Sunday, April 10, 2016

အီဂျစ်တွင် ဖခင်မှ သမီးကို ကိုးလကြာ

အီဂျစ်တွင် ဖခင်မှ သမီးကို ကိုးလကြာ မုဒိမ်းကျင့်နေခဲ့ပြီးနောက် သမီးဖြစ်သူ ကိုယ်ဝန်ရှိ

အသက် ၁၅ နှစ် အရွယ် အီဂျစ်လူမျိုး ဆယ်ကျော်သက်တစ်ဦးမှ သူမ၏ ဖခင်သည် သူမအား ကိုးလကျော်ကြာ မုဒိမ်းကျင့်ခဲ့ပြီး ယခုအခါ သူမ၌ ဖခင်နှင့်ရသောကိုယ်ဝန်ရှိနေပြီဟု စွပ်စွဲခဲ့သည်ဟု အီဂျစ်မီဒီယာများ၌ ရေးသားဖော်ပြကြသည်။

ဒုတိယအဆင့် ပထမတန်း၌ ပညာသင်ကြားနေသော မိန်းကလေးသည် နာမည်ကျော် ရုပ်သံအစီအစဉ်တစ်ခုဖြစ်သော အယ်လ်ဟာယတ်ရုပ်သံ၏ မာဆာ အယ်လ်ဂျာဒီဒါ၌ ပါရှိလာခဲ့ပြီး သူမကြုံတွေ့ခံစားခဲ့ရသော မုဒိမ်းကျင့်ခံရမှု၊ လိင်အလွဲသုံးစားအလုပ်ခံရမှုများကို အသေးစိပ်ဖွင့်ချခဲ့သည်။

သူမ၏ ဦးလေးဖြစ်သူကို ထိုအကြောင်းပြောပြခဲ့သော်လည်း ၎င်းမှ မယုံကြည်ခဲ့ကြောင်းလည်း ပြောပြခဲ့သည်။

နောက်ပိုင်း၌ ဦးလေးဖြစ်သူမှ သူမ၏ဖခင်ထံသွား၍ ၎င်းကိစ္စအား ထိပ်တိုက်ဖြေရှင်းခဲ့ရာ သူမ၏ ဖခင်မှ ငြင်းဆိုခဲ့ပြီး အိမ်ပြန်ရောက်သောအခါတွင်မူ သူမအား ပိုမို၍ မုဒိမ်းကျင့်ကာ ထိုသို့ ဖွင့်ဟခဲ့ခြင်းအတွက် ခြိမ်းခြောက်ခဲ့ကြောင်းလည်း ပြောပြခဲ့သည်။

သူမ၏ ဖခင်သည် သူမအား နေ့စဉ်ပြုကျင့်ခဲ့ပြီး ထိုသို့ပြရခြင်းမှာ ၎င်း၏မိန်းမ၊ မိန်းကလေး၏မိခင်မှ ၎င်းအား အိမ်ထောင်မှုများကို ခွင့်မပြုတော့သောကြောင့်ဖြစ်သည်ဟု အကြောင်းပြခဲ့ကြောင်းလည်း မိန်းကလေးမှ ပြောကြားခဲ့သည်။

မိန်းကလေးမှ သူမအနေဖြင့် မိမိကိုယ်ကို သတ်သေလုနီးပါးဖြစ်ခဲ့သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

"ကျွန်မအမေက ဖုန်းထဲမှာ ကျွန်မအဖေနဲ့ ဖြစ်ပျက်ခဲ့တာ ဝန်ခံ၊ ကိုယ်ဝန်တောင်ရှိနေပြီဆိုတာ ပြောပြလိုက်တော့ အတော်ကြီးစိတ်ထိခိုက်သွားတယ်" ဟု မိန်းကလေးမှ ပြောကြားခဲ့သည်။

မိန်းကလေးနှင့် သူမ၏မိခင်တို့မှ မိန်းကလေး၏ဖခင်ကို အမှုဖွင့်တိုင်ကြားထားပြီး ရဲမှ ၎င်းကို ၁၅ ရက်ကြာချုပ်ထားကာ မိန်းကလေး၏ကိုယ်ဝန်အား စစ်ဆေးချက်အဖြေကို စောင့်ဆိုင်းလျက်ရှိသည်။

၎င်းမှ အစပိုင်း၌ အပြစ်မရှိဟု ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်း၌ အမှန်ကို ဝန်ခံခဲ့ပြီး ၎င်း၏မိန်းမထံမှ လိင်မှုသုခများကို မရရှိသည့်အတွက် သမီးဖြစ်သူထံမှ အစားထိုးရယူခဲ့သည်ဟု ဖြောင့်ချက်ပေးခဲ့သည်။

သူမယောက်ျား၏ ဖြစ်ပျက်စုံအား ကြားသိရပြီးနောက် မိန်းကလေး၏ မိခင်မှ ၎င်းထံမှ ကွာရှင်းခွင့် တောင်းခံထားသည်။

http://www.emirates247.com/crime/world/daughter-raped-by-father-falls-pregnant-2014-11-20-1.570746

No comments:

Post a Comment