Monday, May 9, 2016

အဖြေရှာသင့်နေပြီ

အဖြေရှာသင့်နေပြီ
-----------------------
တနှစ်တနှစ်ကို အမြန်လမ်းမှာ ယဉ်တိုက်မှု့ဖြစ်ပြီး
သေဆုံးရသူဦးရေဟာ အဆမတန် များပြားလာတယ် ကြားလိုက်ရင်လည်း မကြားဝံ့
မနာသာသတင်းချည်းပါပဲ

ဘာ့ကြောင့်လည်း
လမ်းမကောင်း လို့ ဆိုပြီး အများစုက ပြောနေကြ
ပေမဲ့အခြားအကြောင်းတွေလည်း ရှိပါသေးတယ်
လမ်းမကောင်းရုံသက်သက်နဲ့  ဒီလောက်သေ
စရာအကြောင်းမရှိပါဘူး ကားဒရိုက်ဘာ တွေရဲ့
ညံ့ဖျင်းမှု့ သက်သက်လည်းမဟုတ်ပါဘူး

တကယ်တော့
လမ်းမကောင်းမှု့ သေပြီးတစေ သရဲ နာနာဘာဝ
တွေရဲ့ နှောင့်ယှက်မှု့ ကားဒရိုက်ဘာတွေ ရဲ့
သောက်စားမူးယစ်မှု့ ကြောင့် ပရလောကသား
တွေရဲ့ အလွယ်တကူ နှောင်ယှက်လို့  ရနိုင်မှု့
ကြောင့် ဖြစ်နေတာပါ

မမြင်ရနိုင်တဲ့ အရာတွေကို သက်သေပြချက်
ယူမရပေမဲ့ ဘုရားဟောအရသော်၎င်း
ဖြစ်တတ်တဲ့သဘောတရားကြောင့် ထူးဆန်းမှု့
အဖြစ်လူ့ လောကမှာမကြာမကြာ ပုးဝင်နှောင့်ယှက်မှု့ကို တွေ့ မြင်မှု့ကြောင့်သော်
၎င်း ယုံကြည်သင့်လှပါတယ်

မေတ္တာသုတ်ဖြစ်ပေါ်လာတာဟာ တစ္ဆေသရဲတွေရဲ့
နှောင့်ယှက်မှု့ကြောင့် တရားအားထုတ်လို့ မရတဲ့
ရဟန်တော်တွေကိုဘုရားရှင်က သင်ပေးလို့ 
ဖြစ်ပေါ်လာတာပါ
သဘာဝဘေးအန္တရယ်မျိုးစုံကျရောက်တတ်တဲ့
ကပ်ဘေးသင့်တာဟာ လူတွေရဲ့ သီလ သမာဓိ
ပညာ အားနည်းချိန်မှာဖြစ်တတ်ပါတယ်
အဲဒီလို သီလ သမာဓိ ပညာ အားနည်းနေချိန်မှာ
ပရလောကသားများဟာလည်း လူ့ လောကကို
ဝင်ရောက်ပြီး နှောင့်ယှက်တက်ပါတယ်

တခြားအချိန်မှာ မလွယ်ကူပေမဲ့ ခုလိုမျိုးအကုသိုလ်ကြီးနေချိန်မှာတော့
နှောင့်ယှက်ရတာ လွယ်ကူပါတယ်
အမြန်လမ်းမှာ ကားခဏခဏမှောက်တာဟာ
အဲဒီအကြောင်းတရားတွေလည်းပါပါတယ်
ကားမောင်းနေစဉ် ရုတ်တရက် လူလိုလို ဘာလိုလို
ဖြတ်ကူးတာကို ဒရိုက်ဘာကတွေ့ မယ်
ရုတ်တရက်ရှောင်မယ် အရှိန်ပြင်းပြင်းနဲ့ လာနေတာသတိမထားမိဘူး ရုတ်တရက်တွေ့ တော့ ဘာမှမစဉ်းစားပဲ ရှောင်လိုက်မယ်
အဲဒီလိုဖြစ်စဉ်တွေများပါလိမ့်မယ် ပြီးတော့
ဒရိုက်ဘာက သာမန်ထက် ပိုပြီးအိပ်ချင်လာလိမ့်
မယ် တစ္ဆေသရဲတွေမှာ ကမ္မသိဒ္ဓိ တန်ခိုးဆိုတာ
ရှိပါတယ် အကုသိုလ်ကြီးပြီး ပျက်စီးတော့မယ်
ဆိုရင် သူတို့ ကပျက်စီးဖို့ စေ့ဆော် ပေးလိုက်တာနဲ့  လူ့ လောကမှာ အများကြီး
ပျက်စီးတော့တာပါပဲ

ဒရိုက်ဘာတွေ အရက်သေစာ ရှောင်ကြဉ်ရမယ်
ညဘက်အသားငါးစားတာရှောင်ကျဉ်ရမယ်
ပရိတ်ပဋ္ဌာန်းကို ကားပေါ်မှာဖွင့်နေရမယ်

ခရီးသည်တွေကလည်း ဘုရားစာ တရားစာတွေကို ရသလောက် ရွတ်ဖတ်ရမယ်

အစိုးရကလည်း လမ်းကိုပြင်ပေးရမယ်
အမိန့် တော်ပြန်တမ်းတွေ ဖတ်ကြားပေးရမယ်
သီလသမာဓိပညာ ပြည့်စုံတဲ့ဆရာတော်ကြီး
များဦးဆောင်ပါဝင်တဲ့သံဃာတော်အရှင်မြတ်
များဟာ ပရိတ်ရွတ် ကမ္မဝါဖတ် ပရလောက
သားတွေနေဖို့ နေစရာ နတ်မင်းကြီးတွေဆီမှာ
နေရာတောင်းပေး စတဲ့ဗုဒ္ဓဘာသာတို့  ပြုသင့်
ပြုလုပ်ထိုက်တဲ့ အရာတွေကို အစိုးရနဲ့ ရဟန်း
ပညာရှိ လူပညာရှိများနဲ့ တိုင်ပင်ပြီး အမြန်ဆုံး
ပြုလုပ်သင့်လှပါတယ်

အဲဒီလိုမလုပ်နိုင်သေးသမျှ ကားမှောက်မှု့
လူသေမှု့တွေဟာ တနှစ်ထက်တနှစ် တိုးလာ
နိုင်ပါကြောင်း သုံးသပ်မိပါတယ်

တသံသရာလုံးက ပြုလုပ်ခဲ့တဲ့
မကောင်းမှု့ကုသိုလ်ကံတွေဟာ
အခုလို ခေတ်ဆိုးခေတ်ပျက် ကြုံတွေ့ ချိန်တွေမှာ
အကျိုးပေးတတ်တယ်ဆိုတာ
မမေ့ကြပါနဲ့ 

share

No comments:

Post a Comment