Sunday, April 10, 2016

စစ်သား မယား

စစ်သား မယား
------
တိုက်ပွဲ အပြန်မှာ
မောင် ပြန်ပါလာပါ့မလားလို့
စောင့်ရတဲ့ အပူ…

လူမမယ် ကလေး
အဖေ့မေးတတ်ရင်
အသက်ထင်ထင်
ပြပါ့ရစေ ဆုတောင်းရတဲ့ သူ…

စစ်သားမယား
ထိပ်ထားဖုရားလို ခြွေရံမရှိ
မောင် ပြန်လာရင်ကြည့်ဖို့
အပြုံးတစ်ပွင့်သာ ဆင်မြန်းထားပါဘိ…

အာဏာရှင်ဇနီးတွေလို
ထိပ်ဖူးမှာလဲ စိန်မတင်နိုင်ပါ…

ခွဲခြားမြင်ပါရှင့်
တိုင်းပြည်အတွက် အသက်ပေးသစ္စာပြုလို့ အသက်မွေးသူကျမလင်လေ…

ရက်၃၀စာအိတ် ဖွင့်လေကြည့်တိုင်း
ပိတ်နေတဲ့ နားပေါက်လေး
တစ်ကျော့ပြန်ဖောက်ထွန်းဖို့
အားနာမိတယ်လေး…။

---
-မှတ်စုကြမ်း
#zeroneo

No comments:

Post a Comment