အလင်းထဲကလာသူ အလင်းရောင် သို့မဟုတ် ဦးသိန်းစိန်
===============================
စိုးမြင့်သိန်း
နိဒါန်းလိုအပ်ခြင်း၊ ခင်ပွန်းကြီး ၁ဝ ပါး ကန်တော့ခြင်း
၁၉၇၄၏ ဇွန်လဆန်း မိုးရေတွေကြားထဲမှ ပဲခူးရိုးမတောနက်ကြီးထဲမှ တပ်မတော်က ကျွန် တော့်ကိုကယ်ခဲ့သည်။ ဗကပသောင်းကျန်းသူ ဘဝနှင့် နိဂုံးချုပ်တော့မည့်ဆဲဆဲ အရှင်ဖမ်းမိသူ အားမညှဉ်းဆဲမသတ်ဖြတ်ဘဲ ရန်ကုန်မြို့မိဘများအိမ်သို့ပြန်ပို့ပေးခဲ့သည်။ တောင်ငူထောင်ထဲလေး နှစ်သွားရမည့်ကိန်း(အမှု)ကိုလည်း ပိတ်သိမ်းပေး ခဲ့သည်။ ထို့ကြောင့်တပ်မတော်သည် ကျွန်တော်၏ခင်ပွန်းကြီး၁ဝပါးစာရင်းဝင် ကျေးဇူးရှင်။ ကျေးဇူးရှင်ကိုကျေးစွပ်(ကျေးဇူးကန်း)တဲ့ အလုပ် ကျွန်တော်ဘယ်တော့မှမလုပ်။ ၁၉၈၈ အရေး အခင်းကြီးထဲ 'တို့အရေး' တစ်ခွန်းဝင်မအော်။ြီူ အပါအဝင် ဗကပယောင်ယောင်များနှင့် လုံးဝလမ်းခွဲပြီး လမ်းဘေးမှာအထီးတည်းစာအုပ် ဟောင်း ရောင်းစားနေခဲ့သည်။ ဘယ်ပါတီထဲမှဝင် မရှုပ်သွားမရှုပ်။ လာစည်းရုံးလျှင်လည်းမောင်း ထုတ်လိုက်သည်။ ထို့ကြောင့် ကျွန်တော့်အား လူမုန်းများသည်။ ကိစ္စမရှိပါ။ ကျွန်တော် တပ်မတော် ဆန့်ကျင်ရေးစိတ်နှင့်တောင်မပြစ်မှား ပါ။ အရေးအခင်းကာလထဲ မြေနီကုန်းပဒုမ္မာကွင်း မှာ ဗိုလ်မှူးချုပ်(ဟောင်း)အောင်ကြီး အင်းစိန် ထောင်မှထွက်လာလာချင်း တပ်မတော်ကို စိတ်နဲ့ တောင် မပြစ်မှားကြနဲ့ဟု ပြောဟောလိုက်တာ ကျွန်တော်မမေ့။ သဘောတူသည်။
တစ်ခါ သက္ကရာဇ် ၂ဝ၁၃ ပြည်ထောင်စုနေ့ စဉ်သတင်းစာပေါ်လာတော့ လမ်းဘေးဈေးသည် ဘဝမှ ကျွန်တော်အယ်ဒီတာ(ဆောင်းပါးရှင်)ဖြစ် လာသည်။ ဒါလည်းတပ်မတော်ကျေးဇူး။ တပ်မ တော်သည် ကျွန်တော်၏ခင်ပွန်းကြီး ၁ဝ ပါး။
ထိုခင်ပွန်းကြီး ၁ဝ ပါးအား နံနက်တိုင်း (နံနက်တိုင်း)ကျွန်တော်ရှိခိုးသည်။ ကျွန်တော်၏ အကြီးဆုံးကျေးဇူးရှင်။ လောက၏ အကြီးဆုံး ကျေးဇူးရှင်ကတော့ 'ဗုဒ္ဓ'မြတ်ဘုရား။
ဒီမိုကရေစီဖွင့်လှစ်သူ ဒီမိုကရေစီဗိသုကာ
ညီအစ်ကိုမသိတသိကာလကြီးမှာ ဦးသိန်းစိန် ဟာ နိုင်ငံတော်သမ္မတအဖြစ်ကျမ်း(၂ဝဝ၈ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေ)ကိုင်ပြီးသစ္စာပြုခဲ့သည်ဟု ၂၆-၄-၂ဝ၁၆(အင်္ဂါနေ့)ထုတ် ပြည်ထောင်စုနေ့စဉ် မှာ ဆောင်းပါးရှင်တစ်ဦးကရေးသည်။ ကျွန်တော် ကညီအစ်ကိုမသိတသိဆိုသော စကားစုနေရာ၌ 'ညီအစ်ကိုသိသိကြီးကာလ'ဟု အစားထိုးလို သည်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်ရာဇဝင် (နိုင်ငံရေးသမိုင်း)၌ တပ်မတော်သာလျှင်စွန့်ဦး တီထွင်ကယ်တင်ရှင်အမှန်ဖြစ်ပေသည်ဟု ကျွန် တော်မမှိတ်မသုန်ယုံကြည်ပြီး အခြားအင်အားစု များမှာ တပ်မတော်ကဲ့သို့ အင်စတီကျူးရှင်း သဘောမဆောင်၊ စည်းဘောင်ဥပဒေကျောရိုးမဲ့ လှုပ်ရှားနေသူများသာဟု ကျွန်တော်မြင်သည်။ သမိုင်းမှာဘယ်သူဘာလဲ သဲကွဲခဲ့ပါပြီ။ အဖြေ ထွက်ခဲ့ပြီးပါပြီ။ ယနေ့ နေပြည်တော်ရောက်မဂ္ဂဇင်းအယ်ဒီတာချုပ်တစ်ဦး(မုံရွာသား)ပြောသလို မြန်မာပြည်မှာ အင်စတီကျူးရှင်းပီပီသသကနှစ်ဖွဲ့ ပဲရှိတယ်။ (၁) သံဃာ့အဖွဲ့အစည်းကြီး (၂)တပ် မတော် ဆိုသောသဘောထားကို ကျွန်တော် သဘောတူသည်။
ဦးသိန်းစိန်လက်ထက် အကျဉ်းမှဒေါ်အောင် ဆန်းစုကြည် လွတ်လာသည်။ (လွှတ်ပေးသည်)။မင်းကိုနိုင်အပါအဝင်ကျောင်းသားခေါင်းဆောင် တွေလွတ်လာသည်။ နိုင်ငံရေးလှုပ်ရှားသူတွေ လွတ်လပ်စွာလှုပ်ရှားခွင့်ရလာသည်။ ပါတီထောင် ခွင့်ရသည်။ ရွေးကောက်ပွဲပြိုင်ခွင့်ရသည်။ ဒီမို ကရေစီယဉ်ကျေးမှုသစ်စခဲ့သည်။ တွေ့ဆုံဆွေး နွေးအဖြေရှာရေး၊ နိုင်ငံရေးယဉ်ကျေးမှုသစ်စခဲ့ပြီ။
လမ်းဘေးကလူများပင် မိုဘိုင်းဖုန်းကိုင် ခွင့်ရသည်။ ကတ်တကတ်မှ ၁၅ဝဝ။ ကမ္ဘာနှင့် လွတ်လပ်စွာဆက်သွယ်ခွင့်ရသည်။ ဦးသိန်းစိန် လက်ထက်ဂျီဒီပီနှုန်းတိုးတက်လာသည်။ နိုင်ငံ တကာအဖွဲ့အစည်းများသို့ တံခါးဖွင့်ပေးသည်။ နိုင်ငံခြားရောက် မြန်မာ့လူတော်လူကျော်များကို ပြန်ခေါ်သည်။
ဦးသိန်းစိန်အပေါ် သုံးသပ်ဝေဖန်ချက်များက တော့ နွေဦး(ဒီမိုကရေစီ)သည် ပူပြင်းမှုနှင့်အတူ စတင်ပြီ။ ပဲ့ကိုင်ရှင်ဦးသိန်းစိန်သည် ပင်ကို အားဖြင့် ရိုးသားသူ၊ စိတ်ရင်းစေတနာပြည့်ဝသူ၊ အချို့သောဆုံးဖြတ်ချက်များမှာတော့ အားမလို အားမရရှိရသည်ဟူသောအချက်။ မြန်မာ့လူ့အဖွဲ့ အစည်းသည် အစွန်းနှစ်ဖက်ကြားဟိုသွားဒီသွား သွားလေ့ရှိရာ (ဥပမာ-ဂျပန်ကိုခေါ်ခဲ့၊ ပြီးတော့ ပြန်တော်လှန်တိုက်ထုတ်)လွတ်လပ်မှုနှင့် ဥပဒေ စိုးမိုးမှုသမုတိ ဝိရောဓိဖြစ်တာမဆန်းပါ။ အားလုံး အဆင်ပြေညီညွတ်ဖို့ဆိုတာကတော့ လွယ်ကူမည့် အရာမဟုတ်ပါ။
သို့သော် ဦးသိန်းစိန်သည် မြန်မာ့ အကူး အပြောင်း၏ လှပသောသင်္ကေတပြယုဂ်ကောင်း ဖြစ်ပြီး အတ္တမာန်မာနငါမှငါအကြွင်းမဲ့အာဏာ ဟစ်တလာဆန်ချင်သူတော့လုံးဝမဟုတ်တာသေချာ သေချာ သေချာသည်။ သေချာပါသည်။ ယင်း သို့မဟုတ်သော ခေါင်းဆောင်မျိုးသည် မြန်မာ့နွေဦးကို လှပစွာဖူးပွင့်နိုင်မည်မဟုတ်ပါ။ (အတ္တမာန်မာန ငါမှငါဘယ်သူလဲ)
အမေရိကန်မှာ အိုဘားမားက Change Change ပြောင်း ပြောင်းဟု အော်ပြီးတက်လာ သည်။ ဘာပဲဖြစ်ဖြစ်သူလည်း မဟားတရား မပြောင်းလဲရဲပါ။ ဖြည်းဖြည်းဖြည်းဖြည်းသာ ပြောင်းနေပါသည်။ တက်လာခါစက သူ့ကို မင်းသားအဖြစ်အမွှမ်းတင်ကြသည်။ ဟောအခု သူတို့မီဒီယာကပဲ သူ့ကိုအညံ့ဆုံးသမ္မတဟုသတ် မှတ်လိုက်ကြပြန်ပြီ။ သူတို့အနောက်မီဒီယာ၏ မှောက်ချည်လှန်ချည် အကျော်ကြားဆုံးပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်ကျော်၊ အလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ် ကျော် ၁ဝဝစာရင်းကို ကျွန်တော်မယုံကြည်။ နိုဘယ်လ်ဆုဆိုတာကြီးကပင် သူတို့ပေးချင်တဲ့ လူကိုပေးတာဟု ဝါရင့်စာပေအယ်ဒီတာ(မိုးဝေ စပယ်ဖြူ)က ကျွန်တော့်အားရင်ဖွင့်သွားခဲ့သည်။ ၁၉၉ဝလောက်ကတည်းက ကျွန်တော်မငြင်းနိုင်။ အနောက်မီဒီယာသည် သူတို့ကိုယ်ကျိုး (ကိုယ် ကျိုးကြီး)ဝါဒအတ္တအပေါ်မှာ အခြေစိုက်ထားတာ ထင်ရှားပါသည်။ အထင်ကြီးစရာမရှိပါ။
ဘာပဲဖြစ်ဖြစ် ဦးသိန်းစိန်ကရဲရင့်သည်။ ပြတ် သားသည်။ လူထုကိုဂရုစိုက်သည်။ မြစ်ဆုံဆုံး ဖြတ်ချက်သည် ကမ္ဘာက ဦးသိန်းစိန်ကို အံ့သြ လေးစားခန့်ညားစေခဲ့သည်။
ရိုဟင်ဂျာ ကိစ္စပြတ်သားသည်။
သာသနာကိစ္စ ပြတ်သားသည်။
အငြင်းပွားဖွယ်မရှိ မှန်ကန်သည်။
ဦးသိန်းစိန်သည် မြန်မာ့စီးပွားရေးကို လမ်း သစ်ဖော်ဖို့ တင်ပေးခဲ့သည်။ ပြည်တွင်းငြိမ်း ချမ်းရေးသံလွင်ခက်ကို ကမ်းခဲ့သည်။ သေနတ် သံများ အတော်ကြီးစဲသွားသည်၊ နည်းသွား သည်။ ပြည်သူတို့ဝမ်းသာကြသည်။ ပညာရှိတို့ သာဓုခေါ်ကြသည်။ ရဟန်းတော်များက ဥဒါန်း ကျူးရင့် ဓမ္မတံခါးကို ဖွင့်ပေးကြသည်။
ရွေးကောက်ပွဲရက်လများ ရောက်လာတော့ ဥပဒေဒီမိုကရေစီနှင့်အညီ တရားသဖြင့် လမ်းဖွင့် ပေးခဲ့သည်။ လွတ်လပ်ပွင့်လင်းလူ့အဖွဲ့အစည်း သစ်ကို အုတ်မြစ်ချပေးခဲ့သည်။ ဗိသုကာကောင်း ဖြစ်ကြောင်းပြသခဲ့သည်။ထို့နောက်...ထို့နောက်... ထို့နောက်...။
ကိုယ်တိုင်အရှုံးကို ပြုံးပြုံးပဲလက်ခံပြီး နိုင်ငံ တော်အာဏာကို ချောမောစွာလက်လွှဲပေးခဲ့သည်။ လွှဲပေးလိမ့်မည်မဟုတ်ဟူသော လက်ဝဲလက်ယာ အဆိုးမြင် အစွန်းဝါဒများကို ဖယ်ရှားပယ်ချပစ် လိုက်သည်။ ဝန်ကြီး(ကက်ဘိနက်)တစ်ဖွဲ့လုံး လွှဲပြောင်းကူးပြောင်းပေးခဲ့သည်။ ညင်သာချော မွေ့စွာ သာသာယာယာ ပွဲပြီးခဲ့သည်။ ဒီမိုကရေစီ အောင်မြင်ခဲ့သည်။ ဦးသိန်းစိန်၏ ကတ္တီပါလက် ဖြင့် နူးညံ့သိမ်မွေ့ ယဉ်ကျေးမှုသစ်ဖြင့် လူထုကြီး ကို ချော့သိပ်အေးမြစေခဲ့ပြီ။ ဦးသိန်းစိန် သူ့ တာဝန် သူကျေခဲ့သည်။
ဟိုစာရင်း ဒီစာရင်းထဲပါခြင်း မပါခြင်း၊ ဟိုဆု ဒီဆု ရခြင်း၊ မရခြင်းက ဘာမှ အရေးကြီး တာမဟုတ်ပါ။ ဗုဒ္ဓဘာသာတွေပီပီသသ
ဖုဋ္ဌဿ လောက ဓမ္မေဟိ၊
စိတံ္တ ယဿ နကမ္ပတိ။
အသောကံ ဝိရဇံ ခေမံ၊
ဧတံ မင်္ဂလ မုတ္တမံ...ဂါထာကို ရွတ်နေရုံ ရှိတာပဲ။ လောကဓံဟာ မဆန်းပါ။ ဘာမြဲတာ ရှိလို့လဲခင်ဗျာ။ ရပ်နေတဲ့ခြေထောက်အောက်က မြေကြီးတောင် ခဏ ခဏလှုပ်လို့။
ကမ္ဘာကျော် Time မဂ္ဂဇင်းကြီး၏ ကမ္ဘာ့ လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၁ဝဝ စာရင်းတွင် မြန်မာ နိုင်ငံသမ္မတကြီးဦးသိန်းစိန် ပါဝင်ကြောင်း ထုတ် ပြန်ကြေညာခဲ့သည်။ ၂ဝ၁၂ ခုနှစ် ဧပြီလ ၁၈ ရက်တွင် ထုတ်ဝေခဲ့သည့် Time မဂ္ဂဇင်းမှ ကမ္ဘာ တစ်ဝန်းရှိ ခေါင်းဆောင်များ၊ စွန့်ဦးတီထွင်သူ စီးပွားရေးလုပ်ငန်းရှင်များ၊ ကမ္ဘာတစ်ဝန်းရှိ ကျော်ကြားသူများနှင့် ကဏ္ဍစုံအသီးသီးမှ ပုဂ္ဂိုလ် များကို စာရင်းပြုကာ ရွေးချယ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ ရွေးချယ်ခဲ့သည့် ပုဂ္ဂိုလ် ၁ဝဝ စာ ရင်းတွင် အမျိုးသမီးဦးရေ ၃၈ ဦးပါဝင်ခဲ့ပြီး ၂ဝ၁၁ ခုနှစ်တွင် ပါဝင်ခဲ့သည့် အမျိုးသမီးဦးရေ ထက် ပိုမိုများပြားစွာ ပါဝင်ခဲ့ပါသည်။ မြန်မာ နိုင်ငံသမ္မတကြီးဦးသိန်းစိန်သည် ထို ကမ္ဘာ့လွှမ်း မိုးမှုအရှိဆုံးပုဂ္ဂိုလ် ၁ဝဝ စာရင်းတွင် ၄င်း၏ အဓိကကြိုးပမ်းအားထုတ်မှုကြီး သုံးခုကြောင့် ရွေး ချယ်ခံရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထိုကြိုးပမ်းအားထုတ်မှု သုံးခုမှာ ဒီမိုကရေစီ အစိုးရတစ်ရပ်ပေါ်ပေါက်လာစေရန် ကြိုးပမ်းအား ထုတ်မှု၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ များစာရင်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏စီးပွား ရေးကို ပြုပြင်ပြောင်းလဲပေးခဲ့ခြင်း၊ အကြိမ်ကြာ မြင့်စွာဖြစ်ပွားနေခဲ့လျက်ရှိသည့် တိုင်းရင်းသား ပြဿနာကိစ္စပေါင်းများစွာကို စေ့စပ်ညှိနှိုင်းဖြေ ရှင်းခဲ့ခြင်းတို့ဖြစ်ကြပါသည်။ သမ္မတကြီးဦးသိန်း စိန်အနေဖြင့် အစိုးရတွင်ပါဝင်သည့် မြန်မာ့တပ် မတော်မှ ဗိုလ်ချုပ်ဟောင်းကြီးများ၊ တပ်မတော်မှ ခေါင်းဆောင်ကြီးများ၊ မြန်မာ့ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များအကြားတွင်သာမက အတိုက်အခံ ပါတီ(NLD) ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်နှင့် လူ ငယ်တတ် ကြွလှုပ်ရှားသူအဖွဲ့အစည်းများနှင့်ပါ စေ့ စပ်ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပြီး တိုင်းပြည်အားဟန် ချက်ညီညီဖြင့် ကောင်းမွန်ထင်ရှားစွာ စီမံအုပ်ချုပ် နိုင်ခဲ့ကြောင်း Time မဂ္ဂဇင်းကြီးက ဖော်ပြထား ပါသည်။ Time မဂ္ဂဇင်းကြီး၏ ကမ္ဘာ့လွှမ်းမိုးမှု အရှိဆုံးပုဂ္ဂိုလ် ၁ဝဝ စာရင်းတွင် နောက်ဆုံး ဆန်ခါတင်ရွေးချယ်မှု၌ အမေရိကန်နိုင်ငံသား များသာ လွှမ်းမိုးနေရာယူလေ့ရှိသော်လည်း ထူး ခြားချက်အနေဖြင့် ၂ဝ၁၂ ခုနှစ် Time မဂ္ဂဇင်းကြီး ၏ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၁ဝဝ စာရင်း တွင် နိုင်ငံတကာတိုင်းပြည်များမှ ပုဂ္ဂိုလ် ၅၄ဦး ပါဝင်ခဲ့ပြီး အမေရိကန်နိုင်ငံသားများ ပါဝင်နိုင်မှု ထက်များပြားနေကြောင်း တွေ့ရှိရပါသည်။
ဟော ကမ္ဘာကျော် Time မဂ္ဂဇင်းကြီး၏ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၁ဝဝ စာရင်းတွင် မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန်ပါဝင်နေ ကြောင်း ကမ္ဘာထိပ်မှာ မောင်းတီးကြေညာလို့ နေပြန်ပါရော့လား။
http://uniondaily.net/News/DetailView.aspx…
No comments:
Post a Comment