အကြည်လင်ဆုံး အသားအရေမျိုးဖြစ်အောင်
• ခြေလက်ကို အရင်ဆုံး ခြောက်သွေ့သန့်ရှင်းအောင် ထားပါ။ ပြီးရင် သန့်စင်တဲ့ ဂွမ်း(သို့) အဝတ်နဲ့ နွားနို့ကို စိမ်ပြီး အရေပြားထိစိမ့်ဝင်အောင် ပွတ်ပေးပါ။ ပြီးရင်နှိပ်ပေးပါ။ နာရီဝက်နေရင် အရေပြားကို ရေနဲ့ဆေးကြောသန့်စင်ပါ။ နွားနို့မှာပါတဲ့ lactic acidက ဆဲလ်သေတွေဖယ်ရှားပေးတယ်။ နောက်ပြီး အရောင်ချွတ်တဲ့အာနိသင်ရှိလို့ အရေပြားကို ဖြူဖွေးလာစေတယ်။ အရေပြားမွှေးညှငိးပေါကိထိ ဝင်ရောက်သန့်စင်ပေးတယ်။ အစိုဓာတ်ကို ထိန်းပေးတာမို့ အသားအရေနူးညံ့ပြီး ဖြူစင်ဝင်းပစေမှာ ဖြစ်ပါတယ်။
• နောက်တနည်းက လိမ္မော်ခွံခြောက်နဲ့ နွားနို့ကိုရောပြီးလိမ်းရမှာဖြစ်တယ်။ လိမ္မော်ခွံခြောက်ကို သေချာအမှုန့်ကြိတ်ပါ။ ပြီးရင် နွားနို့တခွက်ယူပြီး အရည်ပျစ်paste ဖြစ်အောင် နည်းနည်းစီထည့်စပ်ပါ။ရလာတဲ့ pasteကို လက်၊ခြေစတဲ့နေရာမှာ လိမ်းပါ။ မိနစ်နှစ်ဆယ်ထားပြီး ရေပြန်ဆေးပါ။ ဒီတိုင်း တပတ်ကို သုံးကြိမ်ခန့်လုပ်ပေးခြင်းဖြင့် နူးညံ့စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
• စန္ဒာကူးမှုန့် ထမင်းစားဇွန်းတဇွန်းကို ယူပြီး ခရမ်းချဉ်သီး ဇွန်းသေး တဇွန်း၊ ရှောက်ရည် တဇွန်း နဲ့ သခွားသီး တဇွန်းရောစပ်ပါ။ ၁၅ မိနစ်ကြာရင် ရေနဲ့ သေချာပြန်ဆေးပါ။ မကြာခင် ခြေ၊လက် အရေပြားတွေ နူးညံ့သန့်စင်ပြီး ကြည်လင်လာပါလိမ့်မယ်။
• ကုလားပဲမှုန့် ထမင်းစားဇွန်း (၂)ဇွန်းကို နွားနို့ ထမင်းစားဇွန်း (၂)ဇွန်းနဲ့ ရောပါ။ ပြီးရင် နနွင်း ဇွန်းသေး(၁)ဇွန်းနဲ့ ရှောက်ရည် ဇွန်းသေး တဝက်စာခန့် ထည့်မွှေပါ။ လိမ်းပြီး ၁၅မိနစ်နေရင် ရေနဲ့ပြန်ဆေးပါ။ နေ့စဉ်အသုံးပြုခြင်းအားဖြင့် ကြည်လင်တောက်ပပြီး ဖြူဖွေးတဲ့ အသားရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
• ရှားစောင်းလပ်ပပ်အနှစ်ကို ယူပြီး အရေပြားပေါ်လိမ်းပါ။ ၁၀မိနစ်ခန့်ပွတ်ပြီး ခြောက်အောင် ၁၀မိနစ်ခန့်ထားပါ။ ပြီးရင် ရေနဲ့ဆေးချပါ။ နောက်တနည်းက သခွားသီးကို ပါးပါးလေးလှီးပြီး အရေပြားပေါ် ငါးမိနစ်ခန့်ကြာအောင် ပွတ်ပါ။ ၁၀မိနစ်ခန့်ကြာရင် ရေဆေးပါ။ နေ့စဉ် လိမ်းခြင်းအားဖြင့် နူးညံ့သန့်စင်တဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
• အာလူးက အရောင်ချွတ်တဲ့ အာနိသင်ရှိတယ်။ အမဲစက်တွေ ပျောက်ကင်းစေပြီး အသားအရေ ဖြူဖွေးလာတယ်။ အာလူးကိုပါးပါးလှီးပြီး အရေပြားကို ပွတ်ပါ။ အာလူးရေကိုလည်း လိမ်းနိုငိတယ်။ ၅-၁၀မိနစ်ခန့်ထားပြီး ရေပြန်ဆေးပါ။ ဖြူစင်တဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
• ပျားရည်၊ ရှောက်ရည်နဲ့ နို့မှုန့်ပေါင်းစပ်ခြင်းက အသားအရေဖြူလာစေတယ်။ ပျားရည်ထမင်းစားဇွန်းတဇွန်း၊ ရှောက်ရည် တဇွန်းနဲ့ နို့မှုန့် တဇွန်းရောပြီ အရေပြားကို လိမ်းပါ။ မိနစ်နှစ်ဆယ်ထားပြီး ရေဆေးပါ။ ကြည်လင်ဝင်းပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
• ရှောက်ရည်ထမင်းစားဇွန်းတဇွန်း၊ သခွားရည် တဇွန်းနဲ့ နနွင်းတဆိတ်စာကို ရောပြီး အရေပြားလိမ်း မိနစ်နှစ်ဆယ်ထား နှစ်ပတ်အတွင်း ထူးခြားမှုမြင်တွေ့ရမှာ ဖြစ်ပါတယ်။
• နောက်တနည်းက ဗာဒံသီးလေးစေ့ကို ညလုံးပေါက် ရေစိမ်ထားပါ။မနက်မှာ အခွံခွာပြီး ညက်အောင်ကျိတ်ပါ။ ပဲမှုန့် နဲ့ နွားနို့ လက်ဖက်ရည်ဇွန်း တဇွန်းစီထည့်မွှေပါ။ပြီးရင် ရှောက်ရည်လေးစက်ထပ်ထည့်ပါ။ လှပတဲ့ အသားရေကို ပိုင်ဆိုင်နိုင်မှာပါ။
• borox powder သုံးဇွန်း၊ အလှဆီ နှစ်ဇွန်းနဲ့ နှင်းဆီရည် နှစ်ခွက်ကို ရောပြီး ၁၅မိနစ်ထား၊ ပြီးရင် ရေပြန်ဆေးပါ။ ရွှေဝါဝင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
ဒေါက်တာ အေးမင်းထူး
၂၃.၃.၁၆
No comments:
Post a Comment