Wednesday, May 4, 2016

ပုထုဇဉ်သံဃာမှာ ဘာများကြည်ညိုစရာရှိလဲ ??

ပုထုဇဉ်သံဃာမှာ ဘာများကြည်ညိုစရာရှိလဲ ??
============================
မိလိန္ဒမင်းက ပုထုဇဉ်ရဟန်းတော်များအပေါ်
အမြင်မကြည်လင်တဲ့အတွက်
" ကြည်ညိုစရာတစ်ကွက်မှရှာမရ" ဖြစ်နေလို့-

အရှင်နာဂသေနမထေရ်က ရှာပြတဲ့ ကြည်ညိုစရာများမှာ…
(၁) ရေနွေးဟာ ပွက်ပွက်ဆူအောင် ပူနေသော်လည်း-
မီးခဲကိုတော့ ငြိမ်းစေနိုင်တယ်…

ပုထုဇဉ်ရဟန်းတော်တို့ရဲ့ ကိလေသာကို
ရေနွေးလောက် ပူနေတယ်ထင်ရင်…
ကိုယ့်သန္တာန်မှာ လောင်နေတဲ့
ကိလေသာမီးခဲနဲ့ နှိုင်းယှဉ်ကြည်ညိုပါ။

(၂) နွံဗွက်ရေဟာ နောက်ကျိနေသော်လည်း-
မစင်ကိုတော့ ဆေးကြောနိုင်တယ်…

ပုထုဇဉ်ရဟန်းတော်ရဲ့ သီလကို-
ဗွက်အိုင်ထဲက ရေလို နောက်ကျိနေတယ်ထင်ရင်…
ကိုယ့်မှာ စွန်းပေနေတဲ့ မစင်လောက် အပြစ်တွေကို
ဆင်ခြင်ပြီး ကြည်ညိုပါ။

(၃) တစ်ခြမ်းပုပ် သစ်သီးမှာလည်း-
ပြင်းပြတဲ့ ဆာလောင်မှုကို ပြေစေနိုင်တဲ့
တစ်ကိုက်စာလောက်တော့ အကောင်းရှိသေးတယ်…တဲ့။

ပုထုဇဉ်ရဟန်းရဲ့ သီလကို-
သစ်သီးပုပ်တစ်လုံးလို မြင်ရင်…
ကိုယ့်ရဲ့ ပြင်းပြဆာလောင်နေတဲ့
တဏှာရာဂ အဆာဓာတ်ကို
သတိရပြီး ကြည်ညိုပါ…လို့
ဆုံးမတော်မူတာပါ။

{{ ဘုန်းကြီးတွေဟာ သမုတိတွေပါ / ပုထုဇဉ် တွေပါဆိုပြီး
မလေးမစား (တစ်ချို့ တိရစ္ဆာန်နဲ့နှိုင်းပြီး ) ပြစ်မှားဝံ့ကြသူတို့
သတိပြုကြဖို့ပါ }}
ဓမ္မဘေရီ အရှင်ဝီရိယ ( တောင်စွန်း )
Credit-

No comments:

Post a Comment