Wednesday, May 4, 2016

အရမ်းချစ်ကြတဲ့ချစ်သူတွေဆိုတာ ဒီလိုပါတဲ့ ဟုတ်ပါ့မလား ..?

အရမ်းချစ်ကြတဲ့ချစ်သူတွေဆိုတာ ဒီလိုပါတဲ့
ဟုတ်ပါ့မလား ..?

♥ဘယ်လိုပဲ တစ်ယောက်နဲ့တစ်ယောက်ကြား
မတူညီတာလေးတွေရှိနေပါစေ…
😍ကိုယ့်ချစ်သူကို ချစ်တဲ့အချစ်တွေကြောင့် ကိုယ့်ချစ်သူနဲ့ ထပ်တူကျအောင် ကြိုးစားနေပေးမိမှာပဲ…

♥ဘယ်လောက်ပဲအနေဝေးနေရပါစေ…
😍ကိုယ့်ချစ်သူကို သတိရနေမိတဲ့စိတ်
လွမ်းနေမိတဲ့စိတ်တွေနဲ့အတူ
ကိုယ့်ရဲ့နေ့ရက်တွေကို အားတင်းဖြတ်သန်းနေမိမှာပဲ…

♥ဘယ်လောက်ပဲ အနေဝေး နေရပါစေ…
😍ကိုယ့်ချစ်သူရဲ့ နောက်ကွယ်မှာလဲ သူ မကြိုက်တဲ့
အရာတွေကို ရှောင်ဖယ်ပေးရင်း သူ့အပေါ်
တန်ဖိုးထားပေးနေမိမှာပဲ…

♥အတူတူ ဆုံတွေ့ခွင့်ရမဲ့အချိန်တွေက
ဘယ်လောက်ပဲ ဝေးကွာနေပါစေ …
😍တစ်နေ့နေ့ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ကိုယ့်ချစ်သူအပေါ်
သစ္စာရှိရှိနဲ့ စောင့်နေပေးမိမှာပါပဲ…

......................................

From: (#MyanmarMagazine)
Credit: (#KhinMyoAye)

No comments:

Post a Comment