Tuesday, May 10, 2016

မြတ်ဗုဒ္ဓ၏ ဓမ္မဒူတ တမန်တော်များ (အပိုင်း-၂)

မြတ်ဗုဒ္ဓ၏ ဓမ္မဒူတ တမန်တော်များ (အပိုင်း-၂)

============================

အိန္ဒိယမှ ပညာသင်ကြွလာပြီး မြန်မာပြည်၌ ဆရာတော်ဦးသာသန၀ရ (MA.ဓမ္မာစရိယ)သည် ဓမ္မဗိမာန်စာပေဆုအသင်းတည်ထာင်ပြီး၊ရှေးဟောင်းဗုဒ္ဓစာပေကျမ်းစာများကို ပြန်လည်ရိုက်နှိပ်ထုတ်ဝေခြင်း၊ အဋ္ဌကထာဝတ္ထုများကို ဘာသာပြန်ခြင်း၊အဘိဓာန်ကျမ်းကြီးများကို ပြုစုခြင်း၊လူထုအကျိုးပြု ဘာသာရေးစာပေများကို ရွေးချယ်ဆုချီးမြှင့်ခြင်းစသည့် သာသနာပြုလုပ်ငန်းများကို ဦးစီးတည်ထောင်လျက် တစ်ဖက်တစ်လမ်းမှလည်း စာပေပို့ချခြင်း၊စာကြည့်တိုက်များတည်ထောင်ခြင်းဖြင့် သာသနာပြုလျက်ရှိပေသည်။

ဆရာတော်တည်ထောင်သည့် စာကြည့်တိုက်များသည် အရေအတွက်အားဖြင့် (၂၀) ကျော်ရှိသည်ဟု သိရပေသည်။ ကျွန်ုပ်တို့ မစိုးရိမ်တိုက်သစ် ဘ၀အလင်းရောင်စာကြည့်တိုက်ကိုပင်လျှင် ဆရာတော်ဦးသာသန၀ရက များစွာထောက်ပံ့ပေးခဲ့၏။ ဆရာတော်၏လုပ်ငန်းများကိုကြည့်လျှင် ရဟန်းသံဃာအတွက်ရော လူပုဂ္ဂိုလ်များအတွက်ပါ သာသနာတစ်ရပ်လုံး အကျိုးရှိမည့် စာပေပရိယတ္တိလုပ်ငန်းများဖြစ်သည်ကို တွေ့ရှိနိုင်ပေသည်။

ထို့ကြောင့် နိုင်ငံခြားပညာသင်ကြွသော  ဆရာတော်များသည် ကျွန်ုပ်တို့နိုင်ငံ ကျွန်ုပ်တို့သာသနာ၏ ဂလိုဘယ်မျက်လုံး၊ဂလိုဘယ်လက်ရုံးကြီးများ ဖြစ်ကြလေသည်။နိုင်ငံခြားပညာသင်ကြွသော ဆရာတော်များ သည်ထက်ပို၍ ပေါ်ထွန်းလာအောင် နိုင်ငံခြား၌ ပစ္စည်းလေးပါး မပင်ပန်း မညှိုးနွမ်းစေရဘဲ ပညာရေးသက်သက်ကိုသာာ ဆောင်ရွက်နိုင်အောင် ပညာသင်စရိတ် စာအုပ်စာတမ်းများကအစ အစစအရာရာ မပူပင်ရလေအောင် ထောက်ပံ့လှူဒါန်းဖို့ရန်မှာ ကျွန်ုပ်တို့နိုင်ငံ ကျွန်ုပ်တို့လူမျိုး၌ တာဝန်ရှိလေသည်။ ဖြစ်နိုင်လျှင် နိုင်ငံခြားပညာသင်ရဟန်းတော်များ ထောက်ပံ့ရေးအသင်း တည်ထောင်ပြီး ထိုအသင်းကြီးမှ အရည်အချင်းရှိသည့် ရဟန်းတော်များကို ရွေးချယ်ခြင်း၊စေလွှတ်ထောက်ပံ့ခြင်း၊ပညာရေးပြီးဆုံးလျှင် ပူဇော်ပွဲများ ကျင်းပပေးခြင်း၊ကျောင်းရှာ၊ကျောင်းအပ်၊ကျောင်းလှူခြင်းများပြုလုပ်လျှင် ပို၍ထိရောက်ပေမည်။

ဦးပဉ္ဇင်း
ဝီရသူ(မစိုးရိမ်)
30.10.2006

No comments:

Post a Comment