ကိုယ်ကလက်ဦးပါစေ
•~•~•~•~•~•~•~•~•~•
တစ်ယောက်ထဲသွားရမဲ့ ဒီခရီး
သင်----- သတိထားမိရဲ့လား ?
ဘယ်အချိန် ဘယ်နေရာ
ဘယ်ပုံစံနဲ့ ဘယ်လိုသေပြီး
ဘယ်ကိုသွားရမှန်းမသိတဲ့
ဒီခရီးအတွက်
သင် ----------
အဆင်သင့်ဖြစ်ပြီလား
မိတ်ဆွေ
ကိုယ်ကလက်ဦးအောင်
ခန္ဓာကို မြန်မြန်သုံးးပါ
ခန္ဓာရတိုင်း
အသုံးတည့်တယ်မထင်ပါနဲ့ 
တိရစ္ဆာန်ခန္ဓာရင်
သူများခိုင်းတာ လုပ်ရတာ
လူ့ ခန္ဓာ ရတာတောင်
သာသာနာပဆိုရင်
သားကျွန်မယားကျွန်ပဲခံနေရတာ
ကိုယ့်ခန္ဓာကို ယ်ကို ကိုယ်အသုံးချဖို့ က
လူလည်းဖြစ်မှ
သာသနာနဲ့ လည်းကြုံ မှ ရတာ
အခု ရနေပြီ
ကိုယ်ကလက်မဦးပဲ
ခန္ဓာကဦးသွားရင်တော့
တသံသရာလုံး ရှူံးပြီ လို့ သာမှတ်
ဦးမြင့်ခိုင်
share
No comments:
Post a Comment