Monday, April 25, 2016

ကျွန်တော်တွေးမိသလို ပြောချင်ပါသည်။

ကျွန်တော်တွေးမိသလို ပြောချင်ပါသည်။
<><><><><><><><><><><><><><>
အစိုးရ အ ပြောင်းအလဲတွင် နိုင်ငံပိုင်သတင်းစာများ
၏ ပေါ်လစီပြောင်းလဲမှုတစ်ရပ်အဖြစ် ကြေးမုံ
မြန်မာ့အလင်း စာလုံးလိုဂို နောက်ခံအ ရောင် စသည်
များကအစ သတင်းဖော်ပြပုံ ဆောင်းပါးမူဝါဒစသည်
များကို ပြောင်းလဲခဲ့ရာ ထူးထူးခြားခြား ပြောစမှတ်ပြု
လောက်သည့် အ ကောင်းဖက်သိပ်မဖတ်ရဘဲ
ထုံးစံအတိုင်းဘုန်းတော်ဘွဲ့များကိုသာဖတ်နေရသည်။
သတင်းစာကျင့်ဝတ်နှင့် ရပ်တည်ချက်ကား ယခင်
အစိုးရလက်ထက်ကနှင့် ထူးမခြားနားပတ်ပျိုးသာ။

ထိုထက်မက အများဝေဖန်စရာ ပြောင်းလဲမှုလက်လွန်
သွားသည့်အချက် ၂ ချက်က သတင်းစာမျက်နှာဖုံး
အ ပေါ်ထောင့်တွင် ဓမ္မပဒ မင်္ဂလသုတ် အစရှိသော
ကိုယ်ကျင့်တရား နိတိ အဆုံးအမများကို ဖြုတ်ပစ်ပြီး
စီးပွားရေးကြော်ငြာများကို ထည့်သွင်းလာခြင်းဖြစ်သည်။
ထိုပြောင်းလဲမှုကြောင့် သံတွဲသား ဆရာဝန် တက်ကျမ်း
စာရေးဆရာတစ်ဖြစ်လဲ ပြန်ကြားရေးဝန်ကြီးဦးဖေမြင့်
အ ပေါ် ဝေဖန်ရှုံ့ချမှုများ တစ်နေ့တစ်ခြားပြင်းထန်
လာခဲ့သည်။

ထို့အပြင် ဦးဖေမြင့်၏ အ ကြောင်းပြချက်ဖြစ်သည့်
တစ်ခြားဘာသာများအ ပေါ်နှိမ့်ချမှု မညီမျှမှုဖြစ်စေ
သဖြင့် သတင်းစာတွင် ဗုဒ္ဓဘာသာအဆုံးအမများကို
ဖြုတ်ရပါသည်ဟူသော ပြောဆိုချက်က ယခင်ထောက်
ခံသူများကိုပင် စိတ်ပျက်လက်ပျက် ဖြစ်စေခဲ့သည်။
ထို သ ဘောထားမှာ ၀န်ကြီးဦးဖေမြင့်၏ သ ဘောထား
အစစ်ဟုတ်မဟုတ်ကိုလည်း အချိန်မီ မ ဖြေရှင်းနိုင်
သဖြင့် သံသယနှင့် ဝေဖန်မှုကို ပိုမိုကြီးထွားလာစေ
ခဲ့သည်။ ပြန်ကြားရေးဆိုသည်မှာ မြန်ဆန်သင့်သည်။

ခက်သည်က ပညာရှင်ဖြစ်သွားသူတော်တော်များများ
သည် ပညာမာန်တက်ကာ ဘာသာတရားကို ဝေဖန်
ပစ်ပယ်တတ်ကြသည်။ အပြစ်ရှာတတ်ကြသည်။
ရုပ်ဝါဒ ဘာသာမဲ့ဆန်သွားတတ်ကြသည်။
ယခုလည်းမြန်မာပြည်တွင် ပညာလွန် ကောက်ကျစ်မှု
နှင့် ပညာမဲ့ မျက်ကန်းနောက်လိုက်အင်အားပမာဏ
သည် စိုးရိမ်ဖွယ် အ ခြေ အ နေသို့ ရောက်ရှိနေ ပေပြီ။
တစ်နိုင်ငံလုံးတွင်လည်း လောဘ ဒေါသ မောဟ မာန
ဦးစီးကာ ပုတ်ခတ်ဆဲရေးတိုက်ခိုက်သံများ ဆူညံနေသည်။
နောက်ဆုံးသံဃာတော်များ ဆရာတော်ကြီးများကိုပင်
ရဲရဲဝံ့ဝံ့ ဆဲရေးတိုက်ခိုက်ဝံ့သူအများအပြားရှိလာသည်။
ထို အ ခြေ အ နေသည် နိုင်ငံ၏အနာဂတ်အတွက်
ဆိုးကျိုးဘေးအန္တရာယ်များကိုသာ ဖိတ်ခေါ်ရာရောက်၏။

သတင်းစာပြုပြင်ခြင်း၏ ဒုတိယပြဿနာမှာ ဘာသာတရား
ကို ပုတ်ခတ်ရေးသားသော ဆောင်းပါးများ နေရာရလာ
ခြင်းဖြစ်သည်။ ကွန်မြူနစ်ရုပ်ဝါဒဆန်သော အ တွေး
အ ခေါ်များဖြင့် လားရာရည်ရွယ်ချက် အောက်သိုး
နေ သော ဘာသာတရားဆိုင်ရာ ဝေဖန် ရေးသားမှု
များသည် သတင်းစာဖတ်ပြည်သူများကို မထီမဲ့မြင်
စော်ကားရာရောက်နေသည်။
အရာရှိကိုတိုက်ရိုက်မတိုက်ခိုက်ဘဲ ဘုရားဆောင်ကို
ခုတုံးလုပ်တိုက်ခိုက်သော ဘိနပ်ချွတ်ရခြင်းပြဿနာ
ဆောင်းပါးများက နိုင်ငံပိုင် သတင်းစာများတွင်
နေရာရလာကြသည်။

သတင်းလွတ်လပ်မှုနှင့် ဘက်မလိုက်မှု သမာသမတ်
ကျကျ လူထုအကျိုးရှေးရှုမှုအစရှိသော ပြည်သူ့သတင်းစာ
အရည်အချင်းများကား မ ပေါ်လွင်သေးပေ။
ဖတ်ရှုသူအများစုမှာလည်း ထုံးစံအတိုင်း သာရေး
နာရေးသတင်း စာမျက်နှာကိုသာ ဦးစွာလှန်ဖတ်ဆဲပင်။

မြန်မာပြည်တွင်းရှိ ဘာသာတရား ၄ မျိုးနှင့်ပတ်သက်
သော ဥပမာလေးတစ်ခုကိုမှတ်မိသေးသည်။
ရွာတစ်ရွာတွင် လူ ၁၀၀ ရှိရာ ဗုဒ္ဓဘာသာက ၈၀ ဦး
ခရစ်ယာန်က ၁၀ ဦး အစ္စလာမ် ၅ ဦး ဟိန္ဒူ ၅ ဦး
ရှိကြ၏။
ရွာလြူုကီးက ငွေ ၁၀၀၀ ရတိုင်း တစ်ယောက် ၁၀ ကျပ်
စီခွဲပေးရာ ဗုဒ္ဓဘာသာများက ၈၀၀ ကျပ် ခရစ်ယာန်က
၁၀၀ ကျပ် မူဆလင်နှင့် ဟိန္ဒူက ၅၀ ကျပ်စီရကြ၏။

ခွဲဝေရရှိငွေအရ ဗုဒ္ဓဘာသာမိသားစုများ ထည့်ဝင်ကာ
စေတီတည် ကျောင်းဆောက် ပွဲသဘင်ကျင်းပကြ၏။
တစ်ခြားဘာသာဝင်များကား လူဦးရေနည်းသဖြင့်
ခွဲဝေရရှိသည့် အခွင့်အ ရေးနည်းသည်ဟုဆိုကာ
တစ်ခြားဘာသာခြားကျေးရွာများ ဖိအားပေးသွေးခွဲ
သွေးထိုးသောကြောင့် မူလက ကျေနပ်အေးချမ်းစွာ
နေထိုင်ကြသူများသာမက ဗုဒ္ဓဘာသာကိုနာမည်ခံကာ
ဝေစုယူနေသူများပါ သံယောင်လိုက်ကာ ညီညွတ်
မျှတ ရေး လေသံပစ်လာကြသည်။ အော်သံကျယ်လေ
အကူအညီ များများရလိမ့်မည်ဟု စိတ်ကူးယဉ်ကြ၏။

အချိန်တန်၍ရွာသူကြီးအသစ်ရွေးပြီးသောအခါ
သူကြီးသစ်က တစ်ဦးချင်းအခွင့်အ ရေးညီမျှမှုစနစ်
ကို ဖျက်သိမ်းကာ ဗုဒ္ဓဘာသာ ၂၅ ကျပ် ခရစ်ယာန်
၂၅ ကျပ် ဟိန္ဒူ မူဆလင် ၂၅ ကျပ်စီခွဲပေးလေ တော့သည်။
သူက ပြောသည်။ ဒါမှလူ့အခွင့်အ ရေးနှင့်ညီသည်တဲ့။
ထိုအခါ ဗုဒ္ဓဘာသာဝင်များမှာ မလုံမ လောက်ဖြစ်ကာ
အခြားဘာသာဝင်များထံ အောက်ကျို့ကာကျွန်ခံ
ကြရ လေသည်။
နောက်ဆက်တွဲဖြစ်ရပ်များကို ဆက်လက်ရှုမြင်
စဉ်းစားကြည့်ကြပါကုန်။

ဆင်ခြင်ဖို့နဲ့ တွေးခေါ်ဖို့ဖြစ်ပါတယ်။
>>>>>>>>>>>>>>>>>>>>>>>>>

သိထားလို့ ပြောချင်တာလေး ပြောပါရ စေ။

ယခင် သတင်းစာမှာ ဗုဒ္ဓအဆုံးအမ တွေ ဖော်ပြတာဟာ
ယခင် အစိုးရ ပြန်ကြားရေးဝန်ကြီးအစီအစဉ်မဟုတ်
ပါဘူး။ သာသနာရေးဝန်ကြီး ဦးစိုးဝင်းရဲ့တိုက်တွန်း
ချက်ကြောင့်ဖြစ်ပါတယ်။
အဲဒါကို ဦးစိုးဝင်းနဲ့ ကျွန်တော် နိုင်ငံတော်ဘာသာနေ့
ကျင်းပတာကို တားမြစ်တာနဲ့ပတ်သက်ပြီး ကမ္ဘာအေး
သာသနာရေးရုံးမှာ စကားအ ခြေ အတင်ပြောရာမှာ
သူကိုယ်တိုင် ပြောပြခဲ့တဲ့ အ ကြောင်းအရာပါ။
နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်ပွဲကျင်းပတာကို
သာသနာရေးဝန်ကြီး ဦးဆန်းဆင့်လက်ထက်က ဘာမှ
မတားမြစ်ပေမယ့် ဦးစိုးဝင်းကတစ်နှစ် လူမှုရေးဝန်ကြီး
ဒေါက်တာမြင့်သိန်းက ပြီးခဲ့တဲ့နှစ်က ပြင်းပြင်းထန်ထန်
တားမြစ်ခဲ့ကြပါတယ်။
ကျင်းပရင်ဖမ်းမယ်ဆိုတာထိ ပြောလို့ ၈၈ ဖုန်းမော်
ကိစ္စကတည်းက ထောင်ထဲရောက်ခဲ့တာမို့ ဒ်ီနေ့ထောင်
က ဟော်တယ်လိုပဲ။ တစ်ခေါက်တော့ သွားချင်ပါရဲ့
ပြောလို့ သူတို့စိတ်လေသွားတာပါ။

ဒီနှစ် အစိုးရသစ်က ရော ဘယ်လို သ ဘောထား
ရှိမယ်ဆိုတာ မသိသေးပေမယ့် ခုသ ဘောထားတွေ
အရဆိုရင်တော့ စစ်အာဏာရှင်တွေရဲ့ စိတ်ဓာတ်နဲ့
သိပ်ကွာပုံမရ သေးပါဘူး။

ဘာပဲပြောပြော အစိုးရဆိုတာ ပြည်သူ့ အ စေခံပါ။
ပြည်သူက သူတို့နေတဲ့တိုင်းပြည် သာယာဝ ပြော
တိုးတက်ဖို့ သူတို့ကိုးကွယ်တဲ့ဘာသာ သာသနာ ကို
စောင့်ရှောက် ကာကွယ်ဖို့ တာဝန်ပေးထားတာပါ။
ကိုယ့်သ ဘောနဲ့ကိုယ် လုပ်ချင်တာလုပ်ဖို့ ပြောချင်တာ
ပြောဖိဲု့ လိုင်စင်ပေးထားတာ မဟုတ်ပါဘူး။
ဒါကို အရင်အစိုးရလက်ထက်ကလည်း မကြာခဏ
ဟောပြောပွဲတွေမှာ ထည့်ပြောခဲ့ပါတယ်။

ပြောင်းလဲတာကောင်းပေမယ့် မ ကောင်းတာတွေ
မသင့်တာတွေ မဟုတ်တာတွေကို ပြောင်းမှကောင်းသော
ပြောင်းလဲခြင်းဖြစ်မှာပါ။
အ ကောင်းအဆိုးက ရောနေတာခွဲခြားတတ်ဖို့တော့
ပညာဉာဏ်လိုပါတယ်။
ကောင်းတာတွေ ပြောင်းမိရင် အကုသိုလ်ဖြစ်ပါလေ ရော။

ဒါပေမယ့် ဒီနေ့သတင်းစာတွေမှာ ဓမ္မပဒအဆုံးအမ
တွေ ပြန်ထည့်လာတာတွေ့တော့ ၀မ်းသာပါတယ်။

ထပ်ပြီး ဒါပေမယ့်ပါရ စေ။
ခဲမှန်ထားလို့ ရဲရဲတော့မနားဝံ့သေးပါဘူး။
အ ရောင် လေးတွေ၊ မရိုးမဆန်း သ ဘောလေးတွေ
ရိုက်ခတ်နေလို့ ကြည်လင်မှုလေးတွေ မခံစားရ
သေးပါဘူး။

ဒါကြောင့်
သတိနဲ့ ကြိုဆိုလိုက်ပါတယ်။
>>>>>>>>>>>>>>>>>>>>>>
နိုင်ငံရေးပြောခြင်းလုံးဝမဟုတ်ပါ။

အမျိုးဘာသာ သာသနာရေးအမြင်သက်သက်သာ
ဖြစ်သည်။

ဓမ္မစက္ကဦးမောင်မောင်
၂၅...၄...၂၀၁၆

No comments:

Post a Comment