ရောင်းသူမဲ့အအေးဆိုင်ရဲ့ဒုတိယနေ့စာရင်းရှင်းတမ်း
ဒီနေ့တော့ လူတွေပိုသိလာလို့ အအေးတွေ ရေသန့်
ဘူးတွေ တော်တော်ရောင်းရလို့ ထပ်သွားဝယ်ရပါ
တယ်။ပိုက်ဆံဘူးထဲလဲ အကြွေတွေခဏခဏသွား
ထည့်ပေးရပါတယ်။တချို့မိဘတွေကလဲ ကလေးတွေ
ကိုခေါ်လာပြီး ရောင်းသူမဲ့ဆိုင်မှာဝယ်ရတဲ့ဓလေ့ကို
လေ့ကျင့်ပျိုးထောင်ပေးနေတာတွေ့ရလို့ ဝမ်းသာပီတီ
ဖြစ်ရပါတယ်။ဒီနေ့ဝမ်းသာစရာကောင်းတာက
စုစုပေါင်း ရေသန့် ၁၈ဘူး၊အအေး၅၄ဘူးရောင်းရတာ
ပိုက်ဆံတွေအကုန်ပေးသွားကြလို့ ၂၁၆၀၀ကျပ်ရတဲ့
အပြင် တချို့လူတွေက အမ်းငွေမယူသွားကြလို့၁၆၀၀
ကျပ်ပိုနေပါတယ်။ရေသန့်တစ်ဘူးကို၅၀ကျပ်နဲ့အအေ
တစ်ဘူးကို ၂၅ကျပ်မြတ်ပါတယ်။ဒါကြောင့်အမြတ်ငွေ
၂၂၅၀ကျပ်ရပြီး ပိုငွေ ၁၆၀၀ကျပ်နဲ့ပေါင်းယင် ၃၈၅၀
ကျပ်ရပါတယ်။ဒီနေ့မရိုးမသားယူသူမရှိတာဟာ
ဆိုရှယ်မီဒီယာမှာ အရမ်းပြန့်နှံသွားပြီး ယူမယ့်သူလဲ
မယူရဲတော့ဘူးလို့ ထင်ပါတယ်။ကောင်းမွန်တဲ့စိတ်
ဓါတ်တွေပြောင်းလဲရာမှာ အားလုံးပူးပေါင်းပါဝင်ကြ
တဲ့အတွက် ကျေးဇူးပါခင်ဗျ။
ကိုဝမ်း
မောင်လူပျော်
ONETOONEပြည်သူ့ကူညီရေးအဖွဲ့
( မန္တလေးမြို့ )
No comments:
Post a Comment