Saturday, May 7, 2016

"ရွှေဆံနွယ်"


"ရွှေဆံနွယ်"
(သို့မဟုတ်) ဣစ္ဆာသယရွှေလက်ပိုင်ရှင်
~~~~~~~~~~~~~~~~~~~~
`ရွှေဆံနွယ်´ထေရ်မဟာ
စေတနာ သဒ္ဓါထက်သမျှ
ညာလက်က ပေးနိုင်သည် ...။

လောကလူတွေ
သောကအပူဝေ မအေးသမျှကို
ဖေးမလို့ ကူညီ ...။

မြန်မာတွင် မရပ်
ကမ္ဘာပင် ပတ်ကာ ခရီးဆက်မြဲလို့
တီးချက်မစဲတဲ့ ဘုန်းတရားစည်
နှလုံးသားအလီလီ၌ တည်စေကြောင်း ...။

ဣစ္ဆာသယရွှေလက်နဲ့
မြေထက်တဲ့ (ပြည်)ပြေရွာတစ်ခွင်မှာ
ပဒေသာပင် ပျိုးစိုက်တည်သလို
အကျိုးထိုက် မှီစေ စခန်းမြေတစ်လျှောက်မှာတဲ့
လမ်းတွေဖောက်ကာ တံတားဆောက်လှူ လို့
သွားရောက်သူတွေ ဘေးလုံခြုံသတဲ့
ဆေးရုံအဖုံဖုံ ဆေးခန်းအစုံစုံနဲ့
ပေးစွမ်းမကုန် သင်တန်းတွေက
အစဉ်လန်းစေ ဘဝအသိပြလို့
ပရဟိတတွေ သုံး,ချိုးမကုန်ဘူး
ဘုန်းတန်ခိုးဂုဏ် အဆီအနှစ်နဲ့
ပြည်သစ်တည် မြန်မာ့အရေးမှာ
ဓမ္မပေးဆရာ အသက်ရှည်ကြောင်းကို
(အားလုံးက ...)
မြွက်ချွေ ဆုတောင်း .....။

                            စာပေရွာ မောင်သက်ဆွေ
                                (ရေးဖွဲ့ပူဇော်သည်။)
                                     7-5-2016

No comments:

Post a Comment