Sunday, April 10, 2016

NLD အစိုးရ၏ ၇ရက်စာ မှတ်တမ်း

ဒါ ၇ ရက်ပဲရှိသေးတယ်

NLD အစိုးရ၏ ၇ရက်စာ မှတ်တမ်း
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ဗိုလ်ချုပ်ပုံတွေ ရုံးခန်းတွေမှာ နေရာယူပြီ။

ရန်ကုန်တိုင်းဝန်ကြီးချုပ်က
စီးပွားရေးမဏ္ဍပ်များတွေပိတ်ပြီး
သရုပ်ပျက်ယဉ်ကျေးမှုတွေတားဆီးလိုက်ပြီ။

မန္တလေးနန်းတွင်း တောင်ဘက်မင်္ဂလာတံခါး
နှစ် ၄၀ ကျော် ပိတ်ထားရာက
လွတ်လပ်စွာဝင်ထွက်ခွင့်ပြန်ရပြီ။

ဆောက်လုပ်ရေး တံတား ၁၆၅ ဂိတ်
လမ်းတံတားကြေး ကင်းလွတ်ခွင့်ရပြီ။

သမ္မတကြီးဆီ
ကုလအတွင်းရေးမှုးနဲ့ အမေရိကန်သမ္မတ
ဖုန်းဆက်ပြီးဂုဏ်ပြုစကားပြောပြီ။

ဥပဒေကျူးလွန်တဲ့ ရဟန်းသံဃာတွေကို
အရပ်ဖက်ဥပဒေနဲ့ အရေးယူပြီး
သာသနာရဲ့ဂုဏ်ပုဒ်ကို ပြန်မြှင့်ဖို့
သာသနာရေးဝန်ကြီးက ဆရာတော်ကြီးတွေဆီလျှောက်ထားပြီ။

ဂျပန်ဝန်ကြီးချုပ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ
မြန်မာနိုင်ငံ လာဖို့ပြောပြီ။

ပြန်ကြားရေးဝန်ကြီးက နိုင်ငံပိုင်မီဒီယာတွေကို အစိုးရဲ့ ချို့ယွင်းချက်၊လစ်ဟင်းမှုသတင်းတွေရေးဖို့ တိုက်တွန်းပြီ။

နိုင်ငံပိုင်သတင်းစာတွေ ရောင်းအားစောင်ရေ ၁သိန်းကျော် တက်လာပြီ။

ယဉ်မတော်တဆဖြစ်တဲ့သူတွေကို
ကူညီရင် အမှုမပတ်ဖို့ ဥပဒေထွက်လာပြီ။

နိုင်ငံတော်အတိုင်ပင်ခံဥပဒေ အတည်ပြုနိုင်ပြီ။

ကနေဒါက ဒေါ်လာ၄၄သန်း ကူညီပြီ။

သမ္မတကြီးက ကနေဒါနိုင်ငံခြားရေးဝန်ကြီးကို နှစ်၂၀ကျော်ရပ်နားထားတဲ့ ပညာသင်ဆုတွေပြန်ပေးဖို့ပြောပြီ။

တရုတ်နဲ့တွေ့ပြီးပြီ။

ဒေါ်အောင်ဆန်းစုကြည်
ပညာသင်ဆု စပေးပြီ။

မျှဝေခြင်းအစီအစဉ် စတင်နေပြီ။

နိုင်ငံရေးအကျဉ်းသားတွေ
လွတ်အောင်လုပ်ပေးဖို့
ကြေငြာချက်ထုတ်ပြီးပြီ။

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ
လေ့လာဆန်းစစ်သုံးသပ်ရေး
ကော်မတီ မှာ ဦးဝင်းထိန်ကို ထည့်လိုက်ပြီ။

ဝန်ထမ်းတွေ
လာဘ်မစားဖို့ ကြော်ငြာချက်ထုတ်လိုက်ပြီ။

ဂျပန်က အကြွေးတွေလျှော်လိုက်ပြီ။

လမကုန်ခင် စင်္ကာပူ ကို ဗီဇာမလိုဘဲ
သွားလို့ရပြီ။

မြန်မာကျပ်ငွေတန်ဖိုး တဖြည်းဖြည်း တက်လာပြီ။

ဘဏ္ဍာရေးကော်မရှင်ဖွဲ့ပြီးပြီ။

တရုတ်က အလည်လာဖို့ ဖိတ်သွားပြီ။

ကဲ ဘယ်လိုလဲ။
:-) :-) :-) :-) :-)

Credit to original post owner

No comments:

Post a Comment