အမျိုးသမီးတွေဖြစ်တဲ့ အရေပြားလေးဖက်နာ
အရေပြားလေးဖက်နာ (SLE)ဆိုတာ ခုခံအားချင်း တိုက်ခိုက်ရာက ဖြစ်တဲ့ နာတာရှည်ရောဂါတမျိုး ဖြစ်ပါတယ်။ခန္ဓာကိုယ်မှာ ပြင်ပကဝင်လာတဲ့ ရောဂါပိုးမွှားကို တန်ပြန်တိုက်ခိုက်တဲ့ ခုခံအားဆိုတာရှိတယ်။ autoimmune ရောဂါတွေမှာ ပြင်ပက ရောဂါပိုးကိုတိုက်ခိုက်တာမဟုတ်ပဲ ခန္ဓာကိုယ်တွင်း ခုခံအားချင်း မှားယွင်းတိုက်ခိုက်မိရာက ပျက်ဆီးလာတဲ့ရောဂါဖြစ်ပါတယ်။ဒီလိုရောဂါမျိုးက ကုရခက်တယ်။ ရောဂါကြောင့် ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတိုင်း ထိခိုက်နိုင်တယ်။ အထူးသဖြင့် အရေပြားနဲ့ ကျောက်ကပ်ကို ထိခိုက်စေတယ်။ လက္ခဏာက ပေါ်လိုက် ပျောက်လိုက် လုံးချာလည်နေမယ်။ ကံကောင်းတာတခုက SLE ရောဂါသည်တွေဟာ ရောဂါပျောက်ကင်းချိန်မှာ သာမန်အတိုင်းနေနိုင်တယ်။ ဒါပေမယ့် လက္ခဏာပြန်ထလာရင်တော့ ပိုဆိုးလာတတ်တယ်။ လေးဖက်နာ ရောဂါအများစုဟာ ဒီပုံစံအတိုင်းဖြစ်ပါတယ်။
SLE(Systemic Lupus Erythematosus)ကို discoid lupus (သို့) disseminated lupus erythematosus အမျိုးမျိုးခေါ်ပါတယ်။ lupusဆိုတဲ့ နာမည်အောက်မှာ ရောဂါအမျိုးမျိုးရှိတယ်။ အဲဒီထဲကမှ SLEက အဖြစ်များဆုံးရောဂါတခု ဖြစ်လို့ lupus ရောဂါ လို့ အလွယ်ခေါ်ကြတယ်။ အမေရိကား Lupus Foundation ရဲ့ အဆိုအရ အမေရိကန်နိုင်ငံသား ၁.၅ သန်းလောက်ဟာ SLE ရောဂါရှိနေသူတွေဖြစ်ကြတယ်။ ဒါဟာ လူဦးရေရဲ့ ၀.၅ရာခိုင်နှုန်းနီးပါးရှိတဲ့သဘောပါ။ SLE ဖြစ်သူရဲ့ ၉၀ရာခိုင်နှုန်းဟာ အမျိုးသမီးတွေချည်း ဖြစ်ကြတယ်။အထူးသဖြင့် အပျိုဖော်ဝင်စ အသက်အရွယ်မှာ စဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် အဆိုပါသူတွေဟာ ပုံမှန်အတိုင်း နေနိုငိကြပါတယ်။
SLE ဘာ့ကြောင့်ဖြစ်လဲ
ဘယ်သူမှ ရေရေရာရာမသိသေးပါ။ ဖြစ်နိုင်တာတွေကို စာရင်းပြုစုထားတာတော့ရှိတယ်။ သေချာတာကတော့ ရောဂါက မျိုးရိုးလိုက်တတ်တယ်။မျိုးရိုးထဲမှာ ခုခံအားချင်း ပြန်တိုက်တဲ့ရောဂါရှိရင် အရေပြားလေးဖက်နာကို သတိပြုသင့်တယ်။ နောက်ပြီး ပတ်ဝန်းကျင်နေအထားနဲ့လည်း သက်ဆိုင်တယ်။ စိတ်ဖိစီးမှု၊ စိတ်ကျရောဂါ၊ ဗိုင်းရပ်စ်ပိုးမွှား၊ ဆေးဝါးတွေနဲ့ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုစတာ တွေက SLEကို ဖြစိစေနိုင်တယ်။ မ ဟော်မုန်း estrogen နဲ့လည်း သက်ဆိုင်တတ်တယ်။ ဥပမာ ဟော်မုန်းတားဆေးသုံးစွဲတာမျိုး။ ကိုယ်ဝန်ဆောင်ချိန်နဲ့ ရာသီသွေးပေါ်ချိန်တွေမှာ လက္ခဏာပိုဆိုးလာလေ့ရှိပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ကိုးဆလောက်ပိုဖြစ်တယ်။
ပုံမှန်အားဖြင့် ကလေးဘဝကတည်းကဖြစ်တဲ့ (childhood-onset SLE)အမျိုးအစားက ပိုဆိုးလေ့ရှိပါတယ်။ မျက်နှာ အရေပြား အနီစက်၊ အနာသာမက ကျောက်ကပ်ကိုပါ ထိခိုက်စေနိုင်တယ်။ SLE လက္ခဏာတွေက တခါနဲ့တခါ တူချင်မှတူမယ်။ တမျိုးထက်မက ခံစားရတာမျိုးလည်း ဖြစ်နိုင်တယ်။ အထူးသဖြင့် နေရောင်နဲ့ထိတွေ့တဲ့နေရာတွမှာ အနီကွက်တွေ ထလာတယ်။
SLEရဲ့ အနီစက်တွေက နညိးနည်းထူးခြားတယ်။ သိသာတယ်။ နေရောင်နဲ့ထိတဲ့ မျက်နှာ၊ လက်ချောင်း စတဲ့နေရာတွေမှာ အနီကွက်တွေထလာတယ်။ နှာခေါင်းနဲ့ ပါးနှစ်ဖက်မှာ ပေါ်တဲ့အနီကွက်က လိပ်ပြာပုံ butterfly rash ပုံစံမျိုး ဖြစ်ပါတယ်။ အပျိုဖော်အရွယ် မိန်းကလေးတိုင်း (၁)ခပ်ငွေ့ငွေ့ဖျားတာ၊ (၂)အနီစက်ပေါက်တာ၊ (၃)အဆစ်မြစ်နာတာမျိုးရှိရင် SLE အရေပြားလေးဖက်နာကို သတိပြုသင့်တယ်။ တခြားလက္ခဏာတွေလည်း ရှိသေးတယ်။ ဘယ်အစိတ်အပိုင်းကို ထိခိုကိတာလည်းပေါ်မူတည်ပြီး ကွဲပြားသွားတယ်။ အများအားဖြင့် နှလုံး၊ကျောက်ကပ်နဲ့ အစာအိမ်အူလမ်းကြောင်းကို ထိခိုက်တာများတယ်။ လက္ခဏာတွေ အမျိုးမျိုးရှိနိုငိလို့ ဒီအတိုင်း ခွဲခြားဖို့ ခက်ခဲပါတယ်။
• မျက်နှာတွင်လိပ်ပြာပုံအနီကွက်ဖြစ်ခြင်း
• အဆစ်မြစ်ရောင်ခြင်း၊နာကျင်ကိုက်ခဲခြင်း၊
• ဖျားခြင်း၊
• ခေါင်းကိုက်ခြင်း၊
• အစားအသောက်ပျက်ခြင်း
• ခြေကုန်လက်ပန်းကျခြင်း
• နုံးချိခြင်း
• ပျို့ချင်၊အန်ချင်၊ဗိုက်နာခြင်း
• တဖြည်းဖြည်း ပိန်လာခြင်း
• ဆံပင်ကျွတ်လွယ်ခြင်း
• စိတ်ကဏှာမငြိမ်ဖြစ်ခြင်း
• အကျိတ်ထွက်ခြင်း
• အရေပြား ဖြူလာလိုက် ပြာသွားလိုက်ဖြစ်ခြင်း(Raynaud’s syndrome )
• သွေးအားနည်းခြင်း
• သွေးဖြူဥ၊ သွေးဥမွှားနည်းခြင်း
• သွေးခဲခြင်းဆိုင်ရ ပြဿနာပေါ်ပေါက်ခြင်း
• ကျောက်ကပ်ရောင်ပြီး ပျက်ဆီးခြင်း
• အဆုတ်ရေဝင်၊ အဆုတ်ရောင်ခြင်း
• နှလုံးခုန်မမှန်တာ၊ နှလုံးရောင်ခြင်း
ဘယ်လိုသိနိုင်လဲ
ရောဂါအမည်တပ်ဖို့ သွေးစစ်ချက်နဲ့ ရောဂါလက္ခဏာ ပေါင်းစပ်ဆုံးဖြတ်ရတယ်။ ၂၀၁၂ခုနှစ်မှာ SLICCအဖွဲ့ကနေ American College of Rheumatology မှ ထုတ်ပြန်ထားတဲ့ SLE classification criteria ဆိုတဲ့ လက္ခဏာသတ်မှတ်ချက်တွေ စတင်လက်ခံခဲ့ပါတယ်။ ကျောက်ကပ်အသားစမှာ lupus nephritis ရှိပြီး သွေးအဖြေမှာ ANA (သို့) anti-dsDNA antibodies တွေ့ရင် SLE လို့ သတ်မှတ်ပါတယ်။ဒါမှမဟုတ် သတ်မှတ်ထားတဲ့ diagnostic criteriaထဲက အချက် လေးချက်ရှိရင် SLEလို့ ဆုံးဖြတ်ပါတယ်။
SLEကုတဲ့အခါ ရောဂါလက္ခဏာပေါ်မူတည်ပြီး ကုသရပါတယ်။ ဒါပေမယ့် နာတာရှည်ရောဂါသည်တွေမှာ hydroxychloroquine ဆေးကိုတော့ အဓိကထား သုံးလေ့ရှိပါတယ်။
အသုံးများတဲ့ဆေးဝါး
(၁) အရေပြား အနီစက်အတွက် Corticosteroids လို ခုခံအားကျဆင်းစေတဲ့ လိမ်းဆေး၊သောက်ဆေးတွေ လိုအပ်တယ်။ ဥပမာ methylprednisolone, prednisone စတဲ့ဆေးမျိုးက ရောဂါအတွက် သင့်တော်တယ်။
(၂) အဆစ်အမြစ်ကိုက်ခဲခြင်းအတွက် NSAIDS အုပ်စုဝင် အကိုက်ခဲပျောက်ဆေးတွေ လိုပါတယ်။ ဥပမာ ibuprofen, naproxen, diclofenac လိုဆေးမျိုးပါ။
(၃) ငှက်ဖျားဆေးတမျိုးဖြစိတဲ့ hydroxychloroquine က SLE မှာ သိပ်အသုံးဝင်တယ်။ အရေပြားနဲ့ အဆစ်အမြစ်လက္ခဏာတွေကို သက်သာစေတယ်။
နောက်ပေါ်တဲ့ဆေးတွေကို ပိုဆိုးတဲ့ ရောဂါအတွက် သုံးကြတယ်။ အထူးကုရဲ့ ဆုံးဖြတ်ချက်လိုပါတယ်။ ဆေးအချိန်အဆလုပ်ရတယ်။
- Nonbiologic DMARDS: Cyclophosphamide, methotrexate, azathioprine, mycophenolate, cyclosporine
- Biologic DMARDs (disease-modifying antirheumatic drugs): Belimumab, rituximab, IV immune globulin
မကုဘဲထားရင် ဘာဖြစ်မလဲ
ခုခံအားချင်းပြန်တိုက်တာမို့ အချိန်ကြာတာနဲ့အမျှ ခန္ဓာကိုယ်တခုလုံးမှာ ရှိတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ တဖြည်းဖြည်း ပျက်ဆီးလာတယ်။ သွေးခဲတာ၊နှလုံးရောင်တာ၊ အဆုတ်ထိခိုက်တာနဲ့ လေဖြတ်တာမျိုး ဖြစ်နိင်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရောဂါပိုဆိုးတတ်ပြီး ကလေးကိုပါထိခိုက်တတ်တယ်။ တချို့ ကိုယ်ဝန်ပျက်ကျတယိ။ စိတ်ဖိစီးမှုနဲ့ သက်ဆိုင်တာများလို့ စိတ်ကိုပါ လေ့ကျင့်ပေးရင် ပိုကောင်းပါတယ်။ ဒီနေရာမှာ တရားထိုင်တာကို အကျိုးရှိတယ်လို့ ဆိုပါတယိ။ အနည်းဆုံး (၁၅)မိနစ် တရားထိုင်ပါ။ လေ့ကျင့်ခန်း လှုပ်ရှားပါ။ နေ့စဥိ (၂၀)မိနစ်ခန့် လမ်းလျှောက်ခြင်းဟာ စိတ်အတွကိသာမက ရောဂါအတွက်ပါ အကျိုးရှိနိုင်တယ်။ နေရောင်ထဲ အဆောင်းအကာမပါပဲ မထွက်ပါနဲ့။
ဘာတွေရှောင်မလဲ
• လူဆန်ပဲပင်(alfalfa) ရှောင်ပါ။ အယ်လ်ဖဲဖာ ထဲမှာပါတဲ့ အမိုင်နိုငိအက်ဆစ် canavanine က ခုခံအားကို ဖြစ်စေလို့ လက္ခဏာကို ပိုဆိုးစေနိုင်တယ်။
• ပျားရည်၊ ပျားသလက်ရှောင်ပါ။
• နွားနို့၊ မလိုငိ၊ ထောပတ်၊ပျားရည်၊ရေခဲမုန့် ရှောင်ပါ။
• အဆီ၊အဆိမ့်၊အအီစာ လျှော့စားပါ။
• ဆော်လမွန်၊တူနာ၊ဆာဒင်းငါး များများစားပါ။
• သိပ္ပံနည်းကျ လက်ခံထားတာမရှိပမယ့် ခရမ်းချဉ်သီး၊ အာလူး၊ ငရုတ်ကောင်း၊ မြေအောက် သစ်သီးဝလံတွေ ရှောင်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။
ဒေါက်တာ အေးမင်းထူး
၇.၄.၁၅
No comments:
Post a Comment