YawStar No USB_v1.2
==============================================================================
ကျွန်တော်တွေ့ဖူးတယ်။ ကွန်ပြူတာသင်တန်းတစ်ခုမှာပေါ့ USB ပေါက်ကို 502 ကော်နဲ့ အသေပိတ်ထားတာ။ ဘာလို့ပိတ်ထားတာလဲ မေးလိုက်တော့ ပြောတယ် “ ကွန်ပြူတာမှာ USB Stick တွေလာလာထိုးကြလို့ဗျ။ လာထိုးပြီးကူးတာတွေက ပြဿနာမရှိဘူး။ သူတို့ Stick တွေထဲမှာ Virus တွေပါလာတော့ စက်ကိုကူးလို့ Stick ထိုးလို့မရအောင် ပိတ်ထားလိုက်တာ” တဲ့ဗျာ။ အဲဒါနဲ့ ဒီ Software ရေးဖြစ်သွားတာပါ။ အရင်က NoUSB Version 1.0 နဲ့တော့ ထွက်ဘူးတယ်။ အခုကတော့ version 1.2 ပေါ့ဗျာ။ အရင်ကထက်ဘာတွေကောင်းလာလဲဆိုတော့ အရင်လို့ Registry မှာပဲ ပိတ် ထားတာမဟုတ်ပဲ Admin Security သုံးမျိုးသုံးပြီးတော့ ပိတ်ထားတာဖြစ်ပါတယ်။ Administrator ကနေ Access လုပ်ခွင့်ကိုပါပိတ်ထားပေးနိုင်ပါတယ်။ အသုံးပြု ပုံကလဲ ရှင်းအောင် လုပ်ထားပါတယ်။ ဘေးက Stick ပုံ Icon လေး စိမ်းနေရင် USB Stick ကို ကူးလို့ ဖွင့်လို့ ရပါလိမ့်မယ်။ လိမ္မော်ရောင်လေး ပြောင်းနေ ရင်တော့ ၀င်ကြည့်လို့တော့ ရမယ်။ ဒါပေမယ့် ဘာမှ ထပ်ထည့်လို့မရ၊ ဖျက်လို့မရ အောင် Write Protection ရော Permission ရော ပိတ်ပေး ထားမှာဖြစ်ပါတယ်။ အနီရောင်ပြောင်းမယ်ဆိုရင်တော့ USB Stick ကိုပါ မပေါ်တော့အောင် ဖျောက်ပေးထားမှာဖြစ်ပါတယ်။ ဒါ့အပြင် Options မှ Deny Access to All Removable Devices ကိုရွေးထားခဲ့မယ်ဆိုရင်တော့ ဘယ် Removable Devices ကိုမှ မပေါ်အောင် ပိတ်ပေးထားပါလိမ့်မယ် MTP ( Media Transfer Protocol ) ကိုပါ ပိတ်ပေးမှာဖြစ်ပါတယ်။ လိုအပ်လို့ အသုံးပြုမယ်ဆိုရင်အောက်မှာ Download ယူနိုင်ပါတယ်။
YawStar No USB_v1.2 (1.8MB )>>>>>>>
https://app.box.com/s/m3da195xas3gw7pajlp12a74vmgll2nl
No comments:
Post a Comment