Saturday, April 23, 2016

စန္ဒကူးမှုန့်သုံးပြီး အသားအရေထိန်းသိမ်းမယ်

စန္ဒကူးမှုန့်သုံးပြီး အသားအရေထိန်းသိမ်းမယ်

စန္ဒကူးမှုန့်ဟာအသားအရေအတွက် ကောင်းပါတယ်။ တိုင်းရင်းဆေးတွေမှာ အသုံးများတယ်။ အာနိသင်က အသားဖြူစေတယ်။ နေလောင်၊အမဲစက်ကို ပျောက်ကင်းစေတယ်။ အသားအရေညီညာလာတယ်။ တင်းတိပ်မှာပါ အသုံးပြုနိုင်တယ်။ ဟော်မုန်းအပြောင်းလဲကြောင့် မျက်နှာအမဲကွက်တွေထွက်တဲ့ မိန်းကလေးတွေ၊ရာသီသွေးဆုံးတဲ့ အမျိုးသမီးတွေအတွက် အထူးသင့်တော်ပါတယ်။

• စန္ဒကူးမှုန့်၊ နနွင်း၊ နွားနို့နဲ့ သံပုရာသီးအရည်ကို ဆတူရောပြီး paste ဖြစ်အောင် လုပ်ပါ။
မျက်နှာသစ်ပြီး အဆိုပါ paste ကို လိမ်းခြယ်ပါ။ပြီးရင်ခြောက်သွေ့အောင် ထားပါ။
• ခြောက်ပြီဆိုရင်မျက်နှာမှာ ရေနည်းနည်းသုံးပြီးစိုအောင် ပြန်နူးပါ။ scrub သဘော စက်ဝိုင်းပုံ ပွတ်ပေးပါ။
• နောက်ဆုံးကျမှ မျက်နှာသစ်ပါ။ သန့်စင်တဲ့အဝတ်နဲ့သုတ်ပါ။ အပေါ်က ဘာမှထပ်မလိမ်းပါနဲ့။
• ညပိုင်း အိပ်ခါနီးလုပ်ရင် အာနိသင် ပိုကောင်းတယ်။

အဆိုပါနည်းအတိုင်း တပတ်ကို သုံး-လေးကြိမ်ခန့်ပြုလုပ်ရုံနဲ့ နူးညံ့ဖြူဖွေးတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ တင်းတိပ်၊အမဲစက်ရှိတဲ့ မိန်းကလေးတွေနဲ့ ပိုမိုသင့်တော်တဲ့ နည်းတခုပါ။

(စန္ဒကူးမှုန့်ကို တိုင်းရင်းဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်)

ဒေါက်တာ အေးမင်းထူး
၁၉.၃.၁၆

No comments:

Post a Comment