Saturday, April 23, 2016

ဆားဝက်ခြံကြောင့် စိတ်ညစ်နေလား

ဆားဝက်ခြံကြောင့် စိတ်ညစ်နေလား

ဆားဝက်ခြံဟာ ဆယ်ကျော်သက်အရွယ်တွေမှာ အဖြစ်များယ်။ ဆားဝက်ခြံပေါက်သူအများစုဟာ အဆီဂလင်းမှာ ဆဲလ်သေတွေ၊ အဆီတွေ ပိတ်ဆို့နေတာကြောင့် ဖြစ်ကြတယ်။ ဆားဝက်ခြံတွေ ဖယ်ရှားဖို့ဆိုရင် ထွက်တဲ့နေရာကို အရင်ဆုံး ရေနွေးငွေ့ပေးရပါတယ်။

ပွက်ပွက်ဆူအောင်တည်ထားတဲ့ ရေနွေးပန်းကန်တလုံးထဲ ဆားနည်းနည်းခပ်ပါ။ ပြီးရင် မျက်နှာကို ရေနွေးငွေ့ တိုက်ရိုက်ပေးပါ။ ရေနွေးငွေ့ပေးတဲ့အခါ ခေါင်းပေါ် အဝတ်တခု(သို့) တဘက် ခေါင်းမြီးခြုံအုပ်ပေးမှ အငွေ့ကမျက်နှာပေါ် တိုကိရိုက်သက်ရောက်မှာ ဖြစ်ပါတယ်။ရေနွေးငွေ့ (၅)မိနစ်ခန့်ပေးပြီး သန့်တဲ့အဝတ်စတခုနဲ့ ပြန်သုတ်ပါ။ အဲလိုလုပ်ပြီးတဲ့အခါ ဆားဝက်ခြံထွက်တဲ့နေရာကို မုန့်ဖုတ်ဆိုဒါ တဇွန်းနဲ့ သံပုရာသီး အရည် တဇွန်း ဆတူရောပြီး paste ဖြစ်အောင်လုပ်ပါ။ အဆိုပါ paste ကို ဆားဝက်ခြံထွက်တဲ့နေရာကို စက်ဝိုင်းပုံ ပွတ်လိမ်းပြီး သုတ်ပေးပါ။ (၁၀)မိနစ်ခန့် ခြောက်သွေ့အောင်ထားပြီး ရေအေးနဲ့ မျက်နှာပြန်သစ်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် မလိုအပ်တဲ့ ဆဲလ်သေတွေ ဖယ်ရှားပေးတဲ့အပြင် အဆီဂလင်းကိုပါ ကျဉ်းသွားစေလိမ့်မယ်။ နောက်ပြီး ဆားဝက်ခြံပြန်မပေါက်အောင်လည်း ကာကွယ်ပေးသေးတယ်။ အထက်ပါနည်းအတိုင်း ညစဉ်လုပ်ရုံနဲ့  သင့်မျကိနှာ၊ နှာခေါင်းမှာရှိတဲ့ ဆားဝက်ခြံတွေ မကြာခင် သိသိသာသာ သက်သာလျှော့ပါးသွားတာ တွေ့ရပါလိမ့်မယ်။

အားလုံး ဆားဝက်ခြံကင်းစင်တဲ့ မျက်နှာလှလှလေးများ ပိုင်ဆိုင်နိုင်ကြပါစေ....

ဒေါက်တာ အေးမင်းထူး
၃၀.၃.၁၆

No comments:

Post a Comment