နို့တိုက်မိခင်အတွက် အာဟာရဓာတ်
ဆရာ..ကလေးမိခင်တွေအတွက်လိုအပ်တဲ့ဓာတ်တွေနဲ့ဘာတွေရှောင်ရမလဲအားရင်ပြောပေးပါနော်။
နို့တိုက်မိခင်တွေဟာ ပုံမှန်အားဖြင့် သာမန်ထက် ကယ်လိုရီ ၅၀၀ ပိုစားပေးရပါတယ်။ ဆိုလိုချင်တာက တရက်ကို ကယ်လိုရီ၂၅၀၀ လောက်စားပေးရမှာ ဖြစ်ပါတယ်။ နို့တိုက်သူတွေအတွက်သီးသန့် ရှောင်စရာအစားအစာ မရှိပါ။ ဒါပေမယ့် အပူအစပ်၊ ဖျော်ရည်၊ယမကာ၊ ကော်ဖီ၊လက်ဖက်ရည်၊ဂတ်စ်ပါတဲ့ အချိုရည်မျိုး လျှော့သောက်သင့်တယ်။
အကြံပြုချက်
၁။ရေကို နေ့စဉ် (၈-၁၂ခွက်) သောက်ပါ။ ဆီးရောင်ရင့်တာနဲ့ ရေများများထပ်သောက်ဖို့ လိုတယ်လို့သိပါ။
၂။ ကော်ဖီ၊လက်ဖက်ရည်၊အရက်၊ဘီယာ ရှောင်ပါ၊လျှော့ပါ။ တရက် ကော်ဖီ နှစ်ခွက်ထက်ပိုရင် ကလေးမှာ အိပ်မပျော်တာမျိုး ဖြစ်မယ်။
၃။အသား၊ငါး၊ နို၊့ကြက်ဥ၊ ပဲအမျိုးမျိုး သင့်တင့်မျှတအောင်စားပါ။
အဆီအဆိမ့်၊မကာင်းတဲ့ ပြန်ကြော်ဆီတွေ ရှောင်ပါ။
၎။အစေ့အဆန်၊ငါး များများစားပေးသင့်တယ်။ ဒိန်ချဉ်သောက်ပါ။
၅။ဗီတာမင် စီပါတဲ့ ချဉ်တဲ့ သစ်သီးဝလံ များများစားပါ။
၆။အသင့်စားတွေ ရှောင်ပါ။
ပါဝင်သင့်တဲ့ အာဟာရဓာတ်များ
အားဆေးတွေထဲမှာ အဓိကပါဝငိသင့်တာက ကယ်လ်စီယမ်၊ သံဓာတ်၊ ဗီတာမင် စီ၊ ဘီ စတာတွေ ဖြစ်တယ်။ စိမ်းတဲ့အရွက်၊သစ်သီးဝလံ၊ ပဲအမျိုးမျိုး စတာတွေမှာ ပါတယ်။တို့ဖူး၊ ပဲပုတ် စတာတွေလည်း ကောင်းတယ်။ ဘီတွဲကလည်း ကလေးအတွက် အရေးကြီးတယ်။ တိရိစ္ဆာန်အသားတွေကနေ ဒီဓာတ်ရစေမယ်။ ဦးနှောကိနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ဖြစ်စေတယ်။ ကယ်လ်စီယမ်နဲ့ ဖော့စဖားရပ် စုပ်ယူမှုအတွက် ဗီတာမင် ဒီလညိးလိုတယ်။ ကလေးမှာ အရိုးပျော့ရောဂါမဖြစ်အောင် ကာကွယ်နိုင်တယ်။
ဒေါက်တာ အေးမင်းထူး
၁၉.၃.၁၆
(First comment မှာ နို့တိုက်မိခင်တိုင်း စားသင့်တဲ့ အစားအစာတွေကို ဖော်ပြထားတယ်)
No comments:
Post a Comment