Saturday, April 23, 2016

ဖေ့စ်ဘွတ်ရောဂါ စွဲကပ်နေပြီလား

ဖေ့စ်ဘွတ်ရောဂါ စွဲကပ်နေပြီလား

ဖေ့စ်ဘွတ်ဟာ ၂၀၀၃ခုနှစ် အောက်တိုဘာ ၂၈ရက်နေ့မှာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ မာ့ခ်ဇူကာဘာ့ခ်ျ ဦးဆောင်တဲ့ ဟားဘတ်တက္ကသိုလ် ကျောင်းသားလူငယ်တစုကဖန်တီးပြီး ပေါ်ပေါက်စကတည်းက ဒီနေ့ချိန်ထိ သုံးစွဲသူဦးရေဟာ လျှော့နည်းမသွားပဲ တစထက်တစ ပိုမိုများပြားလာခဲ့တယ်။ ၂၀၀၉ခုနှစ် စာရင်းဇယားတွေအရ လူတယောက်ဟာ နေ့စဉ် ၅နာရီခွဲနီးပါး ပုံမှန်သုံးစွဲနေပါသတဲ့။ ဒါဟာ ၂၀၀၈ခုနှစ်ကထက် ၂ဆလောက်မြင့်တက်လာတဲ့သဘောပါ။ ဖေ့စ်ဘွတ်ရောဂါဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ မြှင့်တက်လာပါတယ်။ ဖေ့စ်ဘွတ် သုံးစွဲမှုဟာ ကောင်းတာ ရှိသလို မကောင်းတာလည်း မနည်းလှပါ။ ပညာရပ်ဆိုင်ရာ အချက်အလက် ဗဟုသုတရှာမှီးစရာ၊လေ့လာစရာအချက်တွေ များပေးမယ့် တခြားတဖက်မှာလည်း ဝါဒဖြန့်ချီရေး၊ ဆယ်ကျော်သက်လိင်ပိုင်း ခြိမ်းခြောက်မှု၊ တလွဲသုံးစွဲမှုတွေလည်း ရှိနေပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစထက်တစ မြှင့်တက်လာတဲ့ ဖေ့စ်ဘွတ်သုံးစွဲချိန်ကို လျှော့ချဖို့ အောက်ပါအချက်တွေ လိုက်နာသင့်ပါတယ်။

ဖေ့စ်ဘွတ်သုံးချိန် လျှော့ချနည်း

(၁) သူငယ်ချင်းတွေကို ရွေးချယ်ပါ။
(၂) application နဲ့ game တွေကို ကျော်သွားပါ။
(၃) အီးမေလ်နိုတီတွေရှိရင် ပိတ်ပစ်ပါ။
(၄) newfeed noti မှန်သမျှ အကုန်ပိတ်ပစ်ပါ။
(၅) chatting စကားပြောတာ လုံးဝမလုပ်ပါနဲ့။
(၆) တရက်ကို တကြိမ်သာ ဖေ့စ်ဘွတ်ထဲဝင်ပါ။
(၇) သုံးစွဲချိန်ကို မသုံးခင် ကြိုတင်ကန့်သတ်ပါ။
(၈) သုံးနေစဉ် ကြေငြာ site တွေထဲ ဝင်မကြည့်ပါနဲ့။
(၉) အများလက်ခံနိုင်တဲ့ သိက္ခာရှိရှိပုံတွေကိုသာ တင်ပါ။
(၁၀) ဖေ့စ်ဘွတ်ကြာရှည်စွာ သုံးစွဲသူအများစုဟာ စိတ်ကျရောဂါဖြစ်ပွားနိုင်ချေပိုများကြောင်း စစ်တမ်းတခုက ဆိုထားပါတယ်။ အဆိုပါအချက်ကို ခေါင်းထဲ အမြဲထည့်ထားခြင်းအားဖြင့် ဖေ့စ်ဘွတ်သုံးစွဲချိန် လျှော့တန်ကောင်းရဲ့....

ဒေါက်တာ အေးမင်းထူး
၂၉.၃.၁၆

>>> ၂နာရီနဲ့ အထက်သုံးစွဲသူများဟာ ဖေ့စ်ဘွတ်စွဲလန်းသူများ ဖြစ်ကြပါတယ်၊ဒါဆို သင်ကော ဖေ့စ်ဘွတ် စွဲလမ်းသူတယောက် ဖြစ်နေပြီလားးးးးး

No comments:

Post a Comment