Tuesday, April 26, 2016

မသိလို့ ပါ

မသိလို့ ပါ
----------

ကမ္ဘာပေါ်မှာ အချမ်းသာဆုံးစာရင်းဝင်ဖို့  အလုပ်တွေကို မနားမနေ ကြိုးစားပြီး အချိန်ကို
လူ့ ဘဝ တဘဝ ချမ်းသာဖို့ လောက်သာ  အသုံးချတတ်သူတွေဟာ
နောက်ဘဝ ဆိုတာကို မယုံကြည်နိုင်ကြတဲ့ မျက်ကန်းများသာ ဖြစ်ပြီး နောင်သံသရာ
မှာ ၃၁ ဘုံအတွင်း ဘဝမျိုးစုံအောင် ကျင်လည်
ရအုံးမှာပါလားဆိုတာ မသိလို့  ဒီတဘဝလောက်ကို ကြီးကျယ်တယ် ထင်ထား
ကြတဲ့ အတွေးအခေါ် မှားယွင်းနေသူတွေပါ

မိုင်ယာမီတို့  ဘာလီကျွန်း တို့ ကိုသာဟာတယ်
ထင်ပြီး အပန်းဖြေသွားကြသူတွေဟာ
တာဝတိံတာ တုသိတာ အစရှိတဲ့နတ်ပြည်တွေ ရဲ့ သာယာမွေ့ ပျော်ဖွယ်အကြောင်း
မသိလို့ သာ သွားနေကြတာပါ

တကယ်တော့ ဗုဒ္ဓဘာသာဝင်များဟာ
ဆွမ်းတဇွန်း ရေတခွက် လှူတန်းယုံနဲ့  အဲဒီစည်းစိမ်မျိုး ရရှိနေကြတဲ့ အခွင့်ထူးခံ လူတန်း
စားတွေပါပဲ

ဘယ်သူဋ္ဌေးကြီးက ဘယ်ဟော်တယ်ကြီးမှာ
ဘယ်ဇိမ်ခံသင်္ဘောကြီးမှာ ဘယ်လို စည်းစိမ်အပြည့်နဲ့  ခံစားတယ်ဆိုတာဟာ
သင်္ကန်းသုံးထည် သပိတ်တလုံးနဲ့  လူသူအရောက်နည်းတဲ့ တောထဲက သင်္ကန်းရွက်ဖျင် တဲ့လေးမှာ ဗုဒ္ဓတရားတော်တွေကို ကျင့်သုံးနေထိုင်လို့  ရ ရှိလာတဲ့ စိတ်ချမ်းသာမှု့ အကြောင်းကို မသိလို့ 
သူတို့ စည်းစိမ်ကို
ကြီးကျယ် တယ်လို့  ထင်နေကြတာပါ

ဗုဒ္ဓက
လူ့ စည်းစိမ် နတ်စည်းစိမ် ဗြဟ္မာ့စည်းစိမ်ဆိုတာ
အဲဒီတောထဲမှာ ဘာမှမရှိပဲ တရားကျင့်နေတဲ့
ရဟန်းတော်စည်းစိမ်ရဲ့ ၃၆၅ စိတ် တစိတ်တောင်
မမီပါဘူး တဲ့

ပြောချင်တာက

ဗုဒ္ဓဘာသာဝင်တွေရဲ့ တန်ဖိုးဟာ
အင်မတန်ကြီးကျယ်ခမ်းနားတယ်ဆိုတာကို
ပြောချင်တာပါ

ဗုဒ္ဓဘာသာဝင်များ
မိမိတို့ ဘာသာရဲ့
အတိမ်အနက်ကို
နားလည်နိုင်ကြပါစေ

            ဦးမြင့်ခိုင်

share

No comments:

Post a Comment