Saturday, April 23, 2016

Rose water နှင်းဆီရည်လုပ်နည်း

Rose water နှင်းဆီရည်လုပ်နည်း

နှင်းဆီရည်လုပ်နည်း အမျိုးမျိုးရှိတယ်။ ဒီနည်းက အလွယ်ကူဆုံးလို့ ယူဆတဲ့အတွက် နည်းတမျိုးထဲကို  ဖော်ပြလိုက်ပါတယ်။

• လောလောလတ်လတ် ခူးထားတဲ့ နှင်းဆီပန်း (၇)ပွင့်ယူပါ။
• နှင်းဆီ ပွင့်ဖတ်တွေကို ချွေပြီး ကြက်သီးနွေးရေထဲစိမ်ပါ။(ပိုးမွှားနဲ့ ဓာတုဆေးဝါးကင်းစင်ဖို့ ဖြစ်ပါတယ်)
• ပြီးရင် ပေါင်းအိုး(သို့) ဒန်အိုး တခုထဲထားပါ။
• အပေါ်က နှင်းဆီပွင့်ဖတ်နစ်မြှုပ်ရုံ ရေအနည်းငယ်ထပ်ထည့်ပါ။ (ရေသိပ်များရင် အာနိသင်၊ အနံ့ နည်းသွားတတ်တယ်)
• အိုးကို လုံအောင် ဖုံးထားပြီး မီးအေးအေးမှာ နာရီဝက်ခန့် ထားပါ။ (မီးကို အပူပေးတယ်ဆိုရုံလောက်သာ ထားသင့်တယ်။ အပူချိန်ကို အနိမ့်ဆုံးထိလျှော့ထားပါ)
• ပုံမှန်အားဖြင့် နှင်းဆီပွင့်ဖတ် အရောင်ဖျော့သွားချိန်(သို့) အရည်က နှင်းဆီရောင် သမ်းလာတဲ့အခါ အပူပေးတာကို ရပ်လိုက်ပါ။ အပေါ်မှာ နှင်းဆီပန်း အဆီတွေ ဝေ့တက်လာရင် နှင်းဆီပန်းရည်တခု ရရှိပါပြီ။
• ရလာတဲ့ နှင်းဆီရည်ကို ပုလင်းတခုထဲ သိမ်းဆည်းပြီး လိုအပ်သလို အသုံးပြုနိုင်ပါတယ်။

မျက်နှာမှာ သုံးရင် တခြားပစ္စည်းတွေနဲ့ ရောစပ်သုံးသင့်တယ်။ ရေချိုးစဉ် နေ့စဉ်ထည့်ချိုးနိုင်ရင် နူးညံ့ချောမွေ့ပြီး စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၇.၃.၁၅

No comments:

Post a Comment