*** သမိုင်းကို ဖျောက်လို့မရပါ ***
====================
ရခိုင်မှာ...
မြန်မာ့တပ်မတော်က အယောက်(၂၀) ကျဆုံးတဲ့အတွက်၊ သူပုန် အယောက် (၂၀၀) လောက် မသာပေါ်တဲ့အခါ၊ သမိုင်းထဲမှာ ရခိုင် လူဦးရေ ၂ သန်းလောက် အသတ်
ခံရတယ်ဆိုပြီး နောင်လာနောက်သားတွေအတွက် ဝါဒဖြန့် မှိုင်းတွေ မရေးမိစေနဲ့ပေါ့...
မြောက်ဥက္ကလာ ဆေးတက္ကသိုလ်က ရခိုင်လူမျိုး အင်္ဂလိပ်ဘာသာ နည်းပြ ဆရာတစ်ယောက်နဲ့ စကားပြောဖြစ်တော့၊ စစ်သူကြီး မဟာဗန္ဒုလ သတ်ခဲ့လို့၊ ဧရာဝတီ မြစ်အနောက်ပိုင်းက ရခိုင်တွေ အကုန်အသတ် ခံရတယ်...
မာန်အောင် တစ်မြို့တည်းမှာတင် ရခိုင် (၇) သန်း အသတ်ခံရတယ်လို့ ပြောလာတယ် ... အဲ့ဒါဆို အဲ့ဒါနဲ့ ပါတ်သက်တဲ့ မှတ်တမ်းအထောက်အထား ဘယ်မှာလည်းလို့မေးတော့ မဖြေနိုင်ဘူး...
ဒါနဲ့ ကိုရင်နေထွန်း တစ်ခုထပ်မေးလိုက်တယ်၊ ခင်ဗျားတို့ ရခိုင်တွေ လူ (၇) သန်း လောက်အထိ အသတ်ခံရတယ် ပြောရအောင် အဲ့သည့်အချိန်က မြန်မာပြည် တစ်ပြည်လုံးက ဗမာဘုရင့်တပ်သားအားလုံးပေါင်းတောင် အဲ့သည်လောက်ရှိလို့လား ...
(၇) သန်းဆိုတဲ့ လူအင်အားနဲ့ မြန်မာဘုရင်တွေရဲ့တပ်ကို ဓါးကိုင်စရာမလိုပဲ၊ တုတ်နဲ့ ရိုက်ရင်တောင် လူအင်အားနဲ့ဖိသတ်လို့ရတယ် ...
ဒါနဲ့ ဥာဏ်ရည်မြင့်မားတဲ့ ဆေးတက္ကသိုလ်က အင်္ဂလိပ်နည်းပြကြီးက ထပ်အထွန့်တက်လာတယ်၊ သန်လျှင်မြို့က ငဇင်ကာကို အင်မတန် အင်အားကြီးမားတဲ့၊ ရခိုင်ဘုရင့်တပ်ကနှိမ်နင်းခဲ့တယ်ဆိုပဲ ...
ဒါနဲ့ ခင်ဗျား အဲ့ဒါဆိုရင်လည်း အထောက်အထားတစ်ခုပြ ဆိုတော့ မပြနိုင်ပြန်ဘူး ... ဒါနဲ့ ကိုယ်လည်း..ခင်ဗျား သန်လျှင် ကျိုက်ခေါက်ဘုရားရောက်ရင် ဝန်ကြီးပဒေသရာဇာ အုပ်ဂူရှိတယ် ...
နောက်ပြီး သမိုင်းမှတ်တမ်းထဲမှာ၊ ငဇင်ကာကို သတ်ခဲ့တဲ့ အနောက်ဘက်လွန်မင်းဆိုတာ အတိအကျရှိတယ်၊ နိုင်ငံရေးမကျေနပ်မှုတစ်ခု အရင်းပြုပြီး ခရစ်ယာန်ဘာသာဝင်၊ ငဇင်ကာနဲ့ပေါင်းခဲ့တဲ့အတွက်၊ ဆွေကြီးမျိုးကြီး တော်ဝင်နန်းသွေး.. လူတော်တစ်ယောက်ဖြစ်တဲ့အတွက် မသတ်ချင်တဲ့အတွက်..မင်းဆန္ဒအရလား၊ သူတို့က ဓါးစာခံ ခေါ်တာလား ရွေးခိုင်းရဲ့နဲ့ ကိုယ်တိုင် ပေါင်းတာပါဆိုပြီး၊ မဟုတ်တဲ့နေရာမှာ သတ္တိသွေးကြွခဲ့တဲ့ ရတု ဘုရင် နတ်သျှင်နောင်ဆိုတဲ့ တော်ပြီး ချော်တဲ့ ဘုရင်ခံတစ်ယောက်ကို တံစို့နှင့်ပြီး ကွပ်မျက်ခဲ့တဲ့ အထောက်အထားတွေရှိတယ် ...
နောက်တစ်ခုအနေနဲ့
စစ်ကူလာတဲ့ ပေါ်တူဂီသင်္ဘောတွေကို ဘာ့ကြောင့် ရခိုင်ဘုရင်က မရပဲ မြန်မာဘုရင်က သိမ်းနိုင်ရတာလဲ ...
အဲ့သည့်အချက်တွေကို အနားမှာ ထိုင်နေတဲ့ ကိုယ့်သူငယ်ချင်းအရင်းစစ်စစ် ဗမာ တစ်ယောက်ကလည်း ကိုယ်နဲ့ မဆုံခင်က သူပြောသမျှ အမှန်ထင်နေခဲ့တယ်...
ဒါနဲ့ ကိုရင်နေထွန်းလည်း ဆက်ပြီး ခင်ဗျားလို ဆေးတက္ကသိုလ်က ဆရာတစ်ယောက်က သက်သေ အထောက်အထားမရှိတဲ့ ယုံတမ်းစကားတွေကို ဖြစ်ရပ်မှန် သမိုင်းအဖြစ် လက်ခံနေတော့ ကျန်တဲ့ မလေ့လာနိုင်တဲ့ လူငယ်တွေကြားထဲမယ် အငြိုးအတေးနဲ့ အငြင်းပွါးစရာတွေပဲ ပေါ့လို့ ပြောခဲ့တယ် ...
ဒါနဲ့ အဲ့သည့် နည်းပြကြီးက ဆက်ပြောပြန်တယ်၊ တစ်ချိန်တုန်းက အရှေ့တောင်အာရှမှာ ဘုန်းတန်ခိုး မီးဟုန်းဟုန်း တောက်ခဲ့တဲ့ ဘုရင့်နောင်ဆိုတာ ရခိုင်ဘုရင်ထံမှာ သစ္စာခံခဲ့ရတယ် ဆိုပြန်တယ် ...
ကိုယ်လည်း ထပ်ပြောလိုက်ပြန်တယ်၊ ခင်ဗျား တို့ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာတဲ့ ပါးစပ်ရာဇဝင်တွေထက် ၊ ဖြစ်နိုင်ချေ probability ကို ပညာတတ်တစ်ယောက် နည်းနဲ့ နည်းနည်း တွက်ကြည့်အုံး၊ အရှေ့တောင်အာရှ တစ်ဝှမ်း ကိုရီးယား ကျွန်းဆွယ်အထိ ဗီယက်နာမ်နယ်စပ်အထိ အင်ပါယာ၊ နောက်ဆုံး လက်ရှိ ယူနမ် ပြည်နယ်အထဲအထိကို အင်ပါယာချဲ့ နိုင်ခဲ့တဲ့ ဘုရင့်နောင်မင်းတရားဟာ၊ အနောက်က မျိုးပွါးချင်တိုင်းပွါးနေတဲ့ ဘင်္ဂလားနဲ့ သည်မြန်မာအင်ပါယာကြီးကြားမှာ ဘုရင့်နောင်ထက်ကို တန်ခိုးထွားမယ်ဆိုတာ ဟုတ်နိုင်မလား၊ ယုတ္တိဗေဒကျကျ ပဲ အရင်သုံးသပ်ပါ၊ ပြီးမှ အထောက်အထားစကားပြောကြတာပေါ့ ...
လက်ရှိတော့ ဘုရင့်နောင် ရဲ့ ခြေရာလက်ရာတွေကတော့ အရှေ့တောင် အာရှတစ်ခွင်လုံးမှာရှိတယ် ...
ဒါနဲ့ အနှီဆရာက ဘာပြန်ပြောလည်းဆိုတော့ ၊သူတို့သမိုင်းမှာသည်အတိုင်းပဲ ဆိုပြန်တယ်...
အဲ့ဒါဆိုလည်း ကျွန်တော်တစ်ခုပဲ ပြောမယ်၊ ခင်ဗျားတို့ကို ဘုရင့်နောင် မသိမ်းခဲ့တာ၊ ညီအကိုအရင်းတွေဖြစ်နေလို့ မသိမ်းခဲ့တာ ...
ရခိုင်ဆိုတာ ဘာအဓိပ္ပါယ်လည်းမေးလိုက်တော့၊ ရခိုင်ဆိုတာ လူမျိုးတစ်ခုတည်းမဟုတ်ဘူး၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်တာကို ရခိုင်လို့ သတ်မှတ်တယ်လို့ ပြောလာတယ် ...
အဲ့ဒါဆို မှတ်လိုက်၊ မြန်မာဘုရင်တွေဟာ အမျိုးဘာသာ သာသနာကို စောင့်ရှောက်သူချည်းပဲ ...
သည့်အတွက် ရက္ခိတတွေပဲ၊ ကျုပ်လည်း အမျိုး ဘာသာ သာသနာကို တတ်နိုင်တဲ့ ဘက်က စောင့်ရှောက်မယ်ဆိုရင် ရခိုင်လို့ သတ်မှတ်လို့ မရဘူးလားဆိုတော့ ရတယ်တဲ့ ...
အေး အဖြေက အဲ့ဒါပဲ ...
မြန်မာအများစုမှာ အဲ့သည့်စိတ်ဓါတ်ရှိတယ်...
သည့်အတွက်လည်း သည်နိုင်ငံ သည်နေ့အထိ ရပ်တည်နေတာပဲ ...
တစ်ကယ်တော့ မြန်မာဆိုတာ အမျိုးဘာသာ သာသနာ စောင့်ရှောက်တဲ့ သူတွေ အားလုံးကို စုစည်းထားတဲ့ အင်ပါယာကို ခေါ်တာ ...
တစ်ကယ်တမ်းပြောရရင် အနောက်ဥရောပ နိုင်ငံတွေတောင် သည်နိုင်ငံက မြန်မာမင်းတွေလောက် တိုင်းရင်းသားတွေကို ပြည်ထောင်စု မပြိုကွဲအောင် မစုစည်းနိုင်ဘူး ...
ဥရောပ သမိုင်းကို ပြန်ကြည့်၊ အင်္ဂလန်တို့၊ ပြင်သစ်တို့ ၊ နော်ဝေတို့၊ ဂျာမန်တို့ ဆိုတာ တစ်ကယ်တမ်းတော့ လူမျိုးတစ်မျိုးတည်းကို နည်းနည်းလေးပဲ ကွဲတာ အဲ့ဒါကို ကိုယ့်ဘာသာ မထိန်းနိင်လို့ ထကွဲပြီး နိုင်ငံတွေဖြစ်နေတာ...
ကြားထဲက စစ်ရှောင်ပြီး တသီးတစ်ခြားက ပညာတတ်တွေကိုစည်းလုံးနေတဲ့ အမေရိကားက အချောင် ကြီးပွါးနေတာ ...
အိန္ဒိယလည်း ထိုနည်းလည်းကောင်းပဲ ခုထိ မညီညွတ်ဘူး။ အရှေ့တောင် အာရှမှာ လူမျိုးမတူပေမယ့် စုစည်းနိုင်တာ ၊ မြန်မာနဲ့ တရုတ် အင်ပါယာပဲ ရှိတယ် ...
တစ်ကယ်တမ်းဆို ကျွန်တော် ကိုယ်တိုင်လည်း ဗမာ စစ်စစ်မဟုတ်ဘူး ...
အမေဘက်က ရှမ်း၊ ရှမ်းတောင် ဆွေကြီးမျိုးကြီးကနေ စစ်ကြောင့် ဘဝပျက်ပြီး စစ်ပြေးဖြစ်ခဲ့တဲ့ ဖြူးရှမ်း၊ အဖေဘက်ကတော့ ဧရာဝတီမြစ်ကမ်းက ကိုင်းတောခုတ်၊ တောင်ယာလုပ် စားတဲ့ သဲကုန်းဘက်က မြေလတ်သား ...
သည်တော့ မြန်မာဆိုတာ ရှေ့လျှောက်က လူမျိုးတစ်မျိုးတည်းမဟုတ်ဘူး၊ တိုင်းရင်းသားအားလုံးစုမှ မြန်မာဖြစ်တယ် ...
သည်လို စုမှလည်း အနောက်က ကုလားနဲ့၊ အရှေ့မြောက်က ဝက်သားတွေရဲ့ ကြားမှာ ရပ်တည်လို့ရမယ် ...
အဲ့ဒါလေးတစ်ခုပဲ တွေးပြီး မြန်မာဆိုတာ ရခိုင်လည်းပါတယ်၊ ရှမ်းလည်း ပါတယ်၊ ကရင်လည်း ပါတယ်ဆိုတာလေး အဖြစ်သင့်ဆုံး အရှိတရားကို လက်ခံပါဗျာ လို့ပြောဖြစ်ခဲ့တယ် ...
ခက်တာက လူတွေက ကိုယ်နဲ့ တွေ့ရင်သာ၊ ပြန်မငြင်းနိုင်တာ ...
ကွယ်ရာကျတော့ သူငယ်ချင်းလုပ်တဲ့သူကပါ ဒါတွေ သည်လောက်အထိ သည်နိုင်ငံရပ်တည်မှုအနေအထားကို ချပြရဲ့သားနဲ့၊ ကုလားဖြူမယားကို တစ်မေထည်း မေပြီး ဘုန်းတော်ဘွဲ့တွေနဲ့ ချီးမွမ်းခန်း ဖွင့်နေတော့
ခုများ .....ကိုရင်နေထွန်း...မှန်တာတွေ ခံစားနေရင်း..တစ်ယောက်တည်းပဲ ရွာပြင်ထွက်နေရပါတယ်လို့......ဖြစ်ရပ်မှန်လေး မျှဝေလိုက်တယ်....
credit : နေထွန်း
No comments:
Post a Comment