Saturday, April 23, 2016

နှစ်ပတ်အတွင်း အသားဖြူနည်း

နှစ်ပတ်အတွင်း အသားဖြူနည်း

(၁) ဒိန်ချဉ်ကို သန့်စင်နဲ့ ဂွမ်းနဲ့ အရေပြားကို လိမ်းပါ။ (၁၅)မိနစ် ထားပြီး ရေခပ်နွေးနွေးနဲ့ပြန်ဆေးပါ။ ဒီအတိုင်း ညစဉ်လုပ်ရင် ရက်အနည်းငယ်အတွင်း အသားအရေသိသိသာသာ ဖြူစင်လာတာ တွေ့ရပါလိမ့်မယ်။ ဒီနည်းက တကယ်ထိရောက်တာ ကိုယ်တွေ့နည်းဂဖြစ်တယ်။ လက်တွေလိမ်းရင် သိပ်သိသာတယ်။

(၂) နောက်တနည်းကလည်း လွယ်တယ်။ နနွင်း လက်တဆိတ်စာကို လိမ္မော်ရည် ထမင်းစားဇွန်း (၂)ဇွန်းနဲ့ ရောပြီး ခပ်ပျစ်ပျစ်ဖျော်ပါ။ မအိပ်ခင် မျက်နှာနဲ့ လည်ပင်းကို လိမ်းပါ။ နာရီဝက်ထားပြီး ရေအေးအေးနဲ့ သန့်စင်ပါ။ တချို့ကလည်း ညလုံးပေါက်ထားပြီး မနက်မှ မျက်နှာသစ်တယ်။ ဒီနည်းလည်း သိပ်သိသာတယ်။ နှစ်ပတ်အတွင်း အသားလတ်လာပြီး အသားတင်းလာတယ်။ နနွင်းက အသားဖြူစေပြီး လိမ္မော်ရည်မှာပါတဲ့ ဗီတာမင်စီက ကိုလာဂျင်ထုတ်လုပ်မှုကို အားပေးတာမို့ အသားတင်းစေတယ်။

အပေါ်နည်းကို ညိုနေတဲ့ အသားအရေ(ခြေ၊လက်)စတာတွေမှာ လုပ်ပြီး အောက်ကနည်းကို မျက်နှာလည်ပင်းစတဲ့နေရာတွေမှာ လုပ်ပါ။ နှစ်ပတ်အတွင်း သိသိသာသာ အသားဖြူလာလိမ့်မယ်။

ဒေါက်တာ အေးမင်းထူး
၂၇.၃.၁၆

(ပြုလုပ်နည်း အချိုးအဆကို first comment တွင် ကြည့်ပါ)

No comments:

Post a Comment