Saturday, April 23, 2016

တလအတွင်း အမဲစက်၊အမာရွတ်ပျောက်နည်း

တလအတွင်း အမဲစက်၊အမာရွတ်ပျောက်နည်း

တရက်က လူနာကြည့်ရင်း လူနာတယောက်က အမဲစက်၊ အမာရွတ်ပျောက်တဲ့ ဆေးနည်းကို ပြောသွားတယ်။ သူလည်း ဒီနည်းနဲ့ ပျောက်သွားတာတဲ့။ဟုတ် မဟုတ်တော့ မသိ။ လုပ်ရတာတော့ အရမ်းလွယ်ပါတယ်။

မျက်နှာကို ရေနွေးနဲ့ စင်ကြယ်အောင်သစ်ပါ။ ပြီးရင် ငှက်ပျောသီးအခွံကို ယူပြီး အတွင်းဖက်ခြမ်းကို မျက်နှာမှာ အုပ်ပြီးအိပ်ပါ၊တညလုံးထားပြီး မနက်မိုးလင်း အိပ်ရာနိုးရင် ပြန်ခွာပေးပါ၊ လူနာကတော့ ဒီနည်းအတိုင်း ရက်နည်းနည်းလုပ်ရုံနဲ့ အမဲစက်တွေ ပျောက်ကင်းသွားပြီး အခု ဝက်ခြံအမာရွတ်တွေ မရှိတော့ဘူးဆိုတယ်။ သူ့ကြည့်တော့ မျက်နှာမှာ အမဲစက်၊အမာရွတ်မရှိတာတော့ ဟုတ်တယ်။ ဘာပဲဖြစ်ဖြစ် အရမ်းလွယ်လို့ စမ်းချင်လည်း စမ်းကြည့်ကြပေါ့။ ဆိုးကျိုးမဖြစ်တာတော့ သေချာတယ်။

ဒေါက်တာ အေးမင်းထူး
၂၉.၁၂.၁၅

No comments:

Post a Comment