***
မိန်းမတစ်ယောက်ကို တကယ်ချစ်ရင်
အတိတ်ကိုမကြည့်နဲ့ အနာဂါတ်ကိုပဲကြည့်
သူအရင်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့
ကိုယ့်ရင်ခွင်ရောက်ရင် သူဟာဘုရင်မပဲ~~~~
မိန်းမတစ်ယောက်ကို တကယ်ချစ်ရင်
အပျိုစစ်ရဲ့လား မစစ်လား ဘယ်တော့မှမတွေးနဲ့
တကယ်တမ်းတွေးနေတဲ့ကောင်တွေက
အိပ်-စား-ကာမ ဘက်ကို အလေးသာနေတဲ့သူတွေ
ဥပမာ--သူများမကြိုက်လို့စွန့်ပစ်ခဲ့တဲ့စာအုပ်ဟာ
ဘယ်လောက်ပဲ စုတ်ပြတ်သတ်နေပါစေ
ကိုယ်မဖတ်ရသေးရင် အသစ်ပဲလေ
ကိုယ့်လက်ထဲမှာသာ ထပ်ပြီးမစုတ်ပြဲအောင်
ဂရုစိုက်~~~~~~
မိန်းမတစ်ယောက်ကို တကယ်ချစ်ရင်
သမီးရည်းစားဘဝမှာ ဘယ်တော့မှမလွန်ကျူး
မိစေနဲ့- မတော်တဆ အကြောင်းမတိုက်ဆိုင်လို့
မညားခဲ့ရင် မိန်းကလေးဘဝ တအားနစ်နာတယ်
ကိုယ့်ညီမ ကိုယ့်အမနဲ့ ကိုယ်ချင်းစာကြည့်~~~
မိန်းမတစ်ယောက်ကို တကယ်ချစ်ရင်
လက်မထပ်ခင်အချိန်မှာ ဘဝတစ်ခုအတွက်
ပလန်ချ ထားနိုင်ရမယ်
ဒါမှ လက်ထပ်ပြီး မပူမပင်နဲ့ရှာဖွေကျွေးမွေး
နိုင်မယ်~~~~
မိန်းမတစ်ယောက်ကို တကယ်ချစ်ရင်
ကိုယ့်စိတ်အာသာတစ်ခုအတွက်နဲ့
သူတို့ဘဝကို ဘယ်တော့မှမဖျက်စီးနဲ့
မတော်တဆ စိတ်မထိန်းနိုင်လို့ လွန်ကျူးမိခဲ့ရင်
လည်း လက်ထပ်ယူနိုင်ရမယ်
ဒါဆိုရင်တော့ အဲ့ကောင်
ယောကျာ်းကောင်းတစ်ယောက်ပဲ~~~~~
သူသူဟိန်း
No comments:
Post a Comment