ဖြူစင်ဝင်းပတဲ့မျက်နှာလေးတခု ပိုင်ဆိုင်နိုင်ဖို့
ဒီနည်းကို Natural Beauty Secrets စာအုပ်မှာ ဖော်ပြထားပါတယ်။ အိန္ဒိယမှာ အသုံးများဆုံးနည်းတခုဖြစ်ပါတယ်။ ဝက်ခြံပရဗျစ်ထွက်သူတွေအတွက် အထူးသင့်တော်တယ်။ အမဲစက်၊အမာရွတ်ကို ပျောက်ကင်းစေတယ်။ ဒါတင်မက နေ့စဉ်ပြုလုပ်ရင် အသားအရေပါ ဖြူဖွေးလာစေတယ်။
ပဲမှုန့် လက်ရည်ဇွန်းတဇွန်းကို ရှောက်ရည် လက်ဖက်ရည်တဇွန်းနဲ့ ရောပြီး ပန်းကန်လုံးတခုထဲထည့်ပါ။ ပြီးရင် နနွင်းမှုန့် ဇွန်း လေးပုံတပုံနဲ့ ရောပါ။ နှင်းဆီရည်(rosewater) အနည်းငယ်ထပ်ရောပြီး ခပ်ပျစ်ပျစ် ဖျော်ပါ။ တချို့က နွားနို့လည်း ထည့်တယ်။ ပြီးရင် မျက်နှာတပြင်လုံး အနှံ့လိမ်းပါ။ ခဏထားပြီး အပေါ်က mask အုပ်ပါ။ ညလုံးပေါက်ထားပြီး မနက်ကို ရေခပ်နွေးနွေးနဲ့သစ်ပါ။ အမဲစက် အမာရွတ်ကင်းစင်ပြီး ဝင်းပတဲ့မျက်နှာလေးကို နှစ်ပတ်အတွင်း ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
ဒေါက်တာ အေးမင်းထူး
၆.၃.၁၆
No comments:
Post a Comment