ဗုဒ္ဓတရားတော်တွေဟာ လူတရောက် ရဲ့
စိတ်ကို ပြောင်းလဲနိုင်စွမ်းရှိလား
-------------------------------------------
နိုင်ငံပေါင်း ၁၃၅ နိုင်ငံကို ဝိပဿ နာ
တရားတော်တွေဖြန့် ဖြူးပြီး ကမ္ဘာ့
အရပ်ရပ်ရှိထောင်တွင်းတရားစခန်းပွဲ
တွေကျင်းပပေးတဲ့မြန်မာနိုင်ငံသား
ကမ္ဘာ့ ဝိပဿ နာဆရာကြီးဦးဂိုအင်ကာ
ဟာ အိန္ဒိယနိုင်ငံမှာကျင်းပတဲ့ ထောင်တွင်းတရားပတ်တခုအပြီးမှာ
ထောင်သားတွေနဲ့ အတွေ့ အကြုံရှင်းလင်း
ပွဲတခုလုပ်ခဲ့တယ်
အဲဒီထောင်သားအတွေ့ အကြုံရှင်းလင်း
ပွဲမှာ ရက်ရက်စက်စက်လူသတ်ခဲ့လို့ 
နှစ်ရှည်ကျခံနေရတဲ့ထောင်သားတဦးဟာ
သူ ထောင်ကထွက်လာရင် သူသတ်ခဲ့တဲ့
သူရဲ့မိသားစုဝင်တွေကို တသက်လုံး
ရိုးရိုးသားသားနဲ့ ပြန်လည်ပြီးလုပ်ကျွေး
ပြုစုကာ ဗုဒ္ဓတရားတော်တွေနဲ့ အညီ
သူ့ ဘဝကို တည်ဆောက်သွားမှာပါတဲ့
အဲဒီထောင်က ရက်ရက်စက်စက်ရှိပြီး
စိတ်ကြမ်းလူကြမ်းကြီးတွေဖြစ်တဲ့
ထောင်သားတွေဟာ တရားပတ်ပြီးတော့
ဆရာကြီးကို ဖတ်ပြီငိုနေကြတာ မျက်ရည်
ဖြိုင်ဖြိုင်ကျသတဲ့
သြော် ဗုဒ္ဓတရားတော်တွေဟာ
လူတရောက်ရဲ့ကြမ်းတမ်းခတ်ထန်တဲ့
စိတ်ကို ပြောင်းလဲနိုင်စွမ်းရှိတာဟာ
အံ့သြစရာကောင်လိုက်ပါဘိ
မိတ်ဆွေတို့ လည်း စိတ်ကြမ်းလူကြမ်း
ဖြစ်ခဲ့ရင် စိတ်ကိုယဉ်ကျေးစေတဲ့
ဝိပဿ နာတရားတော်တွေကို ကျင့်သုံး
ကြစေလိုပါတယ်
ဝိပဿ နာဟာ မိမိရဲ့စိတ်ထဲမှာရှိနေတဲ့
လောဘ ဒေါသ မောဟ စတဲ့ မလိုလား
အပ်တဲ့စိတ်မှန်သမျှကို ထုတ်ပစ်နိုင်စွမ်း
ရှိတယ်ဆိုတာတော့ အားထုတ်ကြည့်ရင်
သိနိုင်ပါလိမ့်မယ်
shareိ
No comments:
Post a Comment