Saturday, April 30, 2016

မေးချင်တယ်

မေးချင်တယ်
---------------

မြန်မာနိုင်ငံကို ခရစ်ယာမ် သာသနာ စတင်ပြီး
သယ်ဆောင်လာတဲ့ ယုဒဿန်က မြန်မာနိုင်ငံမှာ
လက်ဝါးကပ်တိုင် မကပ်သ၍ ငါ မြန်မာနိုင်ငံက
မခွါဘူးတဲ့

အဲဒီရည်ရွယ်အတိုင်းပဲ ပြည်ပက ခရစ်ယာမ်ဘာသာဝင်တွေရဲ့ အကူအညီယူပြီး
မြန်မာနိုင်ငံက မဖွံ့ ဖြိုးတဲ့ ချင်း ကချင် စတဲ့ဒေသ
တွေဆီ အရောက်သွားပြီး လူမှု့ကူညီမှု့အဖွဲ့ အစည်းနွေပြုလုပ်ပြီး ခရစ်ယာမ် သာသနာကို
အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့တယ်
အခု မြန်မာနိုင်ငံမှာ ခရစ်ယာမ်သာသနာဝင်တွေ
အများကြီးဖြစ်နေပြီ

ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေပေါက်ကွဲမှု့ကြောင့်
အနီးစပ်ဆုံးနိုင်ငံတွေကို ဖြန့် ဝေခွဲထွက်တဲ့အခါ
အုပ်ချုပ်မှု့ လျှော့နည်းတဲ့ ရခိုင်ဒေသ ကနေတဆင့် မြန်မာနိုင်ငံအနှံ့ အပြားမှာ
အစ္စလာမ် ဘာသာဝင်တွေ ကြီးစိုးနိုင်ခဲ့တယ်

မြန်မာနိုင်ငံဟာ ဗုဒ္ဓတရားတော်နဲ့ အညီ နေထိုင်
နိုင်ခဲ့တယ် လူလူချင်း မေတ္တာထားပြီး ကူညီခဲ့တယ် အိမ်ရှင်ပီသစွာ ဧည့်သည်တွေအပေါ် ဧည့်ဝတ် ကျေခဲ့ပါတယ်

အခု ဘာသာရေး အဆောက်အဦးတွေ ဆောက်တာ စေတီ တည်တာတွေနဲ့  ပါတ်သတ်ပြီး ဘာသာခြားတွေက ဗုဒ္ဓဘာသာတွေကို ကျူးကျော်တယ် ဆိုပြီး
စွပ်စွဲတဲ့အခါ များစွာ စိတ်မကောင်းဖြစ်မိတယ်

ကျူးကျော်တာက ဘယ်သူလည်း

အိမ်ရှင်က ဘယ်သူလည်း

ဧည့်သည်က ဘယ်သူလည်း

ကိုယ့်မြေပေါ်မှာ နေပြီး ကိုယ့်ဘာသာရဲ့
အဆောက်အဦးတွေ ဆောက်တာ ကိုယ့်ဘာသာ
တိုးတက်ဖို့ ပါ ဘယ်သူ့ ဆီက ခွင့်ပြုချက်ယူနေရဦးမှာလည်း

တခုမေးချင်တယ်

မိမိတို့ ပိုင်တဲ့ အိမ်ခြံမြေထဲမှာ လူသားချင်းစာနာပြီး
ကူညီထားတဲ့အခါ အကူအညီယူထားသူက
သူ့ နေရာအပိုင်ပါဆိုပြီး အိမ်ရှင်ကို ပြန်ပြီး
တောင်းဆိုမယ်ဆိုရင် မိတ်ဆွေတို့ ရင်ထဲမှာ
ဘယ်လိုနေမလဲ အပိုင်ခွဲပေးမလား နှင်ထုတ်မလား

အဲဒီမေးခွန်းကို ဘာသာခြားတွေ
ဖြေကြည့်ကြပါ

share

No comments:

Post a Comment