Tuesday, May 3, 2016

ဇင်းကျိုက်မြို့ပေါ်မှ သာသနာပြု ဒကာ-ဦးဝင်းနိုင်နှင့် မွတ်ဆလင်ဘာသာ အခြေအနေ"

"ဇင်းကျိုက်မြို့ပေါ်မှ သာသနာပြု ဒကာ-ဦးဝင်းနိုင်နှင့် မွတ်ဆလင်ဘာသာ အခြေအနေ"
*************************************************************
စာရေးသူသည် ၄-လပိုင်း ၆-ရက်နေ့က ဇင်းကျိုက်မြို့ပေါ်မှာ ညတရားပွဲတစ်ည ဟောဖြစ်ခဲ့ပါတယ်။ မြနန်းဆရာတော်-ဘုရား၏ ဆက်သွယ်ပေးမှုဖြင့် ဒကာဦးဝင်းနိုင်မှ ပင့်ဖိတ်ခြင်းဖြစ်သည်။ နံနက်စောစော ရန်ကုန်မှ ဇင်းကျိုက်မြို့သို့ မျိုးချစ်ဒကာ-ကိုပိုင်ပိုင်မှ ကိုယ်တိုင် ကားမောင်းပေးကာ ထွက်ခဲ့ပါတယ်။ အစ်မဖြစ်သူ ဒေါ်မြချယ်ရီလည်း လိုက်ပါခဲ့ပါတယ်။ဇင်းကျိုက်မြို့ကို ရောက်တော့ ပင့်ဖိတ်သူ ဒကာဦးဝင်းနိုင်မှ လာရောက်ကြိုဆိုပြီး အိမ်သို့ပင့်ဆောင်ခဲ့ပါတယ်။ ဒကာကြီးဦးဝင်းနိုင်က လျှောက်ပါတယ်။ တပည့်တော်အိမ်အပေါ်ထပ်က ခရီးသွားရဟန်း-ရှင်လူများ တည်းခိုဖို့အတွက် ဘုန်းကြီးကျောင်း လုပ်ထားတာတဲ့။ အတော်ကို ခမ်းခမ်းနားနားဆောက်ထားပြီး ခရီးသွားရဟန်းများ မပင်မပန်း တည်းခိုလို့ ကောင်းသည့် အိမ်ပင်၊ ရေချိုးခန်း၊ ကုဋီ၊ အပါအဝင် အစစ အရာရာ လိုလေးသေးမရှိအောင် စီစဉ်ထားတာပါ။ အိမ်ကိုပစ်ပြီး ဘာသာရေးဘက်ကိုသာ တစ်စိုက်မတ်မတ် ဆောင်ရွတ်နေသည့် သာသနာပြု ဒကာကြီးဟု ဆိုချင်ပါသည်။
ဆက်လက်ပြီး ဘာသာရေးအခြေအနေတွေကို မေးကြည့်တော့ ဗုဒ္ဓဘာသာဝင်နှင့် မွတ်ဆလင်ဘာသာဝင်တို့၏ ဘာသာရေးဆောင်ရွတ်ချက်များကို အတုယူဖွယ် ရှင်းပြပါတယ်။ တပည့်တော်တို့ ဇင်းကျိုက်မြို့မှာ လွန်ခဲ့တဲ့ အနှစ်လေးဆယ်ခန့် တပည့်တော် အသက်(၁၃)နှစ်အရွယ်လောက်က ဗုဒ္ဓဘာသာဝင်အိမ်ခြေ(၃၀၀၀) ခန့်ရှိပြီး၊ မွတ်ဆလင်အိမ်ခြေ(၂၀)သာရှိကြောင်း၊ ယခုအနှစ်လေးဆယ်အတွင်းမှာတော့ ဗုဒ္ဓဘာသာအိမ်ခြေက (၆၀၀၀) ရှိပြီး၊ မွတ်ဆလင်အိမ်ခြေကတော့ (၅၀၀)ထိမြင့်တက်လာကြောင်း၊ ဗုဒ္ဓဘာသာက (၂)ဆပဲ မြင့်တက်ပြီး၊ မွတ်ဆလင်ကတော့ အဆပေါင်း(၂၅)ဆလောက်မြင့်လာကြောင်း၊ ထိုနည်းအတိုင်းသာ လူဦးရေတိုးလာပါက နောက်အနှစ်-၄၀အတွင်းမှာ မွတ်ဆလင်လူဦးရေမြင့်မားနှုန်းမှာ မတွေ့ဝံ့စရာပင်ဖြစ်ကြောင်းနှင့် မွန်ပြည်နယ်မှာ မွတ်ဆလင်ရာခိုင်နှုန်း (၄၂)ထိ မြင့်တက်လာပြီဖြစ်ကြောင်းပြောပြပါတယ်။
ဆက်လက်ပြီးဒကာကြီးက တပည့်တော်က ၁၅-နှစ်သားကတည်းက မြို့၊နယ်၊ ကျေးရွာ ရပ်ကွက်အစုံ ဓာတ်ပုံလိုက်ရိုက်ပြီး အသက်မွေးဝမ်းကြောင်းလုပ်တော့ ဒီဒေသအတွင်းကို အတွင်းကျကျသိကြောင်း၊ ရောက်တဲ့ နေရာတိုင်းမှာလည်း ဘာသာရေးအခြေအနေများကို အကဲခတ် စုံစမ်းမှုကြောင့် မွတ်ဆလင်တို့၏ နယ်မြေများကို ဝါးမျိုနေကြောင်း၊ ဗုဒ္ဓဘာသာဝင်မိန်းကလေးများကိုယူကာ လူမျိုး ဝါးမျိုကြောင်းကိုပါ ရှင်းပြပါတယ်။ နယ်မြေတွေဝါးမျိုလိုက်တာ တပည့်တော်တို့ မြို့အနီးမှာပေါင်မြို့ဆိုတာ ရှိပြီး ထိုမြို့မှာ နတ်မှော်ရွာဆိုတာရှိပြီး ထိုရွာကလေးသည် ယခင်က ကရင်ရွာလေးဖြစ်ခဲ့ပြီး၊ထိုရွာလေးသို့ မွတ်ဆလင်ကုလား တစ်ယောက် ရောက်လာကာ ထိုရွာမှ တိုင်းရင်းသူကရင်မလေးနှင့် အိမ်ထောင်ကျကာ တဖြည်းဖြည်း လူက လူကို ဝါမျိုသည့်စနစ်ကျင့်သုံးမှုကြောင့် ယခုဆိုပါလျှင် ထိုရွာကလေးသည် မွတ်ဆင်လင်ရွာဖြစ်သွားခဲ့ကြောင်း ရှင်းပြပါတယ်။ ရိုးသားသည့်တိုင်းရင်းသူလေးများ၏ ဖော်ရွှေမှု၊ အားနာမှု၊ မေတ္တာတရားကြီးမားမှုများကို အခွင့်ကောင်းယူကာ တစ်ရွာလုံး မွတ်ဆလင်ဖြစ်အောင် ဝါးမျိုသွားကြောင်းပြောပါတယ်။ ဆက်လက်ပြီး ဒကာကြီးက တပည့်တော်တို့ဗုဒ္ဓဘာသာဝင်များကိုကြည့်တော့ အခုထိ ညီညွတ်မှုမရှိကြောင်း၊ ရန်ဖြစ်ကောင်းတုန်း၊ အိပ်ကောင်းတုန်း၊ တုံးကောင်းတုန်း၊ အ-ကောင်းတုန်းပဲဘုရားတဲ့။ ဘာသာခြားများကို လေ့လာကြည့်တော့ (၃)မျိုးလောက်သာတွေ့ရကြောင်း၊ ထိုသုံးမျိုးက လူကလူကိုဝါးမျိုနိုင်သူများကဝါးမျိုပြီး အကြမ်းဖက်နေသူ၊ ဝါးမျိုနိုင်စွမ်းမရှိသော်လည်း ငွေကြေးထောက်ပံ့နိုင်သူက ငွေကြေးထောက်ပံ့နေပေးခြင်း၊ အကြမ်းလည်းမဖက်နိုင်၊ ငွေကြေးလည်းမထောက်ပံ့နိုင်သူက အနောက်ကနေ လက်ခုပ်တီးအားပေးနေကြောင်း ထိုသုံးမျိုးသာတွေ့ရကြောင်း ရှင်းပြပါတယ်။ ဗုဒ္ဓဘာသာရွာများမှသည် ဘာသာခြားရွာများ အဖြစ်ပြောင်းလဲ သွားသည့် ရွာများစွာထဲမှာ နတ်မှော်ရွာလေးအကြောင်းကို ဥပမာဆောင်၍ ပြောပြခဲ့ခြင်းပါ။
လူကလူကိုဝါးမျိုသည့် စနစ်ကို တပည့်တော်တို့ ကာကွယ်ဖို့အတွက် “ဗုဒ္ဓဘာသာမျိုးဆက်သစ်” အဖွဲ့ကို ဖွဲ့စည်းကာ ကလေးငယ်များကို ယဉ်ကျေးလိမ္မာသင်တန်းများ တက်ရောက်နိုင်ဖို့ ငွေကြေးစိုက်ထုတ်ကာ ဖွင့်လှစ်သင်ကြားပေးခြင်း၊ အာဟာရကျွေးပြီး သင်ပေးခြင်း၊ ဓမ္မသဘင်များ ဆင်ယင်ကျင်းပခြင်း၊ စတဲ့ အလုပ်များကို လုပ်ဆောင်နေရကြောင်း၊ ညီညွတ်ဖို့ အင်အားရှိဖို့ အတော်ပင်စည်းရုံးနေရကြောင်း ဘာလို့အာဟာကျွေးမွေးပြီး စာသင်ပေးရသလဲဆိုတော့ ဘာသာခြားများက ဗုဒ္ဓဘာသာဝင်များကို သူတို့ဘာသာဘက်ရောက်အောင် ကလေးငယ်များကို မုန့်လေးများကို ဗန်းပြပြီး စည်းရုံးနေကြကြောင်း၊ စည်းရုံးပုံမှာလည်း ကလေးတွေကျောင်းဆင်းချိန်မှာ ဗုံးသုံးကို ချထားခြင်း၊ ထိုဗုံးများတွင်လည်း ခရစ်ယာန်ဘာသာဝင်၊ ဗုဒ္ဓဘာသာဝင်၊ မွတ်ဆလင်ဘာသာဝင်ဟု စာများကပ်ထားပြီး မွတ်ဆလင်ဗုံးထဲတွင် မုန့်ပဲသရေစာများထည့်ကာ ကျန်သောဘာသာဗုံးများတွင် ဘာမှမထည့်ဘဲ စည်းရုံးတာဖြစ်ကြောင်း၊ နောက်ပိုင်းကလေးများက အစ္စလာမ်ဗုံးသို့ဆီသာ ဦးတည်သွားပြီး ဗုဒ္ဓဘာသာဗုံးသို့လှည့်၍ပင် မကြည့်တော့ကြောင်း ဒါကြောင့် မုန့်ပေးကာ အစားပေးကာ သင်ပေးရကြောင်းပြောပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ဦးဦးမှ မြေရောင်းမည်ဆိုလျှင်လည်း ဒကာကြီးမှဥက္ကဋ္ဌရာထူးကို ယူထားပြီး အဖွဲ့ဝင်များထံမှ ဘယ်လောက်နှုန်းကောက်ခံပြီး ဒကာကြီးလည်းငွေကြေးစိုက်ထုတ်ကာ မြေကိုဝယ်ယူပြီး ဆိုင်ခန်းများဖွင့်ကာ အလုပ်လက်မဲ့ဗုဒ္ဓဘာသာဝင်များအတွက် အလုပ်ရစေအောင် ဆောင်ရွတ်ပေးမည်ဖြစ်ကြောင်း၊ မြေများကို လူမသိအောင် ခိုးယူနေသည့် မွတ်ဆလင်ကုလားများရှိကြောင်း၊ ထိုခိုးယူထားသော မြေများကို တရားနည်းလမ်းကျကျ ပြန်လည်ရယူပြီး နောက်ထပ်၍ မခိုးနိုင်အောင် အခန်းများဆောက်လုပ်ကာ ဗုဒ္ဓဘာသာဝင်များအတွက် ဆောင်ရွတ်နေကြောင်း၊ ထို့ပြင် ကျိုက်ထီးရိုးစေတီပေါ်တွင်လည်း နန်းဦး စားသောက်ဆိုင်ဖွင့်ကာ ခရီးသွားရဟန်းတော်များအတွက် အာဟာရဒါနများကို လှူဒါန်းနေသော လုပ်ငန်းရှင် တစ်ဦးဖြစ်ကြောင်း ပြောပြပါတယ်။
ဒကာကြီး ဦးဝင်းနိုင်၏ သာသနာပြုဆောင်ရွတ်ချက်များကား ရေးပြ၍ မကုန်နိုင်သလို၊ စာဖွဲ့၍လည်း ဆုံးတော့မည်မထင်၊ နယ်တကာ လမ်းတကာ၊ ရပ်ကွက်တကာ လှည့်လည်ကာ ဘာသာခြားများ၏ အခြေအနေ အရပ်ရပ်ကို လေ့လာပြီး ပြုပြင်စရာများ လုပ်ဆောင်စရာများကို အားသွန်ခွန်စိုက် ဆောင်ရွတ်နေသည့် ဒကာကြီး ဦးဝင်းနိုင်အား စာရေးသူအရှင်အနေဖြင့် ဇင်းကျိုက်မြို့ပေါ်မှ ကိုယ်ကျိုးမဖက် သာသနာပြု စံပြဒကာကြီးဟု တင်စားလိုက်ပြီး ဘာသာရေးအခြေအနေများကို အစဉ်တစ်စိုက် အကဲခတ်လေ့လာကာ သာသနာပြုလုပ်ငန်းများကို ဒီထက်မက ကျန်းမာချမ်းသာစွာဖြင့် ဆောင်ရွတ်နိုင်ပါစေကြောင်းနှင့် ဒကာကြီးဦးဝင်းနိုင်ကဲ့သို့သော သာသနာပြု စံပြပုဂ္ဂိုလ်များ တိုင်းပြည်အနှံ့ ပေါ်ပေါက်ပါစေကြောင်း ဆုတောင်းလိုက်ရပါသည်။
မှတ်ချက်။ ။ ဓာတ်ပုံမှာ ဒကာကြီးဦးဝင်းနိုင်နှင့် ဒကာကြီး၏ ညီမ-မနန်းထွေး မောင်နှမနှစ်ယောက်၏ ပုံဖြစ်သည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment