မိမိဘဝကို တန်ဖိုးထားပါ
စိတ်ဆိုးနေတဲ့သူကို...
နားလည်ခွင့်လွှတ်ပေးတာဟာ
အပူလောင်မခံချင်တော့လို့ပါ...
စိတ်ထားမကောင်းတဲ့သူကို...
ရှောင်လိုက်တာဟာ
ကိုယ့်စိတ်ထားလေး မမဲညစ်ချင်လို့ပါ...
သစ္စာမရှိတဲ့သူကို...
ဥပက္ခာပြုလိုက်တာဟာ
ကိုယ့်နှလုံးသားလေး ဒဏ်ရာတွေ
မရစေချင်လို့ပါ...
ရန်စကားပြောတတ်တဲ့သူကို...
မေတ္တာထားပေးလိုက်တာဟာ
ရန်ရန်ချင်း မတုန့်နှင်းဘဲ
အေးငြိမ်းချင်လို့ပါ....
မိတ်ဆွေမစစ်တဲ့သူကို...
လက်တွဲဖြုတ်ခဲ့တာဟာ
ကိုယ့်ဘဝလေး သောကမဖြစ်စေချင်လို့ပါ...
ဘယ်အရာမဆို
မကောင်းတဲ့အရာတွေကို
ကိုယ်ကလက်ခံပြီး ယူထားရင်
ကိုယ်ဘဲထိခိုက်နစ်နာ
ပျက်စီးရတတ်တယ်...
ဘယ်ဟာမဆို
ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်မှ
တန်ဖိုးဆိုတာ တက်တယ်...
လောကမှာ...
မတန်မရာဆိုတဲ့ စကားဟာ
ကိုယ်နဲ့ မကိုက်တဲ့
အရာအားလုံးကိုခေါ်တယ်...
လူတွေထဲမှာ..
ကိုယ့်စေတနာနဲ့ မတန်တာရှိတယ်
ကိုယ့်မေတ္တာနဲ့ မတန်တာရှိတယ်
ကိုယ့် ရဲ့ စိတ်ထားကောင်းနဲ့
မတန်တာရှိတယ်...
တကယ်တော့...
မတန်မရာတွေနဲ့
ဝေးဝေးနေထိုင်ခြင်းဟာ
တန်ဖိုးရှိတဲ့ ကိုယ့်ကိုကိုယ်
ကာကွယ်နည်းတမျိုးလို့ 
ယုံကြည်ထားရင်
ဒါဟာ မိမိကိုယ်ကို မထိခိုက်စေခြင်းနှင့်
တန်ဖိုးထားခြင်း အစစ်ဖြစ်တယ်...
Cr-- Nannan Oo
Mg Bo Kyaw
No comments:
Post a Comment