Sunday, April 10, 2016

၁၃၇၈-ခု နှစ်သစ်အကြို အလှူ !

၁၃၇၈-ခု နှစ်သစ်အကြို အလှူ !
&&&&&&&&&&&&&&&&&&&
တကယ်တော့--ပရဟိတအလုပ်ဆိုတာ မွန်မြတ်သလောက် စိတ်ပင်ပန်လူပင်ပန်းတဲ့ အလုပ်ပါ။
ပေးသောလက်ဆိုတာလဲ နာမည်လေးလှသလောက် လှု ပ်ရမ်းနေရတာပါ။
ထောက်ပံ့ပေးခြင်းဆိုတာလဲ အမြင်တင့်သလောက် စွန့်လွတ်ရခက်ပါတယ်။

ပရဟိတတွေမှာ--တောင်တန်းပရဟိတပိုလို့တောင် ကိုယ်ရောစိတ်ရော နစ်ပြီးလုပ်ရတာပါ
တောင်တန်းသာသနာပြု ကိုယ်တော်လေးတွေကို လိုအပ်ကွက်လပ်လေးတွေ ဖြည့်ဆည်းပေးနိုင်တာကို
တစ်ချို့က အထင်တွေကြီးပြီး ချမ်းသာတယ်၊ ဘုန်းကြီးတယ်၊ ဘော့စ်ကြီးလို့ မြင်နေကြတယ်၊
"အိပ်ကပ်ထဲမှာ တီးဖိုးလေးတောင် မရှိတဲ့နေ့ရက်တွေကို"တော့ သူတို့မသိကြဘူး၊
မိသားစုတွေ၊ အစ်ကိုအစ်မတွေ၊ ရဟန်းဒကာမိသားစုတွေ၊ ခင်သူမင်သူတွေ အနားမကပ်ရဲလောက်အောက်
လက်ဝါးတွေအကြိမ်ကြိမ်ဖြန့်နေရတာကို သူတို့မသိကြဘူး။

တကယ်တော့--မိမိက ဘုန်းကံကြီးတာ မဟုတ်ပါဘူး။ မိသားစုတွေ၊ ဒကာ-ဒကာမတွေ၊ မိတ်ဆွေတွေက
လှူ ဒါန်းထောက်ပံ့ပေးနေတာပါ။ အများပြည်သူတွေရဲ့ ထောက်ပံ့အားကို မိမိရဲ့ကာယအားနဲ့
ပေါင်းစပ်ပေးရုံပါပဲ။ ဒီလောက်လေးလုပ်နိုင်တဲ့ မိမိကိုယ်ကို အခုချိန်ထိ အားမရသေး၊ မကျေနပ်နိုင်သေးပါဘူး။

ဒါပေမဲ့--တောင်တန်းသာသနာပြု ကိုယ်တော်လေးတွေကို လေးစားသော အားပေးသောအားဖြင့်
မိမိအတွက်ဆိုတာ နတ္ထိ၊ မိမိကျောင်းအတွက်ဆိုတာ မရှိ တောင်တန်းအတွက် အားကုန်သုံး၍
ကျားကန်ပေးနေသည်သာ။ မိမိကိုယ်တိုင် တောင်တန်းဒေသမှာ မနေနိုင်လို့ တက်ခေါက်ပြန်ခဲ့ပေမဲ့
"ရှေ့တန်းစစ်သည်တော်နဲ့အလားတူသော တောင်တန်းသာသနာပြု ဇာနည်တွေကို" နောက်ကနေ
အားပေးနေ ကူညီနေ ထောက်ပံ့ပေးနေသည်သာဖြစ်သည်။

ဒီလိုနဲ့ပဲ--တောင်တန်းပရဟိတခရီးကို လျှောက်လှမ်းလာခဲ့တာ ၅နှစ်တာခရီးကို ရောက်တော့မည်ဖြစ်သည်။
၅နှစ်တာအတွင်း တောင်တန်းဒေသကို ဗဟိုရ်ပြုပြီး မြေပြန့်ဒေသများပါ ဖြည့်စွက်လာခဲ့တာ
အတော်အသင့်တော့ ခရီးပေါက်ခဲ့ပြီဖြစ်သည်။ ဒါကလဲ--အမေ့မေတ္တာရှင်အင်အားစုများနဲ့
ပြည်တွင်းပြည်ပ အလှူ ရှင်များကြောင့်သာဖြစ်သည်။

အခုတော့--ချင်းတောင်တန်း ကန်ပက်လက် ချင်းလက်မွန်သာသနာပြုဌာန ကုဋီရေချိုးခန်းအတွက်
အလှူ ငွေလေးသိန်ူကျပ်(400000)ကို ချင်းလက်မွန်သာသနာပြုကိုယ်တော်လေးအား
လှူ ဒါန်းပေးခဲ့ပြီဖြစ်သည်။ လေးသိန်းဆိုတာ မများပေမဲ့၊ နေရာပေါင်း ရာချီဆိုရင် ပေါင်းသာကြည့်ပေတော့
တကယ်တော့--လိုနေတာတွေက များလွန်းလှပါတယ်။ အမေ့မေတ္တာရှင်အင်အားစုများနဲ့
အလှူ ရှင် မိဘ ညီကိုယ်မောင်နှမ မိတ်ဆွေများကိုလဲ အားနာလှပါပြီ။

ဒါပေမဲ့--အားနာနာ မျက်နှာပူပူနဲ့ပဲ ရှေ့ဆက်ပြီး နာဂတောင်တန်း နန်းယွန်မြို့ဆိုတဲ့
အိန္ဒိယအစပ်နားက"ထဟော"သာသနာပြုဌာနလေး၏ ရေအလှူ တော်ကို ကြိုတင် မိတ်ဆက်ပါရစေ။
အဲ့ဒီရွာလေးက--ရေတွင်းတူးလို့မရသလို တောင်ကျရေကလဲ နွေနဲ့ဆောင်းဆို မရပြန်ဘူးတဲ့
မိုးရာသီရောက်မှသာ ရေကိုသောက်သုံးရပါတယ်တဲ့။ နွေဆောင်းရာသီတွေမှာတော့ တခြားရွာကို
သွားခပ်ရပါတယ်တဲ့။ ရေသွယ်ဖို့ အနည်းဆုံး ၁၅မိုင်တောင် ဝေးပါတယ်တဲ့။ ရေလှောင်အုတ်ကန်လုပ်ဖို့ကလဲ
ဈေးအရမ်းကြီးပါတယ်တဲ့။ အဲ့ဒေသမှာ အုတ်တစ်ချပ်ကို ၃၀၀ ပေါက်ပါတယ်တဲ့။ ဒါကြောင့်--အဲ့ရွာက
နာဂတိုင်းရင်းသားတွေဟာ--"ရွှေကိုမလို ရေကိုပဲလိုပါတယ်"။ ရွှေထက် ရေကတန်ဖိုးကြီးပါတယ်တဲ့။

အရေးတကြီးခက်ခဲနေတဲ့ နာဂတောင်တန်း နန်းယွန်က "ထဟော"သာသနာပြုဌာန၏ ရေအလှူ တော်ကို
အမေ့မေတ္တာရှင်ဆက်လက်ဖြည့်ဆည်းပေးဖို့ စီစဉ်တိုင်ပင် အလှူ ရှင်တွေရှာနေပါတယ်။
လိုအပ်တဲ့နေရာကို လှူ ပေးဖို့ အလှူ ရှင်များကို လက်တို့လိုက်ပါရစေ!

အခုတော့--ချင်းတောင်တန်း ကန်ပက်လက် ချင်းလက်မွန် သာသနာပြုဌာန၏
ကုဋီအိမ်သာအလှူ တော်ကို ဝမ်းမြောက်စွာ သာဓုခေါ်နိုင်ကြပါစေလို့!

ဘေးဘယာဝေးလို့ အေးပါစေ!
အမေ့မေတ္တာရှင်(တောင်တန်းပရဟိတခရီးသည်)
09442074632

No comments:

Post a Comment