Wednesday, May 4, 2016

နင်သာ..ငါ့ရည်းစားဖြစ်ပြီဆိုရင်

နင်သာ..ငါ့ရည်းစားဖြစ်ပြီဆိုရင်

ထမင်းမချက်တတ်လဲ
ငါကိုယ်တိုင်ချက်ကျွေးမယ်။

မုန့်ဖိုးမရှိတော့ရင်လဲ
မကုန်ခင်ပြော ငါပေးမယ်။

ဗိုက်ဆာရင်လဲ
စားချင်တာသာပြော
ငါကိုယ်တိုင်ဝယ်ပြီးလာပို့မယ်။

ဖုန်းဘေလ်ကုန်ရင်လဲ
ချွေတာတော့သုံး ငါ ဖြည့်ပေးမယ်။

အလုပ်အားရင်လဲ
အလှသာပြင်ထားလိုက်
ငါတို့လျောက်လည်ဖို့လာခေါ်မယ်။

နေမကောင်းရင်လဲ
ဆေးထိုးဆေးသောက် ငါကိုယ်တိုင်
အနီးကပ်မငြီးအငြူပြုစုမယ်။

တခြားကောင်တွေနှောက်ယှက်ရင်လဲ
ငါကိုယ်တိုင် ဒီကောင်တွေကို
ပညာပေးလိုက်မယ်။

ငါ့ကိုသတိရနေရင်လဲ
ငါဘယ်နားရောက်ရောက်
နင်ဘယ်မှာလဲသာပြော
နင့်ဆီအရောက်လာခဲ့မယ်။

အိမ်ထောင်ပြုချင်ပြီဆိုရင်လဲ
ငါကိုယ်တိုင်အချိန်မရွေး
လာတင်တောင်းပါ့မယ်။

ဒီမှာကောင်မလေး
နင်ကငါ့ကောင်မလေးဆိုမှတော့
အားနာတာတွေ မတရားတာတွေ
ဘယ်တော့မှမတွေးနဲ့
နင်ကိုကြိုက်တဲ့သူတွေအများကြီးထဲက
ငါ့ကိုရွေးချယ်ခဲ့တာပဲငါကံကောင်းနေပြီ။

ဒီမှာကောင်မလေး
ငါ့အိမ်ထောင်စုထဲမှာ နင့်နာမည်ပါရမယ်
ငါ့ကလေးရဲ့အမေကလဲနင်ပဲဖြစ်ရမယ်
တနေ့ဆံဖြူသွားကျိုးလို့ခါးကိုင်းနေရင်တောင်
ငါ့မြေးရဲ့အဖွားဟာနင်ပဲဖြစ်ရမယ်။

Cr:poem

No comments:

Post a Comment