Tuesday, April 26, 2016

'' အပျိုကြီး "

'' အပျိုကြီး "

သရက်သီးတွေ ဖင်ရှုံ့ရင် ပိုချိုတယ်ဆိုပေမယ့်
အချိန်လွန်ရင် ပုပ်တတ်သဗျ…။😁

အပျိုကြီးဆိုတဲ့ နာမ်စားက
ခေါ်လို့လဲမကောင်း ခေါ်ခံရတဲ့သူလဲမကောင်း…။😁

လူကြီးတွေက သမီးလေးခေါ်နေတုန်း
ကိုယ့်ကိုယ်ကို မြီးကောင်ပေါက်လေးထင်…
ကလေးတွေက အန်တီခေါ်လိုက်မှ
ဂယောင်ခြောက်ခြားနဲ့ ပြက္ခဒိန်လှန်ကြည့်ရတာမျိုး…။😁

နောက်ကားတွေက တဝှီးဝှီးကျော်တက်
စောသေးလို့ အကြောပေးထားတာ ပြောနေရပေမယ့်
တိုင်ကီထဲမှာ ဆီကနည်းနေပြီ…။😁

အမေ စပ်ဟပ်ပေးတာလဲ မလိုချင်
အဖေ သဘောတူတာလဲ မကြိုက်
ကိုယ့်စိတ်ကြိုက် ခေါင်းခေါက်ရွေးဖို့ကလည်း
ငရဲကြီးမယ့် ဆိုဒ်…
ကပ်လာသမျှက အန်ကယ်ကြီးတွေ…။😁

အပျင်းပြေမလားဆိုပြီး ဟင်းလေးချက်
ကျွေးရမယ့်သူမရှိတော့ ကိုယ့်ဘာသာစား
ဝ ဝလာမှ ငိုမဲ့မဲ့နဲ့ ဒေါသတွေထွက်…
ဘာလုပ်လုပ် အဆင်မပြေပါဘူးတဲ့…။😁

အပူမရှာဘူးဟေ့ လို့ ကြွေးကြော်
ချမ်းလာတော့လဲ လွမ်းသလိုလို၊ဆွေးသလို
အနွေးဓာတ်လေးလိုချင်တော့မှ လောင်စာကနတ္ထိ~
မရှိတရားဆိုတာ ခါးတတ်မှန်းသိလာတယ်…။😁

အလှသွေးလေးကြွယ်တုန်း ရှာတော့
Expire date လေး နီးလာတာလဲသတိပြု…
သုံးဆယ်ကျော်ရင် မစဉ်းစားနဲ့
ငှက်ပျောပင်သာ ကြိုစိုက်ထား…။😁

ဒီခေတ်ကြီးမှာ…
ငါးဆယ်တန်အပြဲ နဲ့ သုံးဆယ်ကျော်အပျိုကြီးဆိုတာ
သူတောင်းစားသွားလှူတောင် မျက်စောင်းထိုးခံရတာ…။😁

ကဲ…ကဲ…
အချိန်ရှိခိုက် လုံ့လစိုက်
ရတာလေးတွေ ဆွဲစိ ၊ ရှိတာလေးတွေ ပိုက်ထား
ဒီနှစ်မကူးခင် မင်္ဂလာစားပွဲကျွေးနိုင်အောင် ကြိုးစား…။😁

ဒါဖဲပြောမယ်… 😝😝😝

Credit ; Original Uploader

Photo by
Khin Win Phyu.

No comments:

Post a Comment