သောက်သောက်လဲ ၀က်ဝက်ကွဲ ပေါက်တဲ့ "တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်"
========================
မော်ကွန်းမဂ္ဂဇင်းမှာ လစဉ်ဖော်ပြခဲ့တဲ့ ဆရာတော်ဦးဝီရသူအကြောင်းရေးသားထားတဲ့ စာအုပ်ပါ။ ရေးသားသူက ကျော်ဇေယျာထွန်း ဆိုတဲ့ မီဒီယာသမားတစ်ယောက်ပါ။
ဆရာတော်ဦးဝီရသူ ကို ကြည်ညိုသူမဟုတ်တဲ့အပြင် သတင်းတုတွေ ပုတ်ခတ်စွတ်စွဲမှုတွေကို အဟုတ်ထင် အမှန်ထင်ပြီး ဆရာတော်ဦးဝီရသူကို "အမြင်မကြည်လင်" တဲ့သူတစ်ယောက်ပါ။
ဆရာတော်ကိုထောက်ခံအားပေသူတစ်ဦးကရေးသားထားဖြစ်လို့ ဆရာတော်ဘုန်းတော်ဖွဲ့တွေကိုရေးသားထားတာမဟုတ်ပါဘူး။ ဒါပေမယ့် မီဒီယာသမားကောင်းတစ်ယောက်ပီသစွာ ဘက်လိုက်မှုကင်းကင်းနဲ့ ရေးသားထားတာကိုတွေ့ရပါတယ်။ ဆရာတော်ကို ကိုယ်တိုင်လေ့လာခွင့်ရပြီးနောက်ပိုင်းမှာ အမှားအမှန် ခွဲခြားသိမြင်လာပြီး အမြင်ရှင်းလာပုံရပါတယ်။
ဆရာတော်ဦးဝီရသူ ကိုချစ်သူကော မုန်းသူကော အထူးသဖြင့် အပြစ်မြင် မကောင်းထင်နေတဲ့သူတွေအနေနဲ့ မ နဖြစ်မနေဖတ်ပေးဖို့တိုက်တွန်းချင်ပါတယ်။ ဆရာတော်ရဲ့ နိုင်ငံနဲ့ လူမျိုးအပေါ်ထားတဲ့ စိတ်ထားအမှန်နဲ့ စေတနာကို အတိုင်းအတာတစ်ခုအထိ လေ့လာသုံးသတ်ခွင့်ရနိုင်တဲ့စာအုပ်ကောင်းလေးပါ။
စာအုပ်ထွက်ကတည်းက လက်မလည်အောင်ရောင်းရတဲ့ Best Seller ၀င်စာအုပ်ပါ။ စာရေးဆရာ ကျော်ဇေယျာထွန်း ကမူပိုင်ထုတ်တာမို့ ကာယကံရှင် ဦးဝီရသူမှာ လက်ဆောင်တစ်အုပ်ပဲရတယ်လို့ဆိုပါတယ်။
ဒီ "တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်" စာအုပ်ကို ရန်ကုန်က စာအုပ်ဆိုင်ကြီး ၃-၄ ဆိုင်မှာ ကြိုးစားပြီးဝယ်ပေမယ့် တင်သမျှစာအုပ် အားလုံးရောင်းရလို့ တအုပ်မှ ၀ယ်မရခဲ့ပါဘူး။ ပြန့်ချီရေးကို စုံစမ်းကြည့်တော့လည်း ရိုက်ထားသမျှ လက်ကျန်မရှိအောင်ကုန်သွားလို့ သင်္ကြန်ပြီးမှ ထပ်ရိုက်နိုင်တော့မှာလို့ဆိုပါတယ်။
ရန်ကုန်မှာ ၀ယ်မရတဲ့ ဒီစာအုပ်ဟာ ဓမ္မခရီးစဉ်ကြွရင်း အောင်ပန်းမြို့ က အရိန္ဒမ မစိုးရိမ်ကျောင်းရောက်မှပဲ ၀ယ်ခွင့်ကြုံပါတော့တယ်။ ၀ယ်ချက်သလောက်ဝယ်ခွင့်ရတာတော့မဟုတ်ပါဘူး။ အုပ်ရေ ၃၀- လောက် ၀ယ်ချင်ပေမယ့် မှာသူများနေလို့ ၄- အုပ်ပဲဝယ်လို့ရပါတယ်။
ဒီ" တစ်ကမ္ဘာလုံး နဲ့တစ်ယောက်" စာအုပ်ဟာ ဆရာတော်ကို အမြင်မကြည်တဲ့ မီဒီယာသမားတစ်ယောက်ရဲ့ မီဒီယာပီပီ ဘက်လိုက်မှု မပါဘဲရေးသားထားတာဖြစ်လို့ ဆရာတော်ကို အကြောင်းမသိဘဲ သူများစကားနဲ့ လမ်းဆုံးပြီး စော်ကားပြစ်မှားနေသူတွေ မဖြစ်မနေဖတ်ကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။ အကျိုးမယုတ်ဘူးဆိုတာ ရဲဝံ့စွာ အာမခံပါတယ်။
No comments:
Post a Comment