လူ မထွက်ကြစေကြောင်းမေတ္တာစာ
=======================
=======================
ဖြူဖြူဝါ၀ါ၊ ပြာပြာစိမ်းစိမ်း၊ ရွှေနံ့သာရင်မှာလိမ်း၍ ပိန်းရိုက်လို့လာလာ၊ ..........
ပဒုမ္မာကြာစစ်ကို၊ လှစ်၍ပင်ပြပြ၊ .....
ကကခုန်ခုန် ၊ ပန်းနှစ်ငုံခိုင်လွှာကို ၊ ဗလာပင် ထားထား.......
ပါးဆီကတစ်ခွင်၊ ဆံစည်ဗျာကိုက်၊ ပန်းစိုက်၍ လာလာ ၊ ကေသာလောမာ၊ ဒွတ္တိသာဟု၊(ဒွတ် တိန်သာဟု)
အနတ္တလက္ခဏာ၊ တရားနှင့်ရှာသောအခါ၊ ဘာမှမဟုတ်၊ ရေအိမ်ဟောင်းပုပ်သည့်နှယ်၊ စက်ဆုပ်စရာ၊ ထိုခြင်းရာကို၊ ဉာဏ်မှာအပြစ် မြင်တရှင့်.......
ရွှင်ရွှင်ပါးပါး၊ ထင်ယောင်မှားနှင့်၊ ညီဖွား မောင်တို့မှာ..
ပဗ္ဗဇိတာဘာဝေါ ဒုလ္လဘောဟု၊ မိန့်ဟောအမှန်၊ လာရှိဟန်ကို ၊ ဧကန်မပွား၊ ချင့်ထောက်ထားရ မည်၊
တရားကျမ်းအရလည်း ၊ သမ္ပယောဂ သိနေ ဟနှင့် ၊ ချစ်လှသည့်ပြည့်ဝကို ၊ ပသာဒသင်္ဂ ဟော၊ ဘုံပျံလျော၍၊ တောကြီးမြိုင်ခွင်၊ ခြုံထဲဝင် သည့်နှယ် ၊ မကြင်မချစ် မမြစ်ကို ပစ်ထား၍၊ အယုတ်ကို သွားရမည်ဖြစ်သော ကြောင့်၊ ယဉ်လှသည့် ညီကလျာ တင့်ရဲတော် မူပါနှင့်...
ဝါတော်ကနုနယ်၊ ရွယ်တော်ကပျို၊ကိုယ်တော်က နုနု ၊ ခုနှယ်ချိန်များကို ၊ ကိုယ်တွင်းဉာဏ် လှည့်စား၍ ၊ မှားပါမည်အကြံ ၊ လန်ပါမည်တပ် တော်၊ ချော်ပါမည်တပ်စွဲ၊
ထောင့်ငါးရာသူရဲကို၊ အောင်ပွဲဇယ ၊ အောင် တပ်ကြီးချမည်ကြောင့်၊ ၀ါယမစွမ်းအား၊ သတိ တော်ထားပြီးလျင် ၊တရားနှင့်ချိန်ထွင် ၊ ဉာဏ် တော် နှင့်ဆင်ခြင်၍၊
ညီအရှင်အများ၊ အပျိုဖြူလွင်လွင်၊ မြင်ရုံနှင့် ထင်ရှား၊ လိုက်ယောင်မှားချေက၊ ကျားမိသည့်ခွေး၊ လေးမိသည့်စွန်၊ ကွန်မိသည့်ငါးမိုက်၊ ပိုက်မိ သည့်ရွှေယုန်၊ ဆင်းရဲပေါင်းကြုံလိမ့်မည်၊ လူဘုံ တွင်တစ ၊ ဒုက္ခရာရာတွေ့မည့်တာကြောင့်၊ ပညာနှင့်တွေးမျှော်၊ သံဝေတော်ပိုက်ဖြား၍၊ သတိတော်ထားစေချင်ကြောင်းများကို
ကြားမှာလိုက်ရပေသတည်း.....
( စလေဦးပုည)
No comments:
Post a Comment