Wednesday, May 4, 2016

ယာဆရာတော်ဘုရားကြီးရဲ့ သြဝါဒ

@ ယောဆရာတော်ဘုရားကြီးရဲ့ သြဝါဒ
*****************************
[ ယခုလက်ရှိ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ မိုးသီးကြွေ,လေတိုက်,ငလျင်လှုပ်,မီးလောင်စတဲ့အခြေနေဆိုးတွေနဲ့ ပတ်သက်ပြီးဆရာတော်ကြီးရဲ့သြဝါဒပါ ]
++++++++++++++++++++++
လူတွေဓမ္မအားနည်းလာပြီဆိုရင် လောကကြီးက
ပထဝီ အာပေါ ဝါယော တေဇောဆိုတဲ့ မြေရေလေမီးဓာတ်ကြီးလေးပါးနဲ့ လှောင်ပြောင်တယ်၊ ပမာမခန့်လုပ်တယ်၊ ပျက်ရယ်ပြုတယ်။ မြေငလျင်တွေလှုပ်တယ်, ရေတွေကြီးတယ်, လေတွေတိုက်တယ် မိုးသီးတွေကြွေတယ်, မီးတွေလောင်တယ်။ ဒါတွေကလူတွေဓမ္မအားနည်းလို့ဖြစ်တာပါ၊ ဒါကြောင့် ဓမ္မအားကောင်းအောင်လုပ်ကြ၊ နေ့တိုင်း ဒါန,သရဏဂုံ,မေတ္တာ,သီလ,သမာဓိ,ပညာစတဲ့ ဓမ္မတွေတစ်ခုမဟုတ်တစ်ခုရအောင်လုပ်ကြ၊ ဓမ္မဆိုတာ လောကကိုအနိုင်ယူဖို့ပေါ်လာတာ။
[ ဓမ္မော လောကေ သမုပ္ပန္နော၊
ဟိတာယ သဗ္ဗပါဏိနံ ]
လူကိုလောက,ကနိုင်တယ်၊ လောကကိုဓမ္မကနိုင်တယ်။ ဓမ္မအားကောင်းအောင်နေ့တိုင်းလုပ်ကြ။
(အပ္ပမာဒေန သမ္ပာဒေထ)
ခရက်ဒစ် - အရှင်ဇာနေယျာလင်္ကာရ

No comments:

Post a Comment