Sunday, April 10, 2016

လိင်ကျွန်များကို မုဒိမ်းပြုကျင့်နိုင်ကြောင်း လမ်းညွှန်ချက်များ အိုင်ဆစ်ထုတ်ပြန်

လိင်ကျွန်များကို မုဒိမ်းပြုကျင့်နိုင်ကြောင်း လမ်းညွှန်ချက်များ အိုင်ဆစ်ထုတ်ပြန်

ဗုဒ္ဓဟူး၊ ဒီဇင်ဘာ ၁၀၊ ၂၀၁၄

တစ်ကမ္ဘာလုံးမှ လူ့အခွင့်အရေးနေ့ကို ဆင်နွှဲရမည့်အချိန်တွင် တကယ်တမ်း မီဒီယာများ၌ လူပျံနေသည်က အစ္စလမ္မစ် စစ်သွေးကြွအုပ်စု အိုင်ဆစ်မှ ထုတ်ပြန်လိုက်သော အမျိုးသမီးလိင်ကျွန်များကို မည်သို့မည်ပုံ ဆက်ဆံရမည်ကို လမ်းညွှန်ထားသော နည်းဥပဒေများအကြောင်း။

၎င်းလမ်းညွှန်ချက်များကို အမေးအဖြေပုံစံဖြင့် ပမ်းဖလတ်ပေါ်၌ ရိုက်နှိပ်ထားပြီး အိုင်ဆစ် သုတေသန နှင့် ဖတွာ ဌာနမှ ထုတ်ဝေခြင်းဖြစ်သည်။

ဖော်ပြပါ နည်းဥပဒေများ၌ အိုင်ဆစ်အဖွဲ့ဝင်များသည် ယာဇီဒီ အမျိုးသမီးများ နှင့် မိန်းကလေးများ အပါအဝင် မူဆလင်မဟုတ်သူများကို လူကုန်ကူးခြင်း၊ ရိုက်နှက်ခြင်း၊ ကာမမှုပြုခြင်း အခွင့်ရှိသည် ဟူ၏။

အိုင်ဆစ်၏ ယာဇီဒီလူနည်းစုများအပေါ် မတရားသဖြင့်အနိုင်ကျင့်မှုများကို ပြည်သူ့များမှ မကျေနပ်မှုအသံများညံလာချိန်တွင် ယင်းအသံများကို တုံ့ပြန်သည့်အနေဖြင့် အိုင်ဆစ်မှ ယခုပမ်းဖလတ်ကို ထုတ်ဝေခြင်း ဖြစ်ရာသည်ဟု ၎င်းပမ်းဖလတ်ကို ဘာသာပြန်ဆိုပေးသည့် အရှေ့အလယ်ပိုင်း သုတေသန တက္ကသိုလ် (MEMRI) က ဆိုသည်။

၎င်းပမ်း"ဖလတ်ကို "Su'al wa-Jawab fi al-Sabi wa-Riqab ဟု အမည်ပေးထားပြီး အဓိပ္ပါယ်မှာ "သုံ့ပန်းများနှင့် ကျွန်များအား ပြုမူခြင်းဆိုင်ရာ မေးခွန်းများ နှင့် အဖြေများ" ဟူ၍ ဖြစ်ပြီး အမျိုးသမီးများအား အဆုံးအဖြတ်ပြုရာ၌ မူဆလင်ဖြစ်သည်/မဖြစ်သည်ကို အခြေပြုထားသည်။

"အဖမ်းဆီးခံထားရပြီး အစ္စလာမ်နယ်မြေအတွင်းသို့ လိုက်ပါလာရသော ကာဖိရ်အမျိုးသမီးတစ်ဦးကို ကျွန်ုပ်တို့ ကြိုက်သလိုပြုခွင့်ရှိသည်။"

ပမ်းဖလတ်၌ ဆက်လက်ဖော်ပြထားသည်မှာ "သူမသည် အပျိုစင်ဖြစ်လျှင် (သူမ၏ သခင်မှ) သူမပိုင် ပစ္စည်းဥစ္စာများကို ချက်ချင်းသိမ်းယူပြီး သူမကို လိင်ဆက်ဆံခွင့်ရှိသည်။ အကယ်၍ သူမသည် အပျိုစင်မဟုတ်ခဲ့ပါမူ သူမ၏ သားအိမ်ကို သန့်စင်ရမည်။"
ပမ်းဖလတ်ထဲ၌ အမျိုးသမီးကျွန်တစ်ဦးကို မည်သို့မည်ပုံ ရိုက်နှက်နိုင်ကြောင်းကိုလည်း အသေးစိပ် ဖော်ပြထားသည်။

"အမျိုးသမီးကျွန်များကို စည်ကမ်းပိုင်းဆိုင်ရာ ဆုံးမမှုအနေဖြင့် ရိုက်နှက်ရန် ခွင့်ပြုသည်။"

http://english.alarabiya.net/en/perspective/features/2014/12/10/ISIS-sex-slaves-guide-mars-international-Human-Rights-Day.html

No comments:

Post a Comment