မှားလေ့ရှိသော အင်္ဂလိပ်စာ အမှားများ - (၂၁)
*********************************************
ဒီတစ်ပတ်မှာ အသုံးအနှုန်းမှားတတ်တာတွေကို ဆက်လက် ရေးသားလိုက်ပါတယ်၊ တစ်ချို့ verb တွေက မြန်မာလို ဘာသာပြန်ရင် တူတဲ့ အတွက် အတူတူထင်ပြီး သုံးမိတတ်တာတွေ ရှိတတ်ပါတယ်။
Take or have a shower
- I make a shower every morning. လို့မသုံးပါ
- I take a shower every morning.√ Or
- I have a shower every morning.√
မနက်တိုင်း ကျွန်တော် ရေချိုးတယ်
• Make, take, have ဆိုတဲ့ စကားလုံးတွေက အင်္ဂလိပ်ဘာသာစကားမှာ အသုံးများသလို တော်တော်များများနေရာတွေမှာ အသုံးအနှုန်းတူကြတာတွေ ရှိသလို … ကွဲပြားတာတွေလည်း အများကြီးပါ၊ ဒါကြောင့် ဒီစကားလုံး (၃) လုံးကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ရင် ကို အင်္ဂလိပ်လို စကားပြောပုံစံများစွာ၊ ဝါကျများစွာ တည်ဆောက်နိုင်ပါတယ်။ ရေချိုးတာကို take or have a shower အပြင် စကားပြောဝါကျများမှာ to bathe, to have a bathe, to go for a bathe, to go bathing စတဲ့ ပုံစံများ နဲ့ သုံးနိုင်သလို ရေကူးတယ် ဆိုရင်တော့ to go for a swim, to go swimming စတဲ့ ပုံစံများကိုလည်း သုံးနိုင်ပါတယ်။
Ask a question
- John made me several questions. လို့ မသုံးဘဲ
- John asked me several questions. √
ဂျွန်က ကျွန်တော့်ကို မေးခွန်းများစွာ မေးခဲ့တယ်။
Take an hour
- I’ll need an hour to do that. လို့မပြောဘဲ
- I’ll take me an hour to do that. √
ဒီကိစ္စလုပ်ဖို့ ကျွန်တော် တစ်နာရီလောက်တော့ ကြာလိမ့်မယ်။
• မြန်မာလို တစ်နာရီလောက်ကြာမယ်၊ တစ်နာရီလောက် လိုမယ် ဆိုတော့ need တို့ last တို့ နဲ့ မှားတတ်ပါတယ်၊ ကြာချိန်ကို သုံးတဲ့အခါ take နဲ့ပဲသုံးပါတယ်။ အတိအကျပြောရရင် Subj + take + Obj + duration time + to + V ပုံစံ နဲ့ သုံးပါတယ် … Verb ကိုတော့ Tense အလိုက် ပြောင်းလဲ သုံး နိုင်ပါတယ်။ မေးခွန်းဝါကျနဲ့ အငြင်းဝါကျများမှာလဲ ဖော်ပြပါ ပုံစံကို Tense အလိုက် လိုအပ်သလို ပြောင်းလဲကာ သုံးနိုင်ပါတယ်။
Give a discount
- He made me a small discount. လို့ မသုံးဘဲ
- He gave me a small discount. √
သူက ကျွန်တော့်ကို နည်းနည်း လျော့ပေးတယ်။
Take exercise
- You ought to make more exercise. လို့ မသုံးဘဲ
- You ought to take more exercise. √
မင်း လေ့ကျင့်ခန်းတွေ ပိုပြီး လုပ်သင့်တယ်။
လေ့ကျင့်ခန်း လုပ်တာကို take သို့မဟုတ် do နဲ့လည်း သုံးနိုင်ပါတယ်။
Give or deliver a lecture
- He made an interesting lecture. လို့ မသုံးဘဲ
- He gave an interesting lecture. √ Or
- He delivered an interesting lacture.
သူက စိတ်ဝင်စားဖို့ ကောင်းတဲ့ သင်ခန်းစာ ပို့ချပေးခဲ့တယ်။
• Make က lecture နဲ့ တွဲမသုံးပေမယ့် speech ကိုတော့ make နဲ့ တွဲသုံးနိုင်ပါတယ်။ ဥပမာ - He made an interesting speech.
Say one’s prayers
- I make my prayer before I go to bed. လို့ မသုံးဘဲ
- I say my prayer before I go to bed. √
အိပ်ရာဝင်မဝင်ခင် ကျွန်တော် ဆုတောင်းတယ်။
Pretend, not make oneself that
- She makes herself that she knows. လို့ မသုံးဘဲ
- She pretends herself that she knows. √
သူ(မ) က သိချင်ယောင် ဆောင်တယ် (သိသလို အယောင်ဆောင်တယ်)
Have a dream
- I saw a strange dream last night. လို့ မသုံးဘဲ
- I had a strange dream last night. √ Or
- I dreamt a strange dream last night.
မနေ့ညက ကျွန်တော် ထူးဆန်းတဲ့ အိပ်မက်တစ်ခု မက်ခဲ့တယ်။
အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ မှန်မှန်ကန်ကန် အသုံးပြုနိုင်ကြပါစေ ……
အောင်ကိုဦး(UMK)
Be the Best !
No comments:
Post a Comment