Monday, April 25, 2016

သူတို့ လောက်တော့ ချစ်ရမယ်

သူတို့ လောက်တော့ ချစ်ရမယ်
---------------------------------

တတိယသင်္ဂါ ယနာတင်ဖို့ အတွက်
အရေးကြီးနေတဲ့အချိန်
သာသနာတော်ကြီးအတွက်
မင်းကောင်းမင်းမြတ်လိုနေတဲ့အချိန်
သံဃာယနာတင်ဖို့  အမှူး ပြုမဲ့သူမရှိလို့ 
တန်ခိုးကြီးတဲ့ရဟန္တာကြီးတွေက
နတ်ပြည်ဗြဟ္မာ့ပြည်ကို တက်ပြီးတော့
ရှာရတယ် နတ်ပြည်ခြောက်ထပ်မှာမရှိလို့ 
ဗြဟ္မာ့ပြည်ကိုတက်ရှာတော့မှ ရှင်မဟာ
မောဂ္ဂလိပုတ္တတိဿ      ဖြစ်မဲ့ဗြဟမ္မာကြီးကို
တောင်းပန်ပြီး လူ့ ပြည်မှာ ဘုရားရှင်သာ
သနာတော်အတွက် ဗြဟ္မာစည်းဇိမ်စွန့် 
လွှတ်ပြီး လူ့ ပြည်ကို ဗြဟ္မာသက်ခြွေကာ
ဆင်းလာခဲ့ရတယ်

အဲဒီလောက်ထိ ကြီးကျယ်မြင့်မြတ်တဲ့
သာသနာတော်

နောက်ပွင့်မဲ့အရိမေတ္တယျဘုရားရှင်ရဲ့
လက်ယာရံ ဖြစ်မဲ့  ဒုဋ္ဌဂါမဏိမင်းကြီးဟာ
သာသနာတော်အတွက်တိုက်ရတာပါ
ဆိုပြီး ဗုဒ္ဓဘာသာစစ်သား ရှစ်သောင်းနဲ့ 
ကျည်းကုလားသုံးသန်းကို သတ်ခဲ့ရတယ်
အဲဒီမင်းကြီးဟာ စစ်တိုက်ထွက်တိုင်း
သံဃာတော်အပါး၂၀၀ ကိုစစ်မြေပြင်ကို
ပင့်ဆောင်သွားသတဲ့
သံဃာတော်ကိုမဖူးမြင်ရရင် အလုပ်အကျွေး မပြု စုရ ရင် မနေနိုင်လို့ 
ပါတဲ့

အနော်ရထာမင်းကြီးဟာ စစ်တိုက်ထွက်
တိုင်း ဘုရာရှင်သာသနာတော်ကို
ငါ့ထက်ပိုပြီးစောင့်ရှောက်နိုင်ရင် သူနိုင်
ပါစေ ငါကပိုပြီးစောင့်ရှောက်နိုင်ရင်
ငါနိုင်ပါစေလို့  အဓိဋ္ဌာန် ပြီးမှ တိုက်သတဲ့

မန္တလေးမြို့ တည်တဲ့ မင်းတုန်းမင်းကြီးဟာ
လည်း သာသနာတော်ကို ထောက်ပံ့ချင်လို့  လေးပြင်လေးရပ်မှာ
ဘုန်းကြီးကျောင်းပေါ့င်းမြောက်များစွာ
တည်ဆောက်စေပြီး မူးကြီးမတ်ရာတွေကို
လည်း ကျောင်းဒကာတွေ ဖြစ်စေဖို့ 
အမြဲတိုက်တွန်းလို့  ဝန်ကြီးတွေရဲ့ အမည်
နဲ့ ကျောင်းတွေ အများကြီး ရှိသတဲ့

မြန်မာနိုင်ငံမှာ ဘယ်အစိုးရတက်တက်
ဘယ်သူသမ္မတ ဖြစ်ဖြစ်အရေးမကြီးဘူး

ဒါပေမဲ့

ဗုဒ္ဓသာသနာတော်ကို
အသက်ထက်တန်ဖိုးထားတဲ့
နိုင်ငံ့ခေါင်းဆောင်များ
ဖြစ်ဖို့ တော့  လိုအပ်တယ်

No comments:

Post a Comment