Sunday, May 22, 2016

ထိုင်းသာသနာ အဖြို ခံရတော့မည် . . . ညီညွတ်ကြဖို့ အချိ န်တန်ပြီ . . .

ထိုင်းသာသနာ  အဖြို ခံရတော့မည် . . .
ညီညွတ်ကြဖို့  အချိ န်တန်ပြီ . . .
🏡🏡🏡🏡🏡🏡🏡🏡🏡

အန္တရာယ်ကြားမှ ထိုင်းနိုင်ငံ ဓမ္မကာယကျောင်းတိုက်
+++++++++++++++++++++++++++++++++++
ထိုင်းနိုင်ငံ သာသနာရေးအခြေအနေယိုယွင်းနေမူကို အင်တာနက်အော်လိုင်းပေါ်တွင်မကြာခဏပေါ်ပြရေးသားနေခြင်းများကို
FB မိတ်ဆွေများဖတ်နေရသဖြင့်သိရှိခွင့်ရကြမည်ဖြစ်ပါသည်။
ထိုင်းနိုင်ငံတွင် စီးပွါးရေး လူမူရေး နိုင်ငံရေးများတွင် ဘာသာခြား လူမျိုးခြားများ၏ ၀ါးမျိုမူများခံနေရတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံတွင် သာသနာရေးအနေအားဖြင့် ဓမ္မကာယကျောင်းတိုက်နှင့် မဟာချူလောင်လောင်ကွန် တက္ကသိုလ်များမှ ကယ်မထားရသလိုဖြစ်နေပါသည်။
ဤနှစ်တိုက်သာမရှိရင် သာသနာကွယ်ပြီးလို့သာပြောရမည်ဖြစ်ပါသည်။
သို့ဖြစ်ခြင်းကြောင်းအစွမ်းကုန်စောင့်ရှောက်နေကြပါ၏။
ဘယ်လိုပင်စောင့်ရှောက်စေကာမူ မင်းစိုးရာဇာ အစိုးရများ မကူညီနိုင်လျင်အားမပေးလျှင် ယိုးယွင်းရချည်းသာဖြစ်ပါ၏။
အားကိုးရာဖြစ်သောအစိုးရကိုကြည့်ပြန်တော့ အားရစရာမရှိ မလိုမုန်းထားသူများနှင့် အလိုတူဖြစ်နေသလိုတွေ့မြင့်ရ၏။ဓမ္မကာယကျောင်းတိုက်ကိုလည်းနှိပ်ကွပ်သလို မဟာချူ လောင်လောင်ကွန် ခေါင်းဆောင်ဘုန်းကြီးများကိုလည်း နှိပ်ကွပ်၏။
ဓမ္မကာယကျောင်းတိုက်ကြီး၏ပဓါနနာယကဆရာတော်ကိုလည်း လာမည့်၂၆ ရက်နေ့ နောက်ဆုံးထားဖမ်းဖို့ဝရမ်းထုတ်ခိုင်းပြီး ဖမ်းဖို့ကြိုးစားနေကြ၏။
ဖမ်းရခြင်းအကြောင်းရင်းကိုလည်း တချိန်က သံဃနာယကဆရာတော်များမှ
အပြစ်မရှိဘူးဟူ၍ ဖြေရှင်းပြီးသားဖြစ်ပါသည်။ငြိမ်းလေပြီးသော အမူကိုလည်း
ပြန်ဖေါ်ကြပါသည်၊ ဤကဲ့သို့ပြုလုပ်ခြင်းသည်ရည်ရွယ်ချက်ကြီးမားပုံရပါသည်။
တချိန်ကလည်း ဆရာတော်ကြီးတပါးကို စစ်မေးဖို့ဆိုပြီးခေါ်သွားဖူးပါသည်
နှစ်၂၀ လောက်ကြာမှ အပြစ်မရှိဘူးဆိုပြီးပြန်လွှတ်ဖူးပါသည်။
ယခုဆရာတော်ကြီးကိုလည် မကြာခဏရုံးချိန်ပါတယ် ဒါပေမဲ့ဆရာဘုရားက မကြွနိုင်ပါဘူး ကျမ်းမာရေးက အတော်လေးမကောင်းတာကတစ်ကြောင်း၊
အရင်ကဖြစ်ဖူးသောအတွေ့အကြုံရှိတာက တစ်ကြောင်း အမူကို မတရားဖန်တီးတာကိုသိနေတော့ အမူစစ်ခြင်ရင် ကျောင်းမှာလာစစ်ဖို့ပဲကမ်းလှမ်းထားပါတယ်။
မတရားခံနေရမှန်းသိတော့ပြည်သူတွေက နေရာတိုင်း နိုင်ငံတိုင်းမှာ ဆန္ဒထုတ်ဖော်ပွဲများလုပ်နေကြပါတယ်။ ထိုင်းနိုင်ငံ၏သာသနာရေးသည်လည်း
ဗုဒ္ဓဘာသာအားလုံးရဲ့အရေးပါပဲ။ ဓမ္မကာယကျောင်းတိုက်ကြီးကျဆုံးခြင်းသည်လည်း ဗုဒ္ဓဘာသာအားလုံးကျဆုံးခြင်းပါပဲ ထိုကဲ့သို့အားပြိုင်မူများကို မိမိတို့တတ်စွမ်းသည့်ဖက်က ကူညီပေးကြဖို့လိုပါလိမ့်မည်။
လူ့အခွင့်ရေးသမားများကလည်း အမေရိကန်သမ္မတကြီးကိုယ်တိုင်ကူညီနိုင်အောင်ဆောင်ရွက်နေကြပါတယ်
အိုဗားမားထံပို့မည် အော်လိုင်းဆန္ဒခံယူပွဲတွေကိုလည်းပြုလုပ်နေကြပါတယ်.၊
၂၆-၅-၂၀၁၆ ရက်နေ့နောက်ဆုံးထားပြီးစာရင်းကောက်ယူနေကြပါတယ်။
ဝိုင်းဝန်းကူညီနိုင်ရန်အတွက်အော်လိုင်းမှာ အမေရိကန်အစိုးရ၏ ၀က်ဆိုဒ်ကို ဖော်ပြပေးမည်ဖြစ်ပါတယ်။သာသနာအတွက်ဝိုင်းဝန်းကူညီ ကုသိုလ်ပြုနိုင်ရန်တိုက်တွန်းလိုက်ပါတယ်။(၂၂-၅-၂၀၁၆)

No comments:

Post a Comment