Tuesday, April 26, 2016

အမျိုးမေ့ ဘာသာမေ့ သာသနာမေ့နေသူတို့အတွက် မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ သတိပေးဆုံ

အမျိုးမေ့ ဘာသာမေ့ သာသနာမေ့နေသူတို့အတွက် မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ သတိပေးဆုံးမစာ

{ယနေ့သင့်လက် နောက်ရက်သူ့မှာ ဤမြန်မာ}

                     (အပိုင်း--၃)

ရှေ့နောက်မမျှော် --  
ပေါ်ရာလိုက်စား 
တိုင်းရင်းသားတို့  
တိုင်းခြားပြည်ခြား
ဘာသာခြား၏  
မျှားစာနှင့်မျှား
တွဲချိတ်ထားရာ
သူ့ဥစ္စာကို 
ငါးစာသာမြင်
မျှားမမြင်ဘဲ 
ခင်မင်အောင်ပြော
အခင်ကြော  
မျှော၍လိုက်နေသော်--- 

အားနာအောင်ပေး
သူ့ငွေကြေး 
မှေး၍ယူနေသော်--- 

ယုံကြည်အောင်ပြ
သူ့ဝါဒ 
အားကျနေချေသော်-- 

ဘိုးမွေဘွားမွေ
မြန်မာ့မြေကား 
ခြေကျွံကျင့်ပျက်
သင့်လက်ချက်ကြောင့် 
နက်ဖန်ဆိုလျှင်  
သင်သွေးတစ်ဝက်
တစ်ဖက်သူ့သား 
နှစ်ပါးကြားထိုး
နွယ်ဖြတ်ချိုးကာ 
မျိုးလည်းကပြား
ပြည်ကပြားနှင့် 
ကပြားဘာသာ
ထွန်းကားလာပြီး 
ကျုမှာကပ်သီး
ထိုကျုသီး 
ကျုကြီးဖျက်လတ္တံ့ 

ပေမှာကပ်သီး
ထိုပေသီး 
ပေကြီးဖျက်လတ္တံ့ 

ဝါးမှာကပ်သီး
ထိုဝါးသီး 
ဝါးကြီးဖျက်လတ္တံ့၊၊-------၊၊     

မဟာဗောဓိမြိုင်ဆရာတော်ကြီး

Credit-----အရှင်ခေမိန္ဒတိပိဋကနိကာယ

No comments:

Post a Comment