Tuesday, April 26, 2016

ရာဇကုမာရ်ကျောက်စာကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် ယူနက်စကိုအသိအမှတ်ပြု

ရာဇကုမာရ်ကျောက်စာကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် ယူနက်စကိုအသိအမှတ်ပြု

ထက်အာကာကျော်
February 23, 2016

ဘာသာလေးမျိုးဖြင့်ရေး ထိုးထားသော ပုဂံမြို့ရှိ မြစေတီ ကျောက်စာ(ရာဇကုမာရ်ကျော က်စာ)ကို ကမ္ဘာ့မှတ်တမ်းအမွေအ နှစ် (Memory of the World) အဖြစ် ကုလသမဂ္ဂပညာရေးသိပ္ပံ နှင့်ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို) က အသိအမှတ်ပြုလွှာပေးပို့လိုက် ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (Memory of the World)အသိ အမှတ်ပြုလွှာကို ယူနက်စကို ညွှန်ကြားရေးမှူးချုပ်က လက်မှတ်ရေးထိုးကာ မြန်မာနိုင်ငံရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ထံ ပေးပို့လိုက်ခြင်းဖြစ်ကြောင်း ယဉ် ကျေးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ၂၂ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ သည်။

‘‘မြစေတီ ကျောက်စာကို ကမ္ဘာ့မှတ်တမ်းစာရင်းဝင်အဖြစ် သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ယူနက်စကိုက Memory of the World အဖြစ် အသိအမှတ်ပြုပေး တာ မန္တလေးမြို့က ကုသိုလ်တော် ကျောက်စာလည်းပါတယ်။ ဒါက ဒုတိယအကြိမ်ပေါ့’’ဟု ပုဂံရှေး ဟောင်းသုတေသနဦးစီးဌာန အ ကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ယူနက်စကိုမှ ပေးပို့လိုက် သည့် အသိအမှတ်ပြုလွှာကို လူ အများကြည့်ရှုသိရှိနိုင်ရန် World Digital Library နှင့်ချိတ်ဆက်ပြီး ပုဂံမြို့ရှိ ရှေးဟောင်းသုတေသန ပြတိုက်တွင် ပုံစံတူ သတ္တုပြား/ ကြွေပြားများဖြင့် ရေးထိုးကာ ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း ယဉ်ကျေး မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

သက္ကရာဇ် ၄၇၅ (အေဒီ ၁၁၁၃) တွင် မြန်မာ၊ ပျူ၊ မွန်၊ ပါဠိစသည့် ဘာသာလေးမျိုးဖြင့် ရေး ထိုးထားသည့် ရာဇကုမာရ် ကျောက်စာကို ၂၀၁၄ မတ်လ ၂၈ ရက်တွင် ကမ္ဘာ့မှတ်တမ်းအမွေ အနှစ်အဖြစ် သတ်မှတ်နိုင်ရေးအ တွက် အဆိုပြုပုံစံများရေးသား၍ ယူနက်စကိုသို့ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယူနက်စကို၏ ကမ္ဘာ့မှတ် တမ်းအမွေအနှစ် အစီအစဉ်ကို ၁၉၉၂ တွင် စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း မှ မှတ်တမ်းပေါင်း ၃၄၈ ခုကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်သည်။

No comments:

Post a Comment