Wednesday, May 11, 2016

ရှင်ရဟန်းမယ်တော် ရခဲသနော်

ရှင်ရဟန်းမယ်တော် ရခဲသနော်

ရညော မာတာ မဟေသီတိ,
သုလဘံ နာမ မိတ္ထိနံ၊
ဗုဒ္ဓမာတာတိ ယံ နာမံ,
ဧတံ ပရမဒုလ္လဘံ။

ဘန္တေ-ဘုန်းတော်နေဝန်း ထွန်းလင်တောက်ပတော်မူသော သားတော်မြတ်ဘုရား၊

ဣတ္ထိနံ-ကမ္ဘာ့ချက်ဗွေ ကျက်သရေဆောင် ဂုဏ်ရောင်ထိန်ကြွား တပည့်တော်မတို့လို မိန်းမသားများ အတွက်မှာ၊

မဟေသီတိ-မိဘုရားကြီး မိဘုရားကြီးရယ်လို့ ခေါ်ဆိုရသော၊
ရညော မာတာ-ဧကရာဇ်မင်းကြီး၏မယ်တော် ပဒေသရာဇ် မင်းကြီး၏ မယ်တော် စကြ်ာဝတေမင်းကြီး၏ မယ်တော်ဟုဆိုအပ်သော၊

ယံနာမံ-လောကီနှင့်စပ် မြင့်မြတ်တဲ့ အကြင်နာမည်မျိုးသည်၊
အတ္ထိ-ရှိပါပေ၏။

ဧတံ- လောကီနှင့်စပ် ဂုဏ်ဒြဗ်တွေထဲမှာ မြင့်မြတ်တဲ့ ဧကရာဇ်မင်းကြီး၏မယ်တော် ပဒေသရာဇ် မင်းကြီး၏ မယ်တော် စကြ်ာဝတေမင်းကြီး၏ မယ်တော်ဟုဆိုအပ်သော ဤနာမည်မျိုးသည်၊
သုလဘံ-လွယ်ကူစွာ ရအပ်ပါပေ၏, ရဖို့ရန်လွယ်ကူပါပေ၏။
ဝါ-ရလို့ရန် မခဲ့ရင်ပါဘုရား။

ဗုဒ္ဓမာတာတိ-ဘုရားမယ်တော် ရှင့်ရဟန်းမယ်တော်ဟုဆိုအပ်သော၊

ယံနာမံ-လောကုတ္တရာတံဆိပ် ခပ်နှိပ်အပ်သည့် မဂ်ဖိုလ်နှင့်စပ်သော အကြင်နာမည်မျိုသည်၊

အတ္ထိ-ရှိပါပေ၏။

ဧတံ- လောကုတ္တရာတံဆိပ် ခပ်နှိပ်အပ်သည့် ဘုရားမယ်တော် ရှင့်ရဟန်းမယ်တော်ဟု ဆိုအပ်သော မဂ်ဖိုလ်နှင့်စပ်သော ဤနာမည်မျိုသည်ကား၊
ပရမဒုလ္လဘံ- သင်္ချေများစွာ ပါရမီဖြည့်မှ တစ်ခါပေါ်လာ သာသနာတော်နှင့်ကြုံမှဆုံမှ အခွင့်ရသောကြောင့် အလွန်အကျူး အထူးရခဲ့ပါပေ၏။
ဣတိ-သို့၊ဂေါတမီ-သည်၊ အဝေါစ-သတည်း။

No comments:

Post a Comment