Saturday, May 14, 2016

မိန်းကလေးတွေ ရွဲ့ ပြောတတ်တဲ့ စကားလေးများ

မိန်းကလေးတွေ ရွဲ့ ပြောတတ်တဲ့ စကားလေးများ
*********************************************
လာမခေါ်နဲ့ !
အဲဒါ ခေါ်ခိုင်းတာ
မခေါ်ဘဲ နေကြည့် သေအောင်စိတ်ဆိုးတယ်

အေးးးရတယ်လေ!
အဲဒါ မရဘူးးး ကြည့်နေ ငါပြဿနာရှာပြမယ် အဲ့လို

ပြီးတာပဲ!
အဲ့ဒါ မပြီးဘူး။ မကျေနပ်လို့ ပြောတာ
ခဏနေ သူပြန်ရွဲ့တော့မှာ

ဘာတစ်ခွန်းမှ လာမပြောနဲ့ !
အဲဒါ ကောက်သွားတာ
အမြှုပ်ထွက်အောင် သွားရှင်းပြ
ပြောနိုင်မှ တော်ကာကျမှာ

ကြိုက်တာသာလုပ်!
ဘာမှသွားမလုပ်နဲ့ 
အဲဒါ သူ ပြဿနာရှာဖို့ အဆင်သင့်ပဲဆိုတဲ့သဘော

ငါ့ကို အဖက်လာမလုပ်နဲ့ !
ပစ်ထားတာ များသွားပြီ သေချာပြန်ဂရုစိုက်ပေး ဆိုတဲ့သဘော
အနီရောင်အဆင့် ရှော့ရှိတယ်

နင်ဘာလုပ်လုပ် ငါဂရုမစိုက်ဘူး!
အဲ့ဒါ သူဂရုစိုက်တယ် တော်တော်စိုက်တာ မျက်စိထောက်ထောက်ကြည့်နေတာ
တစ်ချက်မမှားနဲ့ ရစ်ပစ်လိုက်လို့ နားကားသွားမယ်

နင့်သဘောနဲ့ နင် !
အဲ့ဒါ သူ့ဆီအရင် ခွင့်တောင်းခိုင်းတာ
ဘယ်နေရာလဲ ဘာကိစ္စလဲ ဘယ်သူနဲ့လဲ အဲ့လို မေးခွန်းပေါင်းများစွာ မေးပြီး အစစ်ဆေးလာခံခိုင်းတာ

ကောင်းပြီလေ!
မကောင်းဘူး တော်တော်မကောင်းတာ
ပြဿနာစဖို့ အစပျိုးတာ

အော်....အဲ့လိုလားးး!
သွားပြီ အဲ့တာရွဲ့ပြီ စောင်းပြီ ဘုဂလန့် လုပ်ပြီ စိတ်ဒုက္ခပေးပြီ

ကြည့်မရဘူး!
အမှန်ကကြည့်မဝတာ

နင့်ရုပ်လည်း မမြင်ချင်ဘူး!
အဲ့လိုပြောရင် သွားတွေ့ လိုက်

နင့်အသံလည်း မကြားချင်ဘူး!
ဖုန်းလေးတော့ ဆက်လိုက် သူချည်းဒိုင်ခံပြောလိမ့်မယ်

မုန်းတယ် သိလား!
ချစ်လို့ပြောတာ

အဲ့လိုလေးတွေရှိတယ် မောင်တို့ရဲ့ အရွဲ့ကို အတည်မှတ်မနေနဲ့ ...

တချို့တွေများ မခေါ်နဲ့လို့ ပြောတာနဲ့ မခေါ်တော့ဘူးလေ

#CRD/

No comments:

Post a Comment