Wednesday, May 4, 2016

ဘုရားသာသနာကို ဖျက်မည့်တရားခံအစစ်က ဘုရားသားတွေတွေသာ ဖြစ်တယ်ဆိုပြီး တွင်တွင်ကျယ်ကျယ်ပြောဆိုရေးသားနေကြတာတွေ

ဘုရားသာသနာကို ဖျက်မည့်တရားခံအစစ်က
ဘုရားသားတွေတွေသာ ဖြစ်တယ်ဆိုပြီး
တွင်တွင်ကျယ်ကျယ်ပြောဆိုရေးသားနေကြတာတွေ
တွေ့နေရတယ် ၊

ဒါက အမျိုးမျိုးရှိပါတယ် ၊
ဘာသာရေးအရ ရဟန်းတော်တွေကို
ဖိနှိပ်ချင်တာတွေလည်းပါတယ် ၊
အမျိုးသားရေးအရ ဖိနှိပ်ချင်တာတွေလည်းပါတယ် ၊
နိုင်ငံရေးအရ ဖိနှိပ်ချင်တာတွေလည်း များ ပါတယ် ၊

သာသနာဆိုတာ ဘုရားအဆုံးအမကို ခေါ်တယ် ၊
ဘုရားအဆုံးအမတွေကို ဘယ်သူတွေ
ကျင့်သုံးတာလဲ ၊
ဘုရားသားတော်တွေပါ ၊

ဘုရားအဆုံးအမတွေကိုလိုက်နာ ကျင့်သုံးနေတဲ့
ဒီဘုရားသားတော်တွေက ဘယ်မှာနေကြတာလဲ ၊

အေးချမ်း တည်ငြိမ်တဲ့
ကျောင်းအိပ်ရာ၊ နေရာ ၊

ဒီတော့
၁ ။ ဘုရားအဆုံးအမတွေကိုလိုက်နာကျင့်သုံးနေတဲ့
ရဟန်း ၊
၂ ။ အဲ့ဒီရဟန်း သီတင်းသုံးတဲ့ နေရာ ဆိုပြီး
နှစ်မျိုးထွက်လာတယ် ၊

ဘာနဲ့ရှင်းမလဲဆိုရင်
ဘုရားအဆုံးအမတွေကို လိုက်နာကျင့်သုံးတဲ့
တရားက အဇ္ဈတ္တ သာသနာ ၊
အတွင်း သာသနာ ၊
သီလ သမာဓိ ပညာ ၊

ရဟန်းတော်တွေသီတင်းသုံးနေထိုင်တဲ့နေရာက
ဗဟိဒ္ဓ သာသနာ ၊
အပြင်သာသနာ ၊
တည်ငြိမ်အေးချမ်းတဲ့နေရာ ၊

ဒီတော့ ဘုရားအဆုံးအမကို လိုက်နာကျင့်သုံးတဲ့
ရဟန်းသည် ဗဟိဒ္ဓလို့ ခေါ်ဆိုအပ်တဲ့ တည်ငြိမ်အေးချမ်းတဲ့ နေရာ မရှိရင် ဘုရားသားတော်ဆိုတာ
ရှိလာမှာမဟုတ်ပါဘူး ၊

တည်ငြိမ်အေးချမ်းတဲ့ နေရာမရှိမှတော့
ဘုရားသားတော်ဆိုတာလည်း ရှိလာ
အကြာင်းမရှိဘူး ၊

လောကမှာ အမှီဆိုတာရှိတယ် ၊
အမှီမရှိပဲနဲ့ ဘယ်အရာမှ ရပ်တည်လို့မရဘူး ၊

သူတို့ပြောသလို
ဘုရားသာသနာကို ဘုရားသားတွေတွေကပဲ
ဖျက်စီးကြလိမ့်မယ်ဆိုတာက ၊
ကိုယ်ကျင့်တရားကိုပြောတာပါ ၊
ကိုယ်ကျင့်တရားဆိုတာ ကိုယ့်သဒ္ဓါတရားအပေါ်မှာ
မူတည်ပါတယ် ၊ ကိုယ်ကသဒ္ဓါတရားတက်တဲ့အခါ
ကိုယ်ကျင့်တရားကို အပြည့်အဝ
လိုက်နာကြလိမ့်မယ် ၊
သဒ္ဓါတရားကျတဲ့အခါ ကိုယ်ကျင့်တရား
လျော့ပါးတာမျိုး ရှိကောင်းရှိမယ် ၊
ပုံမှန်တွက်လို့မရဘူး ၊ ဒါကို
အတွင်းသာသနာလို့ခေါ်တယ် ၊
ကိုယ်ကျင့်သီလတရားသည် ကျင့်သုံးသူရဟန်းတော်
များရဲ့ တစ်ဦးချင်းစီမှာ သက်ဆိုင်ပါတယ် ၊

အပြင်သာသနာလို့ခေါ်ဆိုအပ်တဲ့ နေရာဌာန
တည်ငြိမ်အေးချမ်းမှုသည် အများနှင့်
သက်ဆိုင်ပါတယ် ၊

ဒီတော့  အတွင်းအဇ္ဈတ္တ ၊
ကိုယ်ကျင့်တရားစောင့်ထိန်းမှူလိုသလို
အပြင်ဗဟိဒ္ဓ ၊ အမှီနေရာ တစ်ခု အေးချမ်းဖို့လည်း
လိုအပ်ပါတယ် ၊

နိုင်ငံတစ်ခု ၊ နေရာတစ်ခု မတည်ငြိမ်ရင်
လောကီအလုပ်ပဲဖြစ်ဖြစ် ၊ လောကုတ္တရာအလုပ်ပဲ
ဖြစ်ဖြစ် ဘယ်အလုပ်ဖြစ်ဖြစ်
အောင်မြင်မှာမဟုတ်ပါဘူး ၊

သူတို့ပြောသလို ဘုရားသာသနာကို
ဖျက်ဆီးမည့်တရားခံအစစ်က ဘုရားသားတော်တွေပဲ
ဆိုတဲ့ ပြောဆိုမှုဟာ တဖက်ကိုသာကြည့်တတ်တဲ့
လူ့အတ္တသမားတွေရဲ့ အမြင်တစ်ခုသာ
ဖြစ်တယ်လို့ ပြောချင်ပါတယ် ။

ဗုဒ္ဓသာသနံ စိရံ တိဌတု ၊

အရှင်သောပါက ၊ ပြင်ဦးလွင်

No comments:

Post a Comment