တင်းတိပ်အတွက် ဆန်မှုန့်မျက်နှာဖုံး
တင်းတိပ်၊နေလောင်၊ အမဲစက် အမာရွတ်အတွက် အကောင်းဆုံးနည်းတခုရှိပါတယ်။ ဒီနည်းက နေပူထဲအထွက်များသူ အတွက် အထူးကောင်းမွန်ပြီး တင်းတိပ်တွေ၊အမဲစက်တွေကို သိသိသာသာ သက်သာစေတယ်။ နေ့စဉ်ပြုလုပ်ရုံနဲ့ ကြည်လင်တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းဟာ အာရှအသားအရေနဲ့လည်း အထူးသင့်တော်တယ်။
ဆန်မှုန့်သဘောက နေလောင်တဲ့အသားအရေတွက် အထူးကောင်းမွန်တယ်။ အမဲစက်၊ အမဲကွက်ကို ပျောက်ကင်းစေတယ်။ အသားရေကို နဂိုတိုင်းပြန်ဖြစ်စေပြီး အရေပြားအရောင် ညီညာစေတယ်။
ပြုလုပ်နည်း
• ဆန်မှုန့် ထမင်းစားဇွန်း(၂) ဇွန်း
• ဒိန်ချဉ် ထမင်းစားဇွန်း (၂) ဇွန်း
• လိမ္မော်သီး (၂)စိတ်
• ပန်းသီး (၂) စိတ်
(လိမ္မော်သီးနဲ့ ပန်းသီးနေရာမှာ ချောကလက်မှုန့် တဇွန်းကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်)
ပန်းသီးနဲ့ လိမ္မော်သီး (၂)စိတ်ကို ရောပြီး blender ထဲမှာ ထည့်ခြေပါ။ အစိတ်သေးလေးတွေလုပ်ပြီး လက်နဲ့ ခြေပေးလို့လည်း ရတယ်။ ပြီးရင် ဆန်မှုန့်နဲ့ ဒိန်ချဉ်ကို ထည့်ပါ။ ရလာတဲ့ အရေပျစ်ပျစ်ကို မျက်နှာပေါ်လိမ်းပါ။ ပြီးရင် နာရီဝက်ထားပြီး ကြက်သီးနွေးရည်နဲ့ မျက်နှာ ပြန်သစ်ပါ။ ညပိုင်းမအိပ်မှီလုပ်ပေးရုံနဲ့ ကြည်လင်တောက်ပပြီး တင်းရင်းတဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။
ဒေါက်တာ အေးမင်းထူး
၁၄.၃.၁၆
Related post >>>
ဟော့ဖြစ်နေတဲ့ ဆန်ဆေးရေ - https://www.facebook.com/ayeminhtoo/posts/10207460546405494
No comments:
Post a Comment