Saturday, April 30, 2016

ဒါန ဆိုတာ

ဒါန ဆိုတာ
-------------

လူတွေဟာ ကိုယ့်မှာရှိတဲ့ပစ္စည်းကို သူများပေးလိုက်တယ်ဆိုရင် ကုန်သွားတယ်လို့ 
ထင်နေကြတယ်

မျက်မြင် မှာတော့ ကုန်သွားတာပါပဲ

ဒါပေမဲ့ - - - - -

ဗုဒ္ဓက ကိုယ့်မှာရှိတဲ့ပစ္စည်း သူများကိုပေးလိုတ်တာ လှူလိုက်တန်းလိုက်တာဟာ ကုန်တာမဟုတ်ပါဘူးတဲ့
အဲဒါ ကိုယ်ရတာပါ တဲ့

တကယ်လို့ များ
အလှူရဲ့ အကျိုးကျေးဇူးကြီးပုံကို ငါဘုရား
သိသလိုသာ သင်တို့ သိကြမယ်ဆိုရင်
သင်တို့ ထမင်းစားနေတုန်း အလှူခံပုဂ္ဂိုလ်
ရောက်လာတဲ့အခါ နောက်ဆုံးထမင်းလုပ်
ုဖြစ်နေတာတောင် ခွဲဝေပြီး လှူတန်းကြလိမ့်မယ်
ဘယ်သူမှ မလှူမတန်းပဲ စားကြမှာ မဟုတ်ဘူး တဲ့

ငါ့ဘုရားရဲ့ သဗ္ဗေညုတ ဥာဏ်တော်ကြီးနဲ့  ကြည့်လိုက်တာ လွန်ခဲ့တဲ့ ကိုးဆယ့်နှစ်ကမ္ဘာအထိ
လှူလို့ မွဲတာ တယောက်မှ မရှိဘူး

အလှူဆိုတာ

လယ်သမား လယ်လုပ်သလိုပါပဲ တဲ့
စပါးတစ်တင်းကြဲရင် စပါးတင်းလေးငါးဆယ် ပြန်ပြီးတော့ရပါတယ်  ပြန်ရတဲ့ စပါးတင်းလေးငါးဆယ် ထဲမှာ ကြဲတဲ့စပါးတတင်း
မပါဘူး ဒါပေမဲ့ အဲဒီတစ်တင်းကို အကြောင်းပြုပြီး
တင်းလေးငါးဆယ်ပြန်ရတာ ပါ

အဲဒီလိုပါပဲတဲ့

အလှူလုပ်တဲ့အခါ ကုန်သွားတဲ့ပိုက်ဆံ ပြန်မရပေမဲ့ အဲဒီလှူလိုက်တဲ့လူရဲ့ အခြားအခြားသော စီးပွားရေးတွေဟာ
မလှူခင်ကအခြေအနေထက် ပိုကောင်းလာပြီး
စည်းစိမ်ဥစ္စာတွေဟာ တိုးပွားလာရတာပါ တဲ့

ကဲ

မိတ်ဆွေတို့ ရော

ဗုဒ္ဓကို ယုံတယ်ဆိုရင်
ဘာအတွက်များ
လက်တွန့် နေဦး မှာလဲလို့ 
သတိပေးချင်ပါတယ်

share

No comments:

Post a Comment