်သော်လည်ကောင်း ဘက်လိုက် ရေးသားမည်ဆိုပါက “ မီဒီယာ အဆိပ်” နဲ့ပြည်သူတွေကိုလမ်းလွဲ၊လမ်းမှားရောက်အောင် ကမ္ဘာကြီးကို မညိမ်မသက်ဖြစ်အောင် အဆိပ်ခတ်လုပ်ကြံမှုသာဖြစ်ပါတယ်။

မြတ်ဗုဒ္ဓဒေသနာတော်မှာ “မုသာဝါဒေါ ၀ိသံဝါဒဿ လောကဿ” ဆိုတာရှိပါတယ်။ အဓိပ္ပါ ယ်ကတော့ “  မဟုတ်မမှန် လိမ်လည်လှည့်စားပြောဆိုခြင်း ရေးသားခြင်းဆိုသည့် မုသာဝါဒသည်၊ လောကကမ္ဘာကြီ ကို လမ်းလွဲ၊လမ်းမှားသို့ ရောက်စေ၏” ဟူ၍ပင်ဖြစ်တယ်။ အခုလည်း Meddle မကျသည့် Media များကြောင့် သို့မဟုတ် မီဒီယာ မပီသသည့် မီဒီယာများကြောင့် ကမ္ဘာကြီးတစ် ခုလုံးဟာ အမှန်ကို အမှန်ထင် အမှန်ကိုအမှားထင် လမ်းလွဲ၊လွမ်းမှားကိုရောက်နေကြပါတယ်ဘုရား။

ဒီနေရာမှာ ဥပမာအနေနဲ့ ဘုရားတပည့်တော်တို့မြန်မာနိုင်ငံက အဖြစ်အပျက်အချို့ကို တင်ပြချင်ပါတယ်။  ၂၀၁၃ ခုနှစ် မေ  လ နောက်ဆုံးပတ်ထဲမှာ မြန်မာပြည်မြောက်ပိုင်းက လာရှိုးမြို့မှာ ပဋပက္ခတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ပဋိက္ခဖြစ်ခြင်းရဲ့ အကြောင်းရင်းကတော့ ၂၀၁၃ ခုနှစ် မေလ (၂၈) နေ့မှာ အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦးက လမ်းဘေးမှာ စက်သုံးဆီရောင်းနေတဲ့ မအေး အေးဝင်းဆိုသည့် အမျိုးသမီးကိုယ်ပေါ်ကို အကြောင်းမဲ့ ဓါတ်ဆီလောင်းချ မီးရှို့ခဲ့လို့ ပဋိပ က္ခဖြစ်ပွားရခြင်းဖြစ်ပါတယ်။

ထိုအစ္စလာမ်ဘာသာဝင်အမျိုးသား ဟာ ပဋိက္ခဖြစ်စေရန်ရည်ရွယ်ချက်နဲ့ မန္တလေး၊ ပြင်ဦးလွင်စသည့်မြို့များမှာလည်း အလားတူပြဿနာမျိုးပြုလုပ်ပြီး ပဋိပက္ခဖြစ်စေရန် လုပ်ဆောင်ခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ လာရှိုးမြို့ရောက်မှသာ လမ်းဘေးက စက်သုံးဆီရောင်း နေတဲ့ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို အကြောင်းမဲ့ ဓါတ်ဆီလောင်း မီးရှို့ပြီး ပဋိက္ခဖြစ်အောင် ပြုလုပ်လုပ် ခြင်းဖြစ်ပါတယ် ။

ထိုပဋိပက္ခအကြောင်းကို မီဒီယားများတွင် ဖော်ပြသည့်အခါမှာ ဖြစ်ရပ်မှန်နဲ့ ဆန့်ကျင်ကွဲလွဲစွာ တစ်ဖက်သတ်ရေးသားကြပါတယ်၊ အကြောင်းမဲ့ မီးရှို့ခံရသူဗုဒ္ဓဘာသာဝင်အမျိုးသမီးကပင် မှားသယောင် ဘက်လိုက်ရေးသား ခဲ့ပါတယ်။ မီလောင်ဒဏ်ယာဖြင့်ဆေးရုံတက်နေစဉ်အတွင်း ဖြစ်ရပ်မှန်အတိုင်း မှန်မှန်ကန်ကန်ဖြေ ဆိုပေးခဲ့ပေမယ့် သတင်းရေးသည့်အခါ ပြောင်းပြန်လုပ်ရေးသားခဲ့ကြောင်းကို မီးရှို့ခံရသူ မအေးအေးက မိမိတို့ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့ကြီးသို့ တိုင်ကြားခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

ထို့အတူ မိမိတို့မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်တို့အခြား ဖြစ်ပွားခဲ့တဲ့“ရခိုင်ပြည်နယ် ပဋိပက္ခ၊ မိတ္ထီလာပဋိပက္ခ”စတဲ့ဖြစ်စဉ်တွေမှာလည်း မီဒီယာများ၏ ဗုဒ္ဓဘာ သာအပေါ် တစ်ဖက်သတ် စွတ်စွဲပုတ်ခပ်ပြီး ကမ္ဘာ့အလည်မှာ ဗုဒ္ဓဘာသာဝင်များအပေါ် သိက္ခာ ကျအောင် နာမည်ပျက်အောင် မီဒီယာလက်နက်နဲ့ တဖက်သတ်တိုက်ခိုက်ရေးသားခဲ့ကြပါတယ်။

မီဒီယာတို့သည် ဗုဒ္ဓဘာသာ သိက္ခာကျအောင် မဟုတ်မမှန်လုပ်ကြံရေးသားကြပေမယ့် ဗုဒ္ဓဘာသာခေါင်းဆောင် သံဃာတော်များရဲ့ အများအကျိုးဆောင်ရွက်မှုကို မသိကျိုးကျွန်ပြုပြီး နေကြပါတယ်။

မဘသ အဖွဲ့ကြီးရဲ့ ဦးဆောင်ဆရာတော်တစ်ပါးလည်းဖြစ် စာသင်သားသံဃာ ၃၀၀၀ ကျော်ရှိတဲ့ မစိုးရိမ်ကျောင်းတိုက်ရဲ့ စာချ၊နာယကတပါးဖြစ်သည့် ဆရာတော်ဦးဝီရသူ ကို အမေရိကန်အခြေ စိုက် Time မဂ္ဂဇင်းကြီးက “ The Face of Buddhist Terroist” ဟုခေါင်းစဉ်းတပ်ပြီး မဟုတ်မမှန် ရေးသားခဲ့ပါတယ်။

ဆရာတော်ဦးဝီရသူသည် သံဃာပေါင်း ၃၀၀၀ ကျော်ရှိတဲ့ မစိုးရိမ်ကျောင်းတိုက်ကြီးမှာ နေ့စဉ် စာသင်သားသံဃာတော်တွေကို စာသင်ပေးနေတဲ့ စာချဆရာတော်တစ်ပါးဖြစ်တဲ့အပြင် ဆင်းရဲ့ချို့တဲ့သည့် ဗုဒ္ဓဘာဝင်များကို ကူညီထောက် ပန့်ပေးခြင်း၊ ကျောင်းထားပေးခြင်း၊စသည့် အစိုးရပင် မလုပ်နိုင်သည့် အလုပ်တို့ကို လုပ်ဆောင် နေတဲ့ အေးချမ်းမှုကိုလိုလားသည် ဘုရားသားတော်တပါးဖြစ်ပါတယ်။

ထို့ကဲ့သို့ လောက္ထ စရိယ၊ဉာတ္ထစရိယဆိုသည့် မြတ်ဗုဒ္ဓ၏လမ်းစဉ်အတိုင်းအတိုင်း လိုက်နာကျင့်သုံးနေသည့် လက်နက်မ ဆိုထားဘိ သွားကြားထိုးတံလိုဒုတ်ချောင်းပင်မရှိသည့် မေတ္တာသမား ပရိဟိတသမား ဘုရားသား တော်တစ်ပါးကို “ The Face of Buddhist Terroist” ရိုင်းစိုင်းစွာ စွတ်စွဲပုတ်ခတ်လိုက်ခြင်းက မီဒီယာတို့၏ အကောက်ကြံမှုကို ထင်ရှားပေါ်လွင်စေပြီး မီဒီယာတို့၏ နောက်ကွယ်က ထိန်းချုပ်မှုကို မေးခွန်းထုတ်စရာဖြစ်လာစေပါတယ်။

ဘုရားတပည့်တော်တို့ “အမျိုးဘာသာ၊သာသနာ စောင့်ရှောက်ရေး  (မဘသ) အဖွဲ့ကြီး” ဟာမီဒီယာတို့ရဲ့ လုပ်ကြံမှု ခြိမ်းခြောက်မှုကို အခံရဆုံးသောအဖွဲ့ကြီးဖြစ်ပါတယ်ဘုရား ။ မဘသ အဖွဲ့ကြီးနဲ့ ပတ်သက်လို့ မဟုတ်မမှန် လုပ်ကြံသတင်းမှားတွေ ရေးသား ထုတ်လွှတ်ပြီး ဗုဒ္ဓဘာာကို သိက္ခာ ချနေပေမယ့် မြန်မာပြည်အနှံ့အပြားဖြစ်ပေါ်နေ ဖြစ်ပေါ်ခဲ့တဲ့ ရေဘေး၊မီးဘေးလို သဘာဝေ ဘးအန္တရာယ်တို့ကြောင့် ဒုက္ခရောက်နေကြတဲ့ ဗုဒ္ဓဘာသာဝင်အပါအ၀င် ဘာသာပေါင်းစုံ လူမျိုး ပေါင်းစုံကို အမေရိကန် သန်းပေါင်းမြောက်များစွာအကုန်ကျခံ ထောက်ပန့်လှူဒါန်းနေမှု၊ ကုန်ကျစရိတ် များပြားလွန်တဲ့ ဗုဒ္ဓဘာသာအခြေပြု ကိုယ်ပိုင်အထက်ကျောင်းတွေတည်ထောင်ခြင်း၊ ယဉ်ကျေးလိမ္မာ သင်တန်းပို့ချခြင်းများကိုတော့ သတင်းရေးခြင်းသတင်းလွှင့်ခြင်း အလျှင်းမရှိဘဲ သတင်းအမှောက်ချ ထားကြပါတယ်။

ဗုဒ္ဓဘာသာဝင်များဟာ မသမာသော မီဒီယာ မပီသတဲ့မီဒီယာများကြောင့် ခံလည်းခံရ နာလည်းနာရ နာမည်းလည်းပျက်ဆိုသလိုဖြစ်နေပါတယ်။

ဘုရားတပည့်တော်တို့ မဘသ အဖွဲ့ကြီးသည် “ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း လူမျိုးရေး၊ဘာသာရေးများ၌ အကြမ်းဖက် ပဋိပက္ခများ မဖြစ်ပေါ်စေရန် အသိပညာပေးစည်းရုံး ကာကွယ်တားဆီးနိုင်ရေး၊ နိုင်ငံသူ/သား အားလုံးအပြန်အလှန်ချစ်ကြည်လေးစားလျှက် စည်းကမ်း တစ်ကျညီညီညွတ်ညွတ် ငြိမ်းချမ်းစွာနေထိုင်နိုင်ရေး” ဟူ၍ အခြေခံများ မူဝါဒများ ချမှတ်ဆောင်ရွ က်နေပါသော်လည်း မီဒီယာများက မဘသ အဖွဲ့ကြီးကို အစွန်ရောက်အသွင် သူခိုးကလူဟ စ်ပြီးလုပ်ကြံရေးသားနေကြပါတယ်ဘုရား။

မြန်မာအပါအ၀င် ဗုဒ္ဓဘာသာဝင်များအပေါ် မီဒီယာများ၏ လုပ်ကြံရေးသားမှုများတွေဟာ တမင် သက်သက် ဗုဒ္ဓဘာသာ၏ ဂုဏ်သိရ်သတင်း မှေးမိန်အောင်ပြုလုပ်နေခြင်းဖြစ်တယ်ဆိုတာ သိသာထင် ရှားလှပါသည်။ မီဒီယာများကို တစ်စုံတစ်ခုသော အသိုင်းအ၀န်းက  လက်နက်သ ဖွယ်အသုံးချပြီး ဗုဒ္ဓဘာသာကို တိုက်ခိုက်ခိုင်းနေသည်မှာ သံသယဖြစ်ဖွယ်မရှိပါဘူး။

ထိုမီဒီယာများ၏ အကောက်ကြံမှု ဗုဒ္ဓဘာသာအပေါ် မီဒီယာလက်နက်ဖြင့် အကြမ်းဖက်နေမှု များကို ဘုရားတပည့်တော်တို့ ထေရ၀ါဒ အပါအ၀င် ဗုဒ္ဓဘာသာဝင်အားလုံးတို့အနေနဲ့  “ဓမ္မ၀ိနယ နဲ့ အညီ” တွန်းလှန် ပယ်ရှားသွားရန်အထူးလိုအပ်လှပါကြောင်း အကြံပြုလျှောက်ထားရင်း နိဂုံးချုပ်အပ်ပါသည်ဘုရား………။

“သုခိတာ အဟောထ၊ ဒုက္ခာမုဉ္စထ၊ ချမ်းသာမှန်သမျှ ပြည်ဝကြပါစေ၊ ဆင်းရဲဟူသမျှ ဝေးကွာကြပါစေ”

ဓမ္မ၀ီရ ဒေါက်တာအရှင်တေဇနိယ

No comments:

Post a Comment